ပြပွဲစင်မြင့်ပေါ်မှာ ကခုန်ခဲ့တဲ့ Tesla ကားကုမ္ပဏီရဲ့ပိုင်ရှင် Elon Musk

YouTube/CNBC

စွန့်ဦးတီထွင်သူနဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့အပြင် Tesla ကားကုမ္ပဏီရဲ့ပိုင်ရှင်လည်းဖြစ်တဲ့ Elon Musk ဟာ တရုတ်နိုင်ငံမှာကျင်းပတဲ့ Tesla မော်တော် ယာဉ်ထုတ်လုပ်မှုပြပွဲရဲ့စင်ပေါ်မှာ စနောက်ကျီစယ်မှုတွေလုပ်ပြီး ကခုန်ခဲ့ပါတယ်။

Shangai မြို့အနီးရှိ Tesla ထုတ်လုပ်မှုစက်ရုံမှာကျင်းပခဲ့တဲ့ပွဲရဲ့စင်ပေါ်မှာ ဘီလျံနာသူဌေးတစ်ယောက် ‘Walk Like An Egyptian’ သီချင်းထဲက ကကွက်အတိုင်းစင်ပေါ်မှာ ကခုန်ခဲ့တာဖြစ်ပါတယ်။

YouTube/CNBC

သူ့ရဲ့ခြေထောင်တွေဟာလည်း ရစ်သမ်မှန်မှန်နဲ့ကခုန်သွားခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ သူဟာ စင်ပေါ်တက်လာတဲ့အချိန်မှာ ဂျာကင်ဝတ်ထားခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ လက်ထဲမှာကိုင်ထားတဲ့မိုက်ကို သူ့ရဲ့လက်ထောက်ကိုပေးလိုက်ပြီး ဂျာကင်ကိုချွတ်ကာ စင်ပေါ်မှာ ကခုန်ခဲ့တာပဲဖြစ်ပါ တယ်။

ဒါ့အပြင် Elon Musk ဟာ Tesla ကုမ္ပဏီရဲ့ပိုင်ရှင် ရှယ်ယာရှင် အသစ်တွေနဲ့လည်းအတူ ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။

သူဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အခြေစိုက် Tesla ကုမ္ပဏီရဲ့ စက်ရုံထုတ် Model 3 ကားတွေကို စတင်ရောင်းချတဲ့ပွဲကို ကျင်းပနေတာဖြစ်ပြီး ဒါဟာ Elon ရဲ့ကမ္ဘာကြီးကို လွှမ်းမိုးမယ့် စီမံကိန်းအတွက် ပထမခြေလှမ်းပဲဖြစ်ပါတယ်။

READ
မသင့်လျော်မှုတွေကြောင့် ဝေဖန်မှုတွေများလာခဲ့တဲ့ ကလေးအလှမယ်လောက

ဒါ့အပြင် Tesla ကိုအားပေးတဲ့သူတွေအတွက် Model Y ကားကိုထုတ်လုပ်မှာဖြစ်ပြီး ဈေးနှုန်းချိုသာတဲ့ SUV ကားတွေ ရှန်ဟိုင်းရှိစက်ရုံတွင်ပါမက ဒီဇိုင်းစင်တာမှာပါ ထုတ်လုပ်ရောင်းချနိုင်ဖို့ကြိုးစားနေတယ်လို့ Elon Musk ကပြောပါတယ်။

Tesla ကုမ္ပဏီ ရဲ့ရှယ်ယာတန်ဖိုးက (၆)ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့ Cybertruck မော်ဒယ်ကားမှန်ရဲ့ ကြံ့ခိုင်မှုကိုလည်း ထပ်မံ စမ်းသပ်ပြခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကားမှန်ဟာ မကွဲတော့တာကြောင့် Elon Musk တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့တယ်ဆိုပြီး တရုတ်ပြည်တွှုးမီဒီယာတွေက  ဖော်ပြခဲ့ပါတယ်။

SHARE