ရိုက်ကွင်းကနေ Thor တူတွေခေိုးလာတဲ့ Chris Hemswort ကြောင့် စိတ်ညစ်နေရတဲ့ သူ့ရဲ့ဇနီး

Imdb/InfinityWar

မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်တဲ့ Chris Hemswort ဟာ Thor ရိုက်ကွင်းထဲကနေ Thor ရဲ့ တူတွေကို ခိုးယူလာလေ့ရှိတာပါ။ ဇာတ်ကားတစ်ကားပြီးတိုင်း Chris Hemswort ဟာ ရုပ်ရှင်ရိုက်ဖို့သုံးတဲ့ သူ့ရဲ့ တူတွေကို  သြစတေးလျမှာရှိတဲ့ သူ့ရဲ့ အိမ်အထိ ယူလာခဲ့တာပါ။ အခုဆိုရင် သူ့အိမ်မှာ တူ(၅)လက်အထိ ရှိနေပါပြီ။

ဒီလို ခိုးယူလာခဲ့တဲ့ Thor တူတွေကို  Chris Hemswort ဟာ အိမ်ထဲမှာ ကျကျနန နေရာချထားလေ့ ရှိပါတယ်။ ဒါကို မကျေမနပ် ဖြစ်နေသူကတော့ Chris Hemswort ဇနီးဖြစ်သူElsa Pataky ပါ။

 

 

View this post on Instagram

 

Haaaaaaaaappy birthday @elsapatakyconfidential truly epic week throughout Spain with fam and friends. Love ya xo 😘 🍰

A post shared by Chris Hemsworth (@chrishemsworth) on

Elsa Pataky ဟာ Fitzy & Wippa လို့ ခေါ်တဲ့ ရေဒီယိုရှိုးတစ်ခုမှာ အခုလိုပြောကြားခဲ့တာပါ။

“ဟုတ်တယ်။ သူ့ရဲ့ တူတွေက တစ်အိမ်လုံးမှာ နေရာအနှံ့ပဲ။ နောက်ပြီး သူ တူတွေကို ထားထားတဲ့ နေရာတွေကလည်း အိမ်တစ်အိမ်လုံးမှာရှိတဲ့ နေရာကောင်းတွေချည်းပဲ”လို့ ရယ်ရယ်မောမောပြောပြခဲ့ပါတယ်။

နောက်ထပ် Thor ဇာတ်ကားတွေ ရိုက်ရင် နောက်ထပ် တူတွေ ခိုးမလာဖို့ ယောက်ျားဖြစ်သူကိုလည်း နားချခဲ့ပါသေးတယ်။ မဟုတ်ရင် အိမ်တစ်အိမ်လုံးမှာ တူတွေချည်းနေရာယူထားလို့ အိမ်အလှပျက်မှာ စိုးလို့ပါ။

Imdb/InfinityWar

Chris Hemswort ရဲ့ နောက်ထပ် Thor ရုပ်ရှင်ကားဖြစ်တဲ့ Thor: Love and Thunder ဟာ လာမယ့် (၂၀၂၁)ခုနှစ် နိုဝင်ဘာ (၅) ရက်နေ့မှာ ပြသတောမှာဖြစ်ပြီး  Tessa Thompson နဲ့ Natalie Portman တို့လည်းပါဝင်လာဦးမှာဖြစ်ပါတယ်။

Ye Yint Kyaw

SHARE