ပေါင် 2.6 သန်းနဲ့ ရောင်းရဖို့ရှိနေတဲ့ အဆိုတော်ကြီး Elvis ရဲ့ ရှားပါးကိုယ်ပိုင်လေယာဉ်

လွန်ခဲ့သော နှစ်ပေါင်း 30 လောက်တုန်းကလည်း ကမ္ဘာကျော်အဆိုတော်ကြီး Elvis Presley (King of Rock and Roll) စီးနင်းခဲ့ တဲ့ 1962 Lockheed Jetstar အမျိုးအစားလေယာဉ်ဟာ အခုအခါမှာ လေလံဈေးကွက်ပေါ်ကို ပြန် ရောက်လာခဲ့ပြီး ပေါင် 2.6 သန်းအထိ ဈေးမြောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကြမ်းခင်းဈေးကတော့ ပေါင် 8 ထောင်နီးပါးသာ ရှိပါတယ်။

အဆိုပါ လေယာဉ်ကို လာမည့် စနေနေ့မှာ အမေရိကန် လေလံပွဲတော်မှာ ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးစတင်ဖွင့် လှစ်မှာကတော့ ပေါင် 7600 ကျော်သာ ရှိခဲ့ပေမယ့် အခုဆိုရင် ဈေးက ကြောက်ခမန်းလိလိ ဖြစ်မယ့်သဘောပါ။ ဒီလေ ယာဉ်ဟာ Elvis ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပြီး၊ ၎င်းဝတ်ခဲ့တဲ့ 4.5 ကာရက်ရှိ  စိန်လက်စွပ်ကိုလည်း ပေါင် 27000 ခန့် တန်ကြေး ရှိပါတယ်။

ပစ္စည်းတော်တော်များကိုတော့ Elvis ကသာ ပိုင်ဆိုင်နေဆဲဖြစ်ပြီး၊ တစ်ချို့ပိုင်ဆိုင်မှုတွေကိုတော့ The Elvis Presley Museum က ပူးတွဲပိုင်ဆိုင်ပါတယ်။ စိန်လက်စွပ်ဟာ 4.5 ကာရက် စိန်တွေနဲ့ 14 ပဲရည်အပြည့် ရွေတို့ကို စီခြယ်ပြုလုပ် ထားတာ ဖြစ်ပါတယ်။ လေယာဉ်ကလည်း ပျံသန်းပြေးဆွဲနိုင်ခြင်း မရှိပေမယ့် အတွင်းပိုင်းမှာ အနီရောင်ကတ္တီပါထိုင်ခုံတွေနဲ့ အသစ်ပြင်ဆင်ထားပါတယ်။

READ
အလိုက်သိလွန်း ကြင်နာတတ်လွန်းတဲ့ ခင်ပွန်းကြောင့် ကွာရှင်းခွင့်တောင်းခဲ့တဲ့ အမျိုးသမီး

Elvis ပိုင်ပစ္စည်းတွေအနက် နောက်ထပ် လေလံတင်ရောင်းချမယ့် အရာကတော့ သီချင်း 8 ပုဒ်ပါဝင်တဲ့ ဓာတ်ပြားဖြစ်ပြီး၊ အခုအချိန်ထိ အသံတွေ ကြင်လင်ပျက်သားဆဲလို့ သိရပါတယ်။ ယင်းဓာတ်ပြားကိုတော့ ပေါင် 385 ၀န်းကျင်နဲ့ ဈေးဖွင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Color Slide Film အဖြစ် ဖန်တီးထားတဲ့ အခွေကိုလည်း ပေါင် 1500 နဲ့ ဈေးဖွင့်မှာလို့ သိပါတယ်။

ပါဝင်ရောင်းချမယ့် Elvis ရဲ့ အမှတ်တရပစ္စည်း အပြည့်အစုံ

(၁) Elvis custom made private jet – starting price £7,600
(၂) Elvis 4.5 carat diamond and 14 carat gold ring – estimated value £27,000
(၃) Elvis museum negatives – estimated value £1,500
(၄) Hawaii Wood mounted Elvis picture – estimated value £770

READ
ဇနီးသည်ကို ကိုယ်တိုင်ခွဲစိတ်ပြုပြင်ပြီး ပိုလှအောင်လုပ်ပေးခဲ့တဲ့ ခင်ပွန်းသည်ဆရာဝန်


(၅) Newspaper on the day of Elvis’ death – estimated value £770
(၆) Elvis vintage 8 track tapes – estimated value £385
(၇) BMI award for Elvis – estimated valie £270

မဒီလေး (Shwemom)

source : thesun.co.uk

SHARE