ငွေတွေ ပုံအောသုံးခဲ့ပေမယ့် ထင်သလောက် အသုံးမ၀င်ခဲ့တဲ့ အဆောက်အဦးများ

ထုထည်ကြီးမားပြီး ငွေကုန်ကြေးကျခံ တည်ဆောက်ထားတဲ့ အဆောက်အဦးမှန်သမျှ ခမ်းနားကြီးကျယ်ရမယ်လို့ ယူဆလို့ မရပါဘူး။ တချို့အဆောက်အဦးတွေဆိုရင် ကြည့်ရတာ မျက်စိရှတဲ့အပြင် သတ်မှတ်ထားတဲ့ ငွေပမာဏထက် များစွာကုန်ကျတာကြောင့် ဆောက်လုပ်သူကိုပါ ဒုက္ခဖြစ်စေတာမျိုးတွေ ရှိတတ်ပါတယ်။ အောက်ဘက်မှာတော့ ငွေတွေ အများကြီး အကုန်အကျခံ ရင်းနှီးမြှုပ်နှံခဲ့ပေမယ့် လက်တွေ့မှာ အရာမထင်ခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းက အဆောက်အဦးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Olympic Stadium – Montreal, Canada

elitereaders

ပုံမှာမြင်ရတဲ့ Olympic Stadium ဟာ (၁၉၇၆) ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ အဆောက်အဦးတည်ဆောက်ရာမှာ နှောင့်နှေးကြန့်ကြာမှု အမျိုးမျိုးကို ကြုံတွေ့ခဲ့ပြီး တည်ဆောက်ပြီးစီးတဲ့အခါ ကနေဒါကို အကြွေး(၁.၁၆) ဘီလီယံ ကြွေးတင်စေခဲ့ပါတယ်။

Palace of the Parliament – Bucharest, Romania

elitereaders

ရိုမေးနီးယားက Bucharest အဆောက်အဦးဟာ ကမ္ဘာမှာ တတိယအကြီးဆုံး အဆောက်အဦးကြီး ဖြစ်ပါတယ်။ အဆောက်အဦးရဲ့ (၇၀) ရာခိုင်နှုန်းဟာ ဗလာကျင်းနေပြီး အဆောက်အဦးရဲ့ လျှပ်စစ်ဖိုးအတွက်တင် တစ်နှစ်ကို ဒေါ်လာ(၆) သန်းကျော်လောက် ကုန်ကျပါတယ်။

READ
စိတ်ကူးယဉ်အတွေးကမ္ဘာထဲရောက်သွားသလားထင်မှတ်စေရမယ့် ကမ္ဘာတစ်ဝှမ်းကနေရာများ

City of Culture of Galicia – Santiago de Compostela, Spain

Joe Blogs

စပိန်နိုင်ငံမှာ City of Culture of Galicia မြို့ကို (၂၀၁၁) ခုနှစ်မှာ တစ်စိတ်တစ်ဒေသအဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။ မြို့ထဲမှာ တည်ဆောက်ထားတဲ့ အခြားအဆောက်အဦး နှစ်ခုကိုတော့ (၂၀၁၃) ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ထဲကို လူမလာတဲ့အပြင် အဆောက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ အဖိုးအခက ငွေကုန်များနေလို့ ဖြစ်ပါတယ်။

Tel Aviv Central Bus Station – Tel Aviv, Israel

elitereaders

စတုရန်းမီတာ (၂၃၀,၀၀၀) အကျယ်အ၀န်းရှိပြီး (၈) ထပ်ပါတဲ့ ဘတ်စ်ကားရုံ အဆောက်အဦးကြီးမို့လို့ လုပ်ငန်းအောင်ြမင်တယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ အဆောက်အဦးကြီးဟာ ဗိသုကာပိုင်းဆိုင်ရာမှာ နိုင်ငံကချီးမြှင့်တဲ့ဆုတံဆိပ်ကိုတောင် ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ငွေမလိုက်နိုင်တာကြောင့် အခုအခါ လူမရှိပဲနဲ့ ဒီတိုင်းပစ်ထားရတဲ့ အခြေအနေဖြစ်နေပါပြီ။

READ
ကမ္ဘာ့ရေအရင်းအမြစ်ပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သူ အမျိုးသား

Ryugyong Hotel – Pyongyang, North Korea

elitereaders

အထပ်ပေါင်း (၁၀၅) ထပ်နဲ့ မြောက်ကိုရီးယားက Ryugyong ဟိုတယ်ကြီးဟာ အခုထိ ဆောက်လုပ်ဆဲ အဆောက်အဦးကြီးပါ။ ယင်းအဆောက်အဦးကြီးကို ဆောက်လုပ်လာရာမှာ နှစ်ပေါင်း(၃၀) နီးနီး ရှိနေပါပြီ။ ဒေါ်လာသန်း(၇၅၀) ကုန်ကျပြီးတဲ့ ဟိုတယ်ကြီးမှာ လူလည်းမနေနိုင်တာကြောင့် အဝေးထိန်းဆက်သွယ်ရေး အင်တင်နာတိုင်ကြီးတစ်ခုအဖြစ်သာ နှမြောစရာ အသုံးဝင်နေပါတော့တယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE