သားဖြစ်သူကို ကမ္ဘာမှာ ဘယ်သူမှမပေးဖူးတဲ့ နာမည်အဆန်းကြီး ပေးခဲ့တဲ့ Elon Musk

[email protected]

The Space X နဲ့ Telsa ကားကုမ္ပဏီတို့ရဲ့ CEO ဖြစ်သူ Elon Musk ကိုတော့ တော်တော်များများသိကြမှာပါ။ နည်းပညာသူဌေးတစ်ယောက်ဖြစ်တဲ့ Elon Musk နဲ့ သူ့ချစ်သူဖြစ်တဲ့ ကနေဒါအဆိုတော် Grimes တို့ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့(၄.၅.၂၀၂၀)တုန်းက သားကလေးတစ်ယောက် ဖွားမြင်ခဲ့ပါတယ်။ Elon Musk ကတော့ သားကလေးမွေးလို့ အပျော်ကြီးပျော်နေပြီး သားဖြစ်သူကိုလည်း ကမ္ဘာပေါ်မှာ နာမည်တူမရှိအောင် ဘယ်သူမှ မပေးဖူးတဲ့ နာမည်တစ်ခု ပေးခဲ့ကြောင်း Business Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B_0KFo4BMB4/

Elon Musk ဟာ သူ့သားနာမည်ကို X Æ A-12 Musk လို့ အမည်ပေးခဲ့ပါတယ်။ မြင်တဲ့အတိုင်းပါပဲ စာလုံးပေါင်းက တကယ်ခက်သလို ခေါ်ဖို့လည်း ခက်တဲ့ နာမည်တစ်ခုပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာတော့ ကလေးတစ်ယောက်မွေးလို့ နာမည်ပေးချင်တယ်ဆိုရင် နာမည်ကြီးဗေဒင်ဆရာတွေဆီ သွားမေးလေ့ရှိပါတယ်။ သူတို့ အနောက်တိုင်းမှာတော့ မိသားစုဝင်တွေကပဲ ကလေးကို နာမည်ပေးလေ့ရှိသလို နာမည်မှာလည်း များသောအားဖြင့် မိဘနာမည်တွေပါလေ့ရှိပါတယ်။ X Æ A-12 လို့ ပေးထားတဲ့နာမည်ကိုတော့ Elon Musk ရဲ့ အတူနေချစ်သူ၊ ကလေးရဲ့ မိခင် Grimes ကပဲ သူမရဲ့ Twitter အကောင့်ကနေ ရှင်းပြခဲ့ပါတယ်။

Grimes ရှင်းပြချက်အရဆိုရင်တော့ နာမည်ကို ခွဲလိုက်မယ်ဆိုရင်တော့ X ရယ်၊ Æ ရယ်၊ A-12 ရယ်ဆိုပြီး ၃ ခုရှိပါတယ်။ ပထမစာလုံးဖြစ်တဲ့ X ဆိုတာကတော့ သင်္ချာဂဏန်းတစ်ခုပါ။ ပြောချင်တာ X ဆိုတာ ပုံသေဂဏန်းမဟုတ်သလို ပုံသေအရာတစ်ခု မဟုတ်ပါဘူး။ အမျိုးမျိုးပြောင်းလဲနိုင်စွမ်းရှိတဲ့ အရာတစ်ခုကို ပြောချင်တာဖြစ်ပါတယ်။

READ
၂၀၃၀ခုနှစ်တွင် လက်ရှိနှုန်းထားထက် ကမ္ဘာ့လူဦးရေ (၁)ဘီလီယံ တိုးလာဖွယ်ရှိနေ
CIA
Wikimedia Commons

ဒုတိယစာလုံး Æ ကတော့ ရှေးဟောင်း အင်္ဂလိပ်စာနဲ့ လက်တင်ဘာသာက ဆင်းသက်လာတဲ့ စကားလုံးတစ်လုံးပါပဲ။ Grimes ရဲ့ နာမည်အရှည်ကောက်ထဲမှာပါတဲ့ Ai ဆိုတဲ့ စကားလုံးကို ယူသုံးထားတာ ဖြစ်ပါတယ်။ နောက်ဆုံးစာလုံးဖြစ်တဲ့ A-12 ဆိုတဲ့ စကားလုံးကတော့ တော်တော်ထူးဆန်းပါတယ်။ CIA က ခြေရာခံစပိုင်လေယာဉ်တစ်စင်းရဲ့ နာမည်အတိုကောက် ဖြစ်ပါတယ်။ SR- 17 လို့လည်းခေါ်ပါတယ်။ ဒါ့အပြင် SR-17 လေယာဉ်ဟာ Elon Musk ရဲ့ အကြိုက်ဆုံး လေယာဉ်ပျံတစ်စင်းဖြစ်တဲ့အတွက်ကြောင့် အခုလို သူ့သားရဲ့ နာမည်မှာ ထည့်သွင်းမှည့်ထားတာဖြစ်ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE