Mariah Carey ရဲ့ အတ္ထုပ္ပတိစာအုပ်ထဲမှာ သူ့အကြောင်းတွေ ပါလာမှာ စိုးရိမ်နေတဲ့ Eminem

[email protected] mariahcarey [email protected] eminem

ကမ္ဘာကျော် ရက်ပ်အဆိုတော် Eminem ကိုတော့ ဟစ်ဟော့ပ်ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ Eminem ကြီးတစ်ယေက်ကတော့ ဒီအချိန်မှာ တစ်ခြားလူတွေထက် ပိုပြီးတော့ စိတ်သောကရောက်နေမှာတော့ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်က သူ့ရဲ့ချစ်သူဟောင်းဖြစ်တဲ့ နာမည်ကြီးအမေရိကန်တေးရေးတေးဆိုတစ်ဦးဖြစ်သူ Mariah Carey ဟာ မကြာခင်အချိန်အတွင်း ကိုယ်တိုင်ရေး အတ္ထုပ္ပတိစာအုပ်ထွက်ရှိတော့မှာဖြစ်ပြီး အဲဒီစာအုပ်ထဲမှာ Eminem ဟာ သူ့အကြောင်းတွေပါလာမယ့်ကိစ္စကို အာရုံနောက်နေကြောင်း Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Eminem ဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ Mariah Carey နဲ့ အချိန်တော်တော်ကြာ ပတ်သတ်ခဲ့ဖူးသလို တစ်ယောက်နဲ့တစ်ယောက် တော်တော်လည်း ချစ်ခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်သား ပြတ်ပြီးတဲ့နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အခုအချိန်အထိကို တစ်ယောက်နဲ့တစ်ယောက် ရန်သူလို သဘောထားနေတဲ့ ဆက်ဆံရေးတစ်ခုအဖြစ် ပြောင်းခဲ့တာ တော်တော် ကြာနေခဲ့ပါပြီ။

Eminem နဲ့ Mariah Carey တို့ ပြတ်သွားပြီး နောက်ပိုင်းမှာ Mariah ဟာ နာမည်ကြီးရက်ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nick Cannon နဲ့ ဒိတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ Nick Cannon နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီအချိန်တွေမှာလည်း Eminem ဟာ Nick Cannon ကို သီချင်းထဲမှာ diss ခဲ့သလို Nick Cannon ဘက်ကနေပြီးတော့လည်း သီချင်းထဲမှာ Eminem ကို ပြန် diss ခဲ့ပါတယ်။ အဲဒီလိုတွေဖြစ်ပြီး သိပ်မကြာခင် ၂၀၁၆ ခုနှစ်လောက်မှာ Mariah နဲ့ Nick Cannon တို့ အိမ်ထောင်ရေးဟာ အဆုံးသတ်ခဲ့ပါတယ်။

“ Meaning of Mariah Carey ဆိုတဲ့ စာအုပ်ကတော့ Mariah ကိုယ်တိုင်ရေးပြီး လာမယ့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ Eminem ကတော့ Mariah ရဲ့ အတ္ထုပ္ပတိအကြောင်း ရေးထားတဲ့ စာအုပ်မှာ သူ့အကြောင်း ပါလာတော့မှာ ကျိန်းသေသိနေလို့ တော်တော်အာရုံနောက်နေတဲ့ပုံပါပဲ။ ဘာလို့လဲဆိုတော့ Eminem ရဲ့ အောက်ဖဲတော်တော်များများကို Mariah က သိနေပြီး အဲဒီအရာတွေကြောင့် စိတ်ပျက်ပြီး Eminem နဲ့ လမ်းခွဲခဲ့တာပါ။ ဥပမာ- Eminen ဟာ အိပ်ယာပေါ်က စွမ်းဆောင်ရည်မှာ အားနည်းသူတစ်ယောက်ဆိုတာ တော်တော်များများက သိကြမှာ မဟုတ်ပါဘူး” လို့ Mariah ရဲ့ နီးစပ်ရာအသိုင်းအဝိုင်းမှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE