ဖက်ရှင်မှာ သူများတကာထက်ထူးခြားအောင် စတိုင်ထုတ်တတ်သူတွေဖြစ်တဲ့ Michelle Obama, Lady Gaga တို့ကြားထဲ ထင်ပေါ်အောင်ဝတ်စားဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ အရောင်တစ်ရောင်တည်း ဒါမှမဟုတ် အဖြူအနက်ပဲဝတ်ဆင်တာများတဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာတော့ ဒုသမ္မတ Kamala Harris ရဲ့လင်ပါသမီးဖြစ်သူ Ella Emhoff ရဲ့ဝတ်စားပုံဟာ ဖက်ရှင်ကျပြီး အားလုံးထဲမှာထင်းနေတယ်ဆိုတဲ့အကြောင်း CNN အရ သိရပါတယ်။
View this post on Instagram
Emhoff ရဲ့အဝတ်အစားနဲ့ သူမရဲ့အသွင်အပြင်ဟာ ချက်ချင်းပဲ ဆိုရှယ်မီဒီယာပေါ်မှာ ကျော်ကြားသွားခဲ့တာပါ။ လူတွေကတော့ အခုမှ ငုံဖူးစအနုပညာရှင် ဒီဇိုင်းကျောင်းသူလေးဟာ နောက်(၄)နှစ်တာကာလမှာ အိမ်ဖြူတော်အတွက် ဘာတွေများစွမ်းဆောင်ပေးဦးမလဲဆိုပြီး စိတ်လှုပ်ရှားနေကြပါတယ်။
မျက်မှန်အဝိုင်းတတ်ထားတဲ့ Emhoff ရဲ့ ခါးနားမှာသိမ်ချုပ်ထားပြီး အိတ်သဏ္ဍာန်ပါရှိတဲ့ ဂျက်ကတ်အကွက်၊ အဖြူရောင်ကော်လာဒီဇိုင်းနဲ့ ပခုံးနားက တစ်လက်လက်တောက်ပနေတဲ့ အဆင်အယင်တွေက ကြည့်ရှုသူတွေကို တစ်မျိုးတစ်ဖုံဆွဲဆောင်နေခဲ့တာပါ။ Emhoff ဟာ အခမ်းအနားပွဲမှာတော့ အစ်ကိုဖြစ်သူ Cole Emhoff နဲ့အတူလမ်းလျှောက်လာတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
first daughter of bushwick and second daughter of the country, ella emhoff, arrives pic.twitter.com/CO3laQXkY9
— Ben Kesslen (@benkesslen) January 20, 2021
i have to stan ella emhoff, style icon pic.twitter.com/kknwBqfHfX
— gabe bergado (@gabebergado) January 20, 2021
ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် အဝတ်အစားရွေးချယ်တာနဲ့ပတ်သက်ပြီး Emhoff က သူမအနေနဲ့ ဒီဝတ်စုံကိုရွေးချယ်ရတဲ့အကြောင်းရင်းက သူမနဲ့သူမမိသားစုဝန်းကျင်မှာရှိတဲ့ဖက်ရှင်ရွေးချယ်မှုတွေကို သိစေလိုတာကြောင့်လို့ ဆိုပါတယ်။ တကယ်တော့ သူမဟာ ကလေးဆန်တဲ့ ကော်လာအဝိုင်းတွေ၊ လက်ဖောင်းတာတွေနဲ့ ကြယ်သီးသေးသေးလေးတွေကို နှစ်သက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း သူမရဲ့မိန်းကလေးဆန်တဲ့အသွင်အပြင်ကိုပြဖို့ရယ်နဲ့ အခုလို အရေးကြီးတဲ့အခမ်းအနားပွဲမျိုးကို တက်ရမှာဖြစ်တဲ့အတွက် အဝတ်အစားကိုပိုလေးနက်အောင် ပြင်ဆင်ခဲ့တာပါလို့လည်း Emhoff က ပြောပြခဲ့ပါသေးတယ်။ သူမဟာ Kamala Harris ရဲ့ခင်ပွန်းသည် Doug Emhoff ရဲ့သမီးဖြစ်ပြီး သူမရဲ့အင်စတာဂရမ်မှာတော့ အရောင်စုံသိုးမွှေးထည်တွေနဲ့အတူ ထူးခြားတဲ့ဖက်ရှင်စတိုင်တွေကို တွေ့ရမှာဖြစ်ပါတယ်။
View this post on Instagram
View this post on Instagram
ShweMom