Bill Gates က ဘာမှ သိပ်မသိပါဘူး ဆိုပြီး ဒဲ့ဝေဖန်လိုက်တဲ့ Elon Musk

[email protected] thisisbillgates [email protected]

ကမ္ဘာ့စတုတ္တမြောက် အချမ်းသာဆုံး သူဌေးကြီးဖြစ်တဲ့ Elon Musk ကိုတော့ တော်တော်များများ သိကြပြီးဖြစ်မှာပါ။ Elon Mask ဟာ အာကာသနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Spac X ရဲ့ CEO တစ်ယောက် ဖြစ်တဲ့အပြင် ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla ရဲ့ တည်ထောင်သူတစ်ဦးလဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က သူဌေးကြီး Bill Gates ရဲ့ Blog မှာ ရေးသားထားတဲ့ လျှပ်စစ်ကားတွေနဲ့ ပတ်သတ်ပြီး မကောင်းတဲ့ အချက်တွေပဲ ပါဝင်နေတဲ့ ပို့စ်တစ်ခုကို Elon Musk က ဝေဖန်ပြီး Bill Gates ဟာ အရာအားလုံးကို သိချင်ယောင်ဆောင်နေပြီး လက်တွေ့မှာဘာမှ မသိတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Here kitty kitty 🐱

A post shared by @ elonmusk on

Bill Gates ရဲ့ Blog မှာ တင်တဲ့ ပို့စ်ကတော့ လျှပ်စစ်ကားတွေနဲ့ ပတ်သတ်ပြီး တစ်ဖက်သတ်ဝေဖန် ရေးသားထားတာပဲ ဖြစ်ပါတယ်။ Bill Gates ပြောပုံအရဆိုရင်တော့ လျှပ်စစ်ကားတွေဟာ ခရီးဝေးကို လုံးဝမသွားနိုင်ကြောင်း အဓိကထားပြီး ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေတင်တဲ့ ၁၂ ဘီးကားကြီးတွေ၊ ခရီးဝေးသွားရမယ့်သူတွေအနေနဲ့ လျှပ်စစ်ကားဟာ လုံးဝ အဆင်ပြေမှာ မဟုတ်ကြောင်း၊ လျှပ်စစ်ကားဆိုတာ ဟိုနားဒီနားသွားလို့သာရပြီး အားသွင်းရ၊ ဘတ်ထရီလဲရနဲ့ အရမ်းအလုပ်ရှုပ်ဖို့ကောင်းကြောင်း ဝေဖန်ရေးသားခဲ့ပါတယ်။

READ
အလုပ်သမားဆီက လှေကားကိုတောင် ခိုးဖို့ကြိုးစားတဲ့ သရဲ

 

“သေချာစဉ်းစားကြည့်ရင် လျှပ်စစ်ကားဆိုတာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် ထုတ်လုပ်ထားတဲ့ ကားတွေပါ။ ရေရှည်မှာ လောင်စာတွေသုံးပြီး မောင်းနှင်ရတဲ့ ကားတွေကြောင့် သဘာဝပတ်ဝန်းကျင် ဘယ်လောက်အထိ ပျက်ဆီးဆုံးရှုံးလဲဆိုတာ သေချာကြည့်ရင် မြင်နိုင်ပါတယ်။ အခုအချိန်မှာ Tesla ကနေလည်း ခရီးဝေးသွားလို့ ရနိုင်မယ့် လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒါကိုတောင်မှ လျှပ်စစ်ကားတွေအကြောင်းကို မကောင်းပြောတဲ့ လူတွေက ရှိသေးတာ။ ကျိန်းသေတာကတော့ အဲဒီလိုလူမျိုးတွေဟာ အရာရာကို သိချင်ယောက်ဆောင်ပြီး တစ်ကယ့်လက်တွေ့မှာ ဘာမှမသိတဲ့ လူမျိုးတွေပါပဲ”လို့ Elon Musk က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဖော်ဖော်ဝါရီလတုန်းကလည်း Bill Gates ဟာ အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ လျှပ်စစ်ကားဝယ်ဖြစ်မယ်ဆိုရင်တောင်မှ Porsche ကားကုမ္ပဏီကထုတ်တဲ့ Porsche Taycan လျှပ်စစ်ကားပဲ ဝယ်စီပြီး ဘယ်တော့မှ Tesla က လျှပ်စစ်ကားတွေကို ဝယ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။

READ
Resident Evil ရုပ်ရှင်ရိုက်တုန်း ဒုက္ခတဖြစ်ခဲ့ရလို့ တရားစွဲခဲ့တဲ့ စတန့်မင်းသမီး

 

Pyi Hein Kyaw

SHARE