Jeff Bezos ကိုကျော်လွန်ပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာတဲ့ Elon Musk

instagram/jeffbezos instagram/elonmusk

Tesla ကုမ္ပဏီတည်ထောင်သူ Elon Musk ရဲ့ ကိုယ်ပိုင်ငွေကြေးချမ်းသာကြွယ်ဝမှုဟာ ကမ္ဘာ့အချမ်းသာဆုံးအမေဇုန်သူဌေး Jeff Bezos ကိုကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း news.com.au သတင်းစာမျက်နှာအရ သိရပါတယ်။ Tesla တည်ထောင်သူဟာ သူ့ကုမ္ပဏီက စတော့တန်ဖိုးတွေ တဟုန်ထိုးတက်သွားပြီးတဲ့နောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး Elon Musk က ခါတိုင်းသူလုပ်နေကျအတိုင်း တွစ်တာပေါ်မှာပဲ “ထူးဆန်းလိုက်တာ” ဆိုပြီးတင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမှာ နံပတ်တစ်သူဌေးဖြစ်သွားတဲ့အတွက် လေလုံးထွားတာ၊ ကြွားတာတွေတော့ Musk က မပြောခဲ့ပါဘူး။ ဒါပေမဲ့ Musk ဟာ သူ့ရဲ့အောင်မြင်မှုကိုတော့ သူအသိအမှတ်ပြုခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by @elonmusk

Musk က သူ့ကုမ္ပဏီတွေဟာ အရမ်းအရဲစွန့်လုပ်ရတဲ့လုပ်ငန်းဖြစ်ပြီး အနာဂတ်မှာ အချမ်းသာဆုံးဖြစ်လာမယ့်လူတစ်ယောက်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိကိုရေးရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဖူးကြောင်း ဆိုပါတယ်။ Tesla မှာရှိတဲ့ စတော့တွေရဲ့တန်ဖိုးဟာ ကြာသပတေးနေ့မှာပဲ အမေရိကန်ဒေါ်လာ ၈၁၆.၀၄ ထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

READ
ငါးအရှင်ကို မြိုချရင် ပန်းနာရင်ကြပ်ပျောက်တယ်လို့ ယုံကြည်နေတဲ့ အိန္ဒိယနိုင်ငံသားတွေ

 

ဒီတင်ပဲ Musk ရဲ့ အသားတင်တန်ဖိုးဟာ Facebook, Apple, Microsoft, Amazon နဲ့ Google တို့ကိုပါ ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန် ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲရလဒ်တွေကြောင့် ပတ်ဝန်းကျင်အရေးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုအပြောင်းအလဲတွေဖြစ်လာတဲ့အတွက် ဒီထဲက အီလက်ထရောနစ်ကားတွေပါ အကျိုးအမြတ်ရရှိဖို့ ဖြစ်သွားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Jeff Bezos (@jeffbezos)

Tesla ရဲ့ရှယ်ယာတွေဟာ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်ကထက် ၁၀ဆကျော်လောက်ပိုများနေပြီ ဖြစ်ပါတယ်။ Bloomberg သတင်းအရ Musk ဟာ အမေဇုန်သူဌေး Jeff Besoz ရဲ့အသားတင်အမြတ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၈.၅ ဘီလီယံကို ကျော်လွန်နေပြီဖြစ်ပါတယ်။ Jeff Bsoz ဟာ ၂၀၁၈ မတ်လကစပြီး ကမ္ဘာ့အချမ်းသာဆုံးအမျိုးသား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

READ
အွန်လိုင်းပေါ်မှာ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရလို့ အဆုံးစီရင်သွားတဲ့ ကလေးမော်ဒယ်

 

ShweMom

SHARE