ကမ္ဘာကျော်ရက်ပ်အဆိုတော် Eminem ရဲ့အိမ်ကို ခိုးဝင်ပြီး လုပ်ကြံဖို့ ကြိုးစားခဲ့သူ

Instagram- @eminem

Eminem ဟာ ကမ္ဘာကျော်ရက်ပါ အကျော်အမော်တစ်ဦးဖြစ်ပါတယ်။ ဆယ်လီတွေဆိုတာ လူချစ်လူခင်များသလို လူမုန်းလည်းများတတ်ကြပါတယ်။ အခုလည်း Eminem ကို လုပ်ကြံဖို့ကြိုးစားတဲ့လူ ရှိလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Marshall Mathers (@eminem) on

XL Magazine ရဲ့ဖော်ပြချက်အရ  ပြီးခဲ့တဲ့ စက်တင်ဘာလ (၉) ရက်နေ့တုန်းက Eminem ရဲ့အိမ်ကို လူတစ်ယောက်ကျူးကျော်လာခဲ့တယ်ဆိုပြီး ဖတ်လိုက်ရပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။

Eminem ရဲ့ နေအိမ်အနောက်ဖက်ကနေ ဝေလီဝေလင်းအချိန်လောက်ကြီးမှာ အိမ်ဖောက်ဝင်လာတဲ့အသံကို ကြားခဲ့ပါတယ်။ ဒါနဲ့ Eminem ရဲ့ သက်တော်စောင့်က သွားကြည့်လိုက်တဲ့အချိန်မှာ မီးဖိုချောင်မှန်တံခါးကို ကျောက်ခဲနဲ့ထုခွဲပြီးတော့ အိမ်ထဲကို ဝင်လာခဲ့တာပါ။ နောက် အိမ်ထဲမှာလည်း အမျိုးသားတစ်ယောက်ရောက်နေခဲ့ပါတယ်။

READ
ခရီးတွေ အတူတူထွက်နေကြတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့စုံတွဲ

 

 

View this post on Instagram

 

A post shared by Marshall Mathers (@eminem) on

သက်တော်စောင့်ဟာ အဲဒီအမျိုးသားကို ချက်ချင်းထွက်သွားဖို့ပြောခဲ့ပေမယ့်လည်း အမျိုးသားဟာ ကိုယ်ထိလက်ရောက်ကျူးလွန်လာခဲ့တာဖြစ်ပြီး Eminem ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာခဲ့တဲ့အတွက်ကြောင့် ဘယ်လိုမှမတတ်နိုင်ဘဲ သက်တော်စေင့်ဟာ ဝင်ပြီး နပမ်းလုံးခဲ့ရပါတယ်တဲ့။

 

 

View this post on Instagram

 

A post shared by Marshall Mathers (@eminem) on

နောက်တော့ သက်ဆိုင်ရာကို လှမ်းအကြောင်းကြားခဲ့ပြီးတော့ ဖောက်ထွင်းဝင်လာခဲ့တဲ့အမျိုးသားကို ဥပဒေအတိုင်း ဆောင်ရွက်စေခဲ့ပါတယ်။ အမျိုးသားကတော့ အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Matthew David Hughes လို့တော့ ဖော်ပြထားပါတယ်။

READ
Nadech နဲ့ Yaya တို့ရဲ့ ထိုင်းသင်္ကြန် (Songkran)အတွက် အစီအစဉ်

penny

SHARE