ဘစ်ကနီနဲ့ ဆွဲဆောင်မှုတွေ လွန်ကဲနေတဲ့ အမ်မီနမ်ရဲ့ သမီးချောလေး

ကမ္ဘာကျော် ရက်ပ် အဆိုတော် Eminem ရဲ့ သမီးဟာ အခုဆို တော်တော်လေး အရွယ်ရောက်နေပြီးဖြစ်ပြီး လူသိများ ကျော်ကြားတဲ့ ပရို ဆိုရှယ်မီဒီယာသမားလည်း ဖြစ်နေပါတယ်။

instagram

Hailie Jade Scott Mathers ဟာ Eminem ရဲ့ အရင်အိမ်ထောင် Kim Mathers နဲ့ ရခဲ့တဲ့ သမီးပါ။ လတ်တလောလေးကပဲ သြစတေးလျနိုင်ငံကို ခရီးထွက်ရင်း အပန်းဖြေချိန် ဘစ်ကနီနဲ့ ဆွဲဆောင်မှုတွေလွန်ကဲနေတဲ့ လျှပ်တစ်ပြက်ရိုက်ချက်ကို ပြီးခဲ့တဲ့ ကြာသပတေးနေက တင်ခဲ့ပါတယ်။ ဒါ Wolgan Valley က ရေကူးကန်မှာ ဖြစ်ပြီး ခရီးက နှစ်သစ်ကူးကာလအတွင်းကလို့ သိရပါတယ်။

instagram

Halie က သိပ် ချစ်စဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါပဲ။ သူ့ရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီးတော့ MGK ကို ဘာလို့ Eminem ကြီးတစ်ယောက် ပေါက်ကွဲပြီး သီချင်းထဲထည့်ဖောက်တာလဲဆိုတာ နားလည်သွားခဲ့တယ်။

instagram
instagram
instagram

သူမက Michigan State University ကနေ စိတ်ပညာနဲ့ ကျောင်းပြီးထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၅) ရက်နေ့ကမှ အသက် (၂၃) နှစ်ပြည့် မွေးနေ့ကို ကျင်းပခဲ့ပြီး မိသားစုတွေ၊ သူငယ်ချင်း အသိမိတ်ဆွေတွေနဲ့ ဆင်နွှဲခဲ့ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။

READ
Miss Golden Land Myanmar ပြိုင်ပွဲဝင်တွေရဲ့ ရေကူးဝတ်စုံနဲ့ ပုံရိပ်များ
instagram
instagram

Eminem ကတော့ အခု အသက် (၄၆) နှစ်ထဲရောက်ပါပြီ။ သူ့ ဘ၀တစ်လျှောက်လုံးမှာ Hailie နဲ့ ပတ်သက်ပြီးတော့ သီချင်းတွေ အမြောက်အမြာဖန်တီးခဲ့တယ်။ အဲ့ဒီ့ထဲမှာဆို (၂၀၀၄) ခုနှစ်က ထွက်ခဲ့ပြီး ပေါက်ခဲ့တဲ့ Mockingbird က ထင်ရှားပြီး Revival အယ်လ်ဘမ်ထဲမှာလည်း သီချင်းတော်တော်များများက သူမအကြောင်းတွေပေါ် အခြေခံပြီး ရေးဖွဲ့ခဲ့တာတွေပါ။ Castle ဆိုတဲ့ သီချင်းကတော့ Hailie အတွက် အပြည့်အ၀ရည်ရွယ်ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Wenn

သမီးနဲ့ အဖေကြားက ဆက်ဆံရေးကို Daily Mail က အင်တာဗျူးတဲ့အခါမှာတော့ အဖေက သိပ်အားပေး ထောက်ပံ့ပေးသူဖြစ်ပြီး အလွန်သွေးနီးတဲ့ သားအဖဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဒါပေမယ့် သူမအနေနဲ့ အဖေရဲ့ ဖောက်တဲ့ လမ်းကြောင်းနောက်ကို လိုက်ဖို့တော့ စိတ်ကူးမရှိကြောင်းလည်း ပြောပါတယ်။ နောက်ပြီး သူမ ဘာမှလည်း မလုပ်ပါဘဲနဲ့ အင်စတာဂရမ်မှာ လူတွေတိုးလာကြောင်းလည်း ပြောတယ်။ ပြီးခဲ့တဲ့ အဖေဖြစ်သူရဲ့ နယ်လှည့်ဖျော်ဖြေရေးခရီးစဉ် တစ်လျှောက်လုံးလည်း အတူတူလိုက်ပါခဲ့တာကို တွေ့ခဲ့ရပါတယ်။

READ
သင် မသိလောက်သေးတဲ့ စပိုက်ဒါမန်းရဲ့ စပ်စုချင်စရာ အတွင်းရေးများ

 

 

Ref: People

Matthew (ShweMOM)
SHARE