အမ်မီနမ်ကို ပြုံးပေးလိုက်တဲ့ ဖိုတိုရှောပ့် ၀ါသနာရှင်

မာရှယ် မာသာ ခေါ် ကမ္ဘာကျော် ရက်ပ် အဆိုတော် အမ်မီနမ်ဟာ ၉၀ ပြည့်နှစ်နောက်ပိုင်းမှာ တော်တော်လေး အောင်မြင်လာခဲ့သူပါ။ အစပိုင်းမှာ တော်တော်ပြဿနာရှာတဲ့ သူတစ်ယောက်လည်း ဖြစ်ခဲ့သလို အဖောက်တွေလည်း သိပ်လုပ်တတ်ခဲ့ပါတယ်။

ဘ၀ ဇာတ်လမ်းတွေကို စာသားတွေ အဖြစ်ပြောင်းပြီး ပြောပြခဲ့တဲ့ အနုပညာရှင်ဖြစ်သလို ဆင်းရဲမွဲတေမှု၊ မမျှတမှုတွေနဲ့ စွဲလမ်းမှုတွေအကြောင်း ဖော်ကျူးရာမှာ ထိထိမိမိရှိတဲ့သူပါ။ မကြိုက်တဲ့အရာ၊ သဘောမကျတဲ့သူဆိုရင်လည်း သီချင်းထဲ ဒဲ့ထည့်ဆိုတတ်တဲ့ သူပါ။ ဒါပေမယ့် သူ့ကို အမြဲကြည့်လိုက်ရင် ရုပ်က ခက်ထန်နေလေ့ရှိတယ်။ တွေးတောနေသလို၊ စိတ်ခုနေသလို၊ အလိုမကျသလို၊ စတဲ့ ဘာဖြစ်လို့ ဖြစ်မှန်းမသိတဲ့ ပုံက အလိုလိုကို ဖြစ်နေပါတယ်။ သူ ပြုံးရယ်တယ်ဆိုတာ လုံးဝ မတွေ့ရသလောက်ပဲ။

READ
သမိုင်းတစ်လျှောက်အအေးဆုံးဖြစ်နေတဲ့ US တခွင်က မယုံကြည်နိုင်စရာဓာတ်ပုံများ
Mike Brown
Mike Brown

 

အဲ့ဒီ့မှာ မိုက်ဘရောင်းလို့ အမည်ရတဲ့ ဖိုတိုရှော့ပ် ၀ါသနာရှင်က သူအနေနဲ့  နေ့တိုင်းမှာ တစ်စုံတစ်ယောက်ကို ပြုံးအောင် လုပ်ပါဆိုပြီး အစချီကာ အမ်မီနမ်ကို ပြုံးအောင် ဖန်တီးပြီး Facebook ပေါ်မှာ တင်ခဲ့ပါတယ်။ နဂိုရုပ်က အားလုံးသိကြတဲ့အတိုင်းပဲ လေးနက် တင်းမာနေတဲ့ ကနေ  လုံးဝ ထင်မထားတဲ့ ပုံစံဖြစ်သွားပြီး တစိမ်းဆန်တဲ့ ခံစားမှုတွေကို ပေးခဲ့ပါတယ်။ တစ်ချို့ပုံတွေဆို မသတီစရာပါဖြစ်သွားခဲ့တယ်။

Mike Brown

မိုက်က သူ့အနေနဲ့ အခုလိုမျိုးတွေ လုပ်လေ့ရှိကြောင်း၊ သူအတွက်လည်း ရယ်စရာတွေပေးသလို အမြဲတမ်းမှာ ဘယ်သူ့ကို လုပ်ရှာမလဲ ကြည့်နေတယ်လို့ ပြောပြပါတယ်။ ဒီလို လုပ်ဖို့လည်း သူအနေနဲ့ လိုအပ်တဲ့ အက်ပလီကေးရှင်းတွေ၊ ဆော့ဖ်ဝဲတွေ ၀ယ်ခဲ့ရကြောင်း၊ နောက်ပိုင်းမှာတော့ ဖိုတိုရှော့ပ်နဲ့ အရင်ပြင်ပြီး facetime app ထဲက filter တစ်ချို့နဲ့ ပြန်ကလိပြီး တကယ့်ပုံလို့ ထင်ရအောင် လုပ်ခဲ့ကြောင်းပြောပြပါတယ်။

READ
လူကိုပိုပြီးရုပ်ဆိုးသွားစေခဲ့တဲ့ အဆိုးဆုံး မိတ်ကပ်လက်ရာများ
Mike Brown
Mike Brown
Mike Brown
Mike Brown

“အမ်မီနမ်ဟာ ဘယ်တော့မှ မပြုံးတဲ့သူဖြစ်လို့ သူ့ကို ရွေးခဲ့တာပါ၊ စစချင်းလုပ်တုန်းကဆို မိန်းမနဲ့ ရယ်လိုက်ရတာဆိုတာပြောမနေနဲ့။ အဲ့ဒါနဲ့ နောက်တော့ ဒီအတိုင်းပဲ ပိုစ့်တင်ခဲ့တာပေါ့။ အဲ့ဒါ့ကို ညီမက ပိုပြီး လုပ်စေချင်တယ်၊ နောက်နေ့လည်း နိုးလာတော့ ရှဲထားတဲ့အကြိမ်အရေအတွက်က (၃၂,၀၀၀) ကျော်နေပြီဆိုတာ ရှင်းမပြတတ်ဖူး” လို့ ဆိုပါတယ်။

Mike Brown
Mike Brown

သင်ရော အမ်မီနမ်ဟာ ပြုံးနေမယ်ဆို ကြည့်ကောင်းမယ်လို့ ထင်လား။ စိတ်ညစ်စရာများတဲ့လောကကြီးမှာ ရှင်သန်ပြီး ကင်မရာတွေနဲ့ ဝေးရာအရပ်တစ်ခုမှာတော့ သူ့အနေနဲ့ အားလုံးလိုပဲ မကြာခဏ ပြုံးကောင်းပြုံးမှာပါ…။

Mike Brown
Mike Brown
Mike Brown
Mike Brown
Mike Brown
Mike Brown
Mike Brown
Mike Brown
Mike Brown

Ref: Bored Panda

Matthew 
SHARE