ဘီလျံနာမဖြစ်ခင်က တောင်အာဖရိကသား Elon Musk ဖြတ်သန်းလာခဲ့တဲ့ ဘဝအကြောင်း

instagram/elonmusk

အများစုကတော့ Elon Musk ဟာ တခြားသူတွေလိုပဲ အလုပ်ကြိုးစားလွန်းလို့ ဉာဏ်ကောင်းလွန်းလို့ ဘီလျံနာဖြစ်လာတယ်ဆိုပြီး တွေးကြပါလိမ့်မယ်။ တကယ်တော့ သူ့မှာလည်း အများသူငါတွေလို သမရိုးကျမဟုတ်တဲ့ ဘဝဖြတ်သန်းပုံရှိခဲ့တယ်ဆိုတာကို scmp ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

Musk ဟာ တောင်အာဖရိကရဲ့စစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေကို ရှောင်ချင်တဲ့အတွက် ကနေဒါကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ Musk ရဲ့ အဖေက တောင်အာဖရိကသား၊ အမေက ကနေဒါနိုင်ငံသူဖြစ်ပါတယ်။ Musk ဟာ coding ကို သူ့ဘာသာသူလေ့လာပြီး အသက်၁၂နှစ်မှာပဲ သူ့ရဲ့ကိုယ်ပိုင် ပထမဆုံး product ဖြစ်တဲ့ Blastar ဆိုတဲ့ ရိုးရှင်းတဲ့ သေနတ်ပစ်ဂိမ်းကို ထုတ်လုပ်ခဲ့ပါတယ်။ အသက် ၁၇နှစ်မှာတော့ Musk ဟာ မိသားစုနဲ့အတူ ကနေဒါနိုင်ငံသားအဖြစ် ခံယူဖို့ ကနေဒါကိုပြောင်းသွားခဲ့ပါတယ်။

ကနေဒါရောက်ပြီး ၂နှစ်အကြာမှာ Musk ဟာ အမေရိကန်မှာရှိတဲ့ University of Pennsylvania ကို ရွှေ့ပြောင်းခံရပါတယ်။ အဲ့ဒီမှာတော့ သူငယ်ချင်းဖြစ်သူ Adeo Ressi နဲ့ အတူ လူ၁၀ယောက်အိပ်နိုင်တဲ့ အိမ်တစ်လုံးငှားပြီး နိုက်ကလပ်အဖြစ်ပြောင်းလဲကာ ကလပ်ကိုလာတဲ့ဖောက်သည်တွေဆီက အိမ်ငှားခပြန်လည်ကောက်ယူခဲ့ပါတယ်။

READ
ကိုယ်အင်္ဂါမပြည့်စုံပေမယ့် သမာအာဇီဝကျကျ၊ ကျွမ်းကျင်မှုနှင့်တကွ ၀မ်းစာကြောင်းနေသူ

Musk ဟာ ဘွဲ့၂ဘွဲ့ရပြီးတဲ့နောက် ဒေါက်တာဘွဲ့ယူဖို့အတွက် Standford တက္ကသိုလ်ကို သွားခဲ့ပါတယ်။ ဒါပေမဲ့ ၂ရက်ပဲခံခဲ့ပါတယ်။ Standford တက္ကသိုလ်ရဲ့ ရူပဗေဒဆိုင်ရာ PhD ပရိုဂရမ်မှာ ၂ရက်ပဲသွားတက်ခဲ့ပြီး ကမ္ဘာကိုလွှမ်းမိုးနေတာ အင်တာနက်ကုမ္ပဏီတွေလို့ သူယုံကြည်လာတာကြောင့် တက္ကသိုလ်ကနေ ထွက်ခဲ့ပါတယ်။

Musk ဟာ အရင် စီးပွားရေးစလုပ်တုန်းက အခန်းမငှားနိုင်တဲ့အတွက် ရုံးခန်းဆိုဖာခုံမှာပဲ အိပ်ခဲ့ရသူဖြစ်ပါတယ်။ အခုထက်တိုင် Musk ဟာ Telsa စက်ရုံထဲမှာလည်း တစ်ခါတစ်လေ အိပ်တတ်ကြောင်း သိရပါတယ်။ Musk ဟာ သူအားလပ်ရက်အပန်းဖြေခရီးထွက်နေတုန်း PayPal ရဲ့ စီအီးအိုအဖြစ်က ဖြုတ်ချခံခဲ့ရတာပါ။ သူက PayPal က server တွေကိုပြောင်းဖို့ဆုံးဖြတ်ခဲ့ပေမယ့် ကျန်တဲ့ဘုတ်အဖွဲ့က သဘောမတူခဲ့ပါဘူး။ ဒါကြောင့် သြစတေးလျကို Musk ခရီးသွားနေတုန်း PayPay ဟာ သူ့ကို စီအီးအိုအဖြစ်ကနေဖြုတ်ချပြီး သူ့နေရာမှာ Peter Thiel ကို အစားထိုးခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ SpaceX နဲ့ Telsa ကိုစတင်ဖို့ ပိုပြီးစိတ်အားထက်သန်ခဲ့တယ်လို့ နောက်ပိုင်းမှာ Musk က ပြောပြခဲ့ပါတယ်။

ShweMom

SHARE