Tesla ကုမ္ပဏီစီအီးအို Elon Musk ဟာ Microsoft ကုမ္ပဏီပူးတွဲတည်ထောင်သူ Bill Gates ကိုကျော်လွန်ကာ ကမ္ဘာ့ဒုတိယမြောက်အချမ်းသာဆုံးဖြစ်လာတယ်လို့ အင်္ဂါနေ့သတင်းအရ သိရပါတယ်။ တနင်္လာနေ့တုန်းက Trump အစိုးရက အရွေးချယ်ခံသမ္မတ Joe Biden ဆီအာဏာလွှဲပြောင်းဖို့လုပ်ငန်းစဉ်တွေစတင်ပြီဖြစ်ကြောင်း ကြေညာပြီးကတည်းက Musk ရဲ့ ရှယ်ယာဈေးတွေဟာ တဟုန်ထိုးတက်သွားခဲ့တာပါ။
View this post on Instagram
Musk ရဲ့ အသားတင်တန်ဖိုးဟာ ယခုနှစ်စကတည်းက ဒေါ်လာ၁၀၀ဘီလီယံ ရှိနေတာဖြစ်ပြီး Bill Gates ရဲ့ရှေ့ကပြေးနေကာ ၁၂၈ ဘီလီယံအထိ တန်ဖိုးတက်လာနေတာဖြစ်ကြောင်း nbcnews အရ သိရပါတယ်။ Musk ရဲ့ ကြွယ်ဝချမ်းသာမှုအများစုဟာ ၄င်းရဲ့ Tesla ကုမ္ပဏီမှ ၂၀ရာခိုင်နှုန်းနဲ့ အာကာသတွင်းခရီးသွားလာရေးကုမ္ပဏီ SpaceX မှ ၅၄ ရာခိုင်နှုန်းပါဝင်ပါတယ်။
အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ နည်းပညာစွန့်ဦးတီထွင်ပညာရှင် Musk ကတော့ သူဟာ သူ့ပိုင်တဲ့ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး အိမ်ပိုင်နဲ့မနေမယ့်အကြောင်း၊ သူ ဘီလျံနာတစ်ယောက်ဖြစ်လို့ လူတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်တာကို မခံလိုတဲ့အကြောင်းလည်း အခုနှစ်အစောပိုင်းတုန်းက ပြောခဲ့ပါသေးတယ်။
View this post on Instagram
ပြီးခဲ့တဲ့မေလတုန်းကတော့ Musk ဟာ podcast အစီအစဉ်တင်ဆက်သူ Joe Rogan ကို အခုလိုပြောပြပါတယ်။ “မကြာသေးခင် နှစ်တွေအတောအတွင်း ဘီလျံနာဆိုတဲ့စကားလုံးဟာ ရှုံ့ချစရာဖြစ်လာနေသလိုပဲ။ ကျွန်တော့်မှာ အိမ်တွေအများကြီးရှိပါတယ်။ ဒါပေမဲ့ အိမ်အများစုမှာ ကျွန်တော်မနေဘူး။ အိမ်တွေဒီအတိုင်းပစ်ထားတာ အလကားပဲလေ။ ဒါကြောင့် ဒီအိမ်တွေကို နေချင်တဲ့သူနေရအောင်၊ ကျွန်တော့်ထက်ကောင်းကောင်းပိုပြီး အသုံးချနိုင်မယ်ဆိုရင် ရောင်းပစ်လိုက်တယ်။” လို့လည်း ဆိုခဲ့ပါတယ်။
View this post on Instagram
တကယ်လို့ Gates ဟာ ပရဟိတလုပ်ငန်းတွေမှာသာ အလှူအတန်းမလုပ်ဘူးဆိုရင် Musk ဟာ Gates ကို မှီနိုင်ဦးမှာမဟုတ်သေးပါဘူး။ Gates နဲ့ ဇနီးသည်ဖြစ်တဲ့ Melinda တို့ကတော့ လွန်ခဲ့တဲ့ ၂၅နှစ်အတွင်းမှာ ဒေါ်လာဘီလီယံ၅၀ ကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ Musk ကတော့ ယခုအချိန်အထိ ဒေါ်လာ သန်း၁၀၀ဝန်းကျင်ကိုသာ လှူဒါန်းခဲ့ဖူးသေးကြောင်းလည်း သိရပါတယ်။
ShweMom