လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေနဲ့ ပတ်သတ်ပြီး ဝန်ထမ်းတွေကို တောင်းပန်လိုက်တဲ့ Ellen

Instagram/EllenDegeneres

Ellen DeGeneres ရဲ့  “The Ellen DeGeneres Show” ဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး ရှိုးတစ်ခုဖြစ်ပြီး သန်းနဲ့ ချီတဲ့ အားပေးသူတွေလည်း ရရှိထားပါတယ်။ အခုတစ်ကြိမ်မှာတော့  “The Ellen DeGeneres Show” ဟာ ပြဿနတွေနဲ့ ရင်ဆိုင်နေရပါတယ်။  “The Ellen DeGeneres Show”ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ဝန်ထမ်းဟောင်းတွေက လက်မခံနိုင်စရာလိင်မှုကိစ္စအပြုအမူတွေ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ တစ်ကမ္ဘာလုံးက လူတွေစောင့်ကြည့်နေတဲ့ အဲဒီ Ellen ရှိုးဟာ ဒီလို သတင်းပေါက်ကြားလာချိန်မှာတော့ လူတွေအကုန်လုံးက စိတ်ဝင်စားလာခဲ့ကြပါတယ်။

 

 

View this post on Instagram

 

We must do more. @sir_twitch_alot

A post shared by Ellen DeGeneres (@theellenshow) on

ဒီလို မတရားမှုတွေ ရှိခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ဝန်ထမ်းတွေက တစ်ယောက်တည်းမဟုတ်ဘဲ ဝန်ထမ်းဟောင်းများစွာက နာမည်မဖော်ထုတ်ဘဲ ပြောခဲ့ကြတာပါ။ Ellen ရှိုးရဲ့ executive producer ဖြစ်သူ Kevin Leman ဟာ ဒီကိစ္စအတွက် အဓိက တရားခံဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ ကုမ္ပဏီပါတီပွဲတစ်ခုမှာ အခုလို လက်သင့်မခံနိုင်စရာ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Kevin Leman ဟာ  ကုမ္ပဏီဝန်ထမ်း မိန်းကေလေးတော်တော်များများအတွက် အနှောင့်အယှက်တစ်ခုဖြစ်နေပြီး သူ နှောင့်ယှက်ခဲ့တဲ့ လူတွေထဲမှာ မိန်းကလေးငယ်ငယ်လေးတွေအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စဟာ Hot ဖြစ်လာတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် CNN သတင်းဌာနက လက်ရှိအလုပ်လုပ်နေတဲ့ Ellen DeGeneres  ရဲ့ ဝန်ထမ်းတွေကို မေးမြန်းကြည့်ရမှာတော့ သတင်းတွေထဲကအတိုင်း လုံးဝမှန်ကန်နေတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒီကိစ္စတွေ ဟိုးလေးတစ်ကျော်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ  Ellen DeGeneres ဟာ သူ့ရဲ့ ဝန်ထမ်းတွေ အားလုံးဆီကို အီးမေးလ်ပို့ပြီးတောင်းပန်ခဲ့ပါတယ်။

စာထဲမှာတော့ ဒီလိုသတင်းတွေထဲက ဖြစ်ရပ်က လုံးဝကို စိတ်ပျက်စရာကောင်းကြောင်း –  ဒီလိုကိစ္စတွေအတွက် တောင်းပန်ကြောင်း – စုံစမ်းစစ်ဆေးရေးတွေကို ချက်ချင်းပဲလုပ်သွားမယ့်အကြောင်းတွေကို ရေးသားထားပါတယ်။

READ
ရန်ဖြစ်ပြီးနောက် သူငယ်ချင်းရဲ့လက်ထဲ စနက်တံဖြုတ်ထားတဲ့ လက်ပစ်ဗုံးကိုင်ခိုင်းခဲ့တဲ့ဖြစ်ရပ်

“Ellen DeGeneres Show ဆိုတာ ပျော်စရာတွေရှိတဲ့ နေရာတစ်နေရာ ဖြစ်ရမယ်လို့ ကျွန်မ လူတိုင်းကို အမြဲပြောပါတယ်။ ဒီက ဝန်ထမ်းတွေထဲမှာ ဘယ်သူမှ အခုလို အပြုအမူမျိုး လုပ်ခွင့်မရှိပါဘူး။ ဝန်ထမ်းတိုင်းက တစ်ယောက်နဲ့တစ်ယောက် လေးစားသမှုနဲ့ အချင်းချင်းဆက်ဆံကြမှာပါ။ ဒီ အမှုကို ကြားရတာ အင်မတန်စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။  ဒီလိုကိစ္စတွေဖြစ်သွားတဲ့အတွက်လည်း ကျွန်မ  တောင်းပန်ပါတယ်။  အခုဖြစ်ပျက်နေတာတွေနဲ့  ကျွန်မရဲ့ ယုံကြည်မှုဟာ အကုန် ပြောင်းပြန်ပဲဆိုတာ ကျွန်မနဲ့ ရင်းနှီးတဲ့လူတိုင်းသိကြပါတယ်။”

DeGeneres ဟာ စုံစမ်းစစ်ဆေးရေးတွေကို စီးရီးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ဆက်လုပ်သွားဖို့ အတည်ပြုပြော ကြားခဲ့ပါတယ်။

“ဒီကိစ္စကို Warner Bros, ကုမ္ပဏီနဲ့ ကျွန်မတို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်းပဲ ပြုလုပ်သွားပါ့မယ်။ ပြီးတော့ ဒီအမှုကိုအဖြေမှန်ပေါ်စေဖို့အတွက် ကျွန်မတို့ အတူတကွဆက်လုပ်သွားပါ့မယ်”လို့  Ellen DeGeneres  က ပြောခဲ့ပါတယ်။

Ye Yint Kyaw

SHARE