ကနေဒါမော်ဒယ်တစ်ဦးဖြစ်တဲ့ Maye Musk ဟာ Elon Musk ရဲ့မိခင်ဖြစ်ပါတယ်။ Tesla နဲ့ SpaceX တည်ထောင်သူဖြစ်တဲ့ Elon ကို ငယ်ငယ်ကတည်းက ထူးချွန်မယ့်သူဖြစ်ကြောင်း သူမရိပ်မိခဲ့တယ်လို့ Maye က ပြောပြပါတယ်။ Maye Musk ဟာ လက်ရှိမှာ အသက် ၇၂နှစ်ရှိပြီဖြစ်ပါတယ်။ အသက် ၄၉နှစ်ရှိပြီဖြစ်တဲ့ Elon ကတော့ Maye ရဲ့အကြီးဆုံးသား ဖြစ်ပါတယ်။
View this post on Instagram
Elon ဟာ အသက်၃နှစ်အရွယ်မှာကတည်းက သူ့ရဲ့ဉာဏ်ရည်ထူးချွန်မှုကို ပြသခဲ့တာပါ။ “သူ့အသက် ၃နှစ်အရွယ်မှာပဲ သူဟာ ပါရမီရှင်တစ်ယောက်ဆိုတာသိခဲ့တယ်။ ဒါပေမဲ့လည်း သူဟာ ကြီးကျယ်တဲ့အရာတွေကို လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာတော့ မသိခဲ့ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ တချို့ပါရမီရှင်တွေက မြေတိုက်ခန်းထဲမှာပဲ အချိန်ကုန်သွားကြတာ။ လက်တွေ့မှာ အသုံးမချကြဘူး။ သူ Zip2 ကိုစလုပ်တော့ ကျွန်မစိတ်လှုပ်ရှားမိခဲ့တယ်။ သူများတွေက မဖြစ်နိုင်ဘူးလို့ထင်တာကို သူဖန်တီးခဲ့တာလေ။”
“ပြီးတော့ သူ ဘဏ်စနစ်အကြောင်းစဉ်းစားတယ်။ ဘဏ်စနစ်မှာလိုအပ်ချက်တွေ့တော့ PayPal ကိုလုပ်တယ်။ ပြီးတော့ သူ အာကာသတွင်းသုတေသနတွေ၊ နေစွမ်းအင်တွေနဲ့ လျှပ်စစ်ကားတွေအကြောင်း သူစဉ်းစားတယ်။ ကျွန်မကပြောတယ်။ တစ်ခုပဲရွေးပါဆိုတာ။ သူက နားမထောင်ဘူးလေ။” Maye ဟာ အသက် ၄၈နှစ်ရှိပြီဖြစ်တဲ့ Kimbal, အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ Tosca တို့ရဲ့မိခင်လည်းဖြစ်ပါတယ်။
View this post on Instagram
Elon ဟာ အသက် ၁၂နှစ်အရွယ်ကစပြီး သူ့ရဲ့ဖန်တီးနိုင်စွမ်းကိုပြသခဲ့တာပါ။ ၁၂ နှစ်အရွယ်မှာ ကွန်ပြူတာဂိမ်းတစ်ခုလုံးကို တစ်ယောက်တည်း တီထွင်နိုင်ခဲ့ပါတယ်။ “ကျွန်မက သူလုပ်ထားတဲ့ဂိမ်းကို အင်ဂျင်နီယာကျောင်းသားတွေဆီပြတယ်။ သူတို့ကအံ့သြကြတယ်။ Shortcut တွေအကုန်သိလို့ဆိုပြီး။ ဒါနဲ့ ကျွန်မလည်းပြောလိုက်တယ်။ ဒီဂိမ်းကို မဂ္ဂဇင်းတစ်ခုဆီပို့သင့်တယ်လို့။ Elon က ပို့လိုက်တော့ ဆုငွေ ဒေါ်လာ ၅၀၀ရတယ်။ မဂ္ဂဇင်းက သူ့အသက် ၁၂နှစ်ဆိုတာကို သိမယ်မထင်ဘူး။” လို့ Maye က ပြောပြပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကလည်း Elon ဟာ ထိရောက်တဲ့ကာဘွန်ဖမ်းနည်းပညာကို ဒီဇိုင်းဆွဲပေးနိုင်ရင် ဒေါ်လာ သန်း၁၀၀ လှူဒါန်းမယ်လို့လည်း အခုလို ကြေညာခဲ့ပါသေးတယ်။
Am donating $100M towards a prize for best carbon capture technology
— Elon Musk (@elonmusk) January 21, 2021
ShweMom