မွေးနေ့ အမှတ်တရ အဖြစ် လေထီးခုန်ခဲ့တဲ့ Emilia Clarke

Image:IG/Emilia Clarke

မင်းသမီးချော Emilia Clarke က တော့ အသက် (၃၄)နှစ်ပြည့် သွားပါပြီ။သူမက တော့ October 23, 1986 မှာ မွေး ဖွားခဲ့တာပါ။ Emilia Clarke က တော့ သူမရဲ့ မွေးနေ့ လေးမှာ ထူးထူးခြားခြား အမှတ်တရ လေး တစ်ခု လုပ်ခဲ့ပါတယ်။မွေးနေ့မှာ အတွေ့ အကြုံ သစ် တစ်ခုကို ခံစားတဲ့ အနေနဲ့ လေထီးခုန် ခဲ့ပါတ ယ်။သူမရဲ့ အတွေ့ အကြုံ ကိုလည်း Instagram မှာ ဝေမျှ ခဲ့ပါတယ်။ပုံ တွေ ထဲမှာ တော့ ကြော က်လည်း ကြောက်၊ပျော်လည်း ပျော် နေတဲ့ Emilia Clarke ရဲ့ ပုံ တွေ ကို တွေ့ရမှာပါ။ဒီအ ကြောင်းကို People မှာ ဖော်ပြထားတာပါ။

သူမ Post ရဲ့ ပုံေ တွထဲမှာတော့ စာရွက် တစ်ရွက်ကို ကိုင်ထားတဲ့ ပုံလည်း ပါပါတယ်။အဲ့ဒီမှာတော့ “ လေယာဉ် က နေ ခုန်ချ နိုင်ခဲ့ပြီ. တော်တယ်..” ဆိုပြီး ရေးထားပါတယ်။ Game of Thrones မင်းသမီး ချော လေးက တော့ သူမနဲ့ လိုက်ဖက်တဲ့ “#whosaysyoucanonlyflydragons? #freeeeeeeefaaaallliiiinngggggg #myfacialexpresionstellyouallyouneedtoknow #mymothermyhero #birthdaybluesk atepu nch” ဆိုပြီး ရေးထားပါတယ်။ Clarke က တော့ ဒီလို အတွေ့ အကြုံ သစ်ကို ပြန် ရတဲ့ အတွက် .” ဒီလို ရင်ဖို စရာ အတွေ့ အကြုံ မျိုးကို ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် Hinton Sky Diving..” ဆိုပြီး တော့ လည်း ပြောထားပါတယ်။လေထီးခုန်တဲ့ ပုံတွေကို မတင်ခင်မှာ သူမရဲ့ ခွေးလေး Ted ရဲ့ ပုံကို သူမရဲ့ IG မှာ တင်ခဲ့ပါ သေးတယ်။

 

View this post on Instagram

 

Still(Covid) life: Sausage dog reclining. #themissingpieceofmypuzzle # #❤️

A post shared by @ emilia_clarke on


Clarke က တော့ သူမရဲ့ Follower တွေကို Ted နဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ တုန်းက မိတ်ဆက် ပေးခဲ့တာပါ။အဲ့ဒီ တုန်းက လည်း ခွေးလေး ရဲ့ ချစ်စရာ ပုံလေးတွေကို တင်ခဲ့ဖူးပါတယ်။Emilia က တော့ မကြာ သေးခင်တုန်းကမှ ဒါရိုက်တာ စာရေးဆရာ Charlie McDowell နဲ့ လမ်းခွဲ ခဲ့ပါတယ်။ Charlie McDowell က တော့ Malcolm McDowell နဲ့ Mary Steenburgen တို့ ရဲ့ သားပါ။သူမက တော့ အရင်တုန်းက Seth MacFarlane နဲ့ တွဲခဲ့ဖူးပါတယ်။သူက တော့ Family Guy ရဲ့ Creator ပါ။ Emilia က တော့ မကြာ သေးခင် တုန်းက Terminator: Genisys ထဲမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ Matt Smith နဲ့ တွဲနေပြီဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။


#SHWEMOM

SHARE