Netflix ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Crown ပရိတ်သတ်တွေရှိလားမသိဘူး။ The Crown ဆိုတာ အင်္ဂလန်ရဲ့တော်ဝင်မိသားစုတွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ်ရိုက်ကူးထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဒီဇာတ်လမ်းတွဲထဲမှာ Elizebath ဘုရင်မကြီး ငယ်ဘဝအကြောင်းတွေက စလို့ လျှို့ဝှက်ချက်တွေအားလုံးကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။
View this post on Instagram
အခုအချိန်မှာတော့ Season 4 အထိ ထွက်လို့နေပြီဖြစ်ပါတယ်။ ဒီ season မှာ စပြီးတော့ Diana အကြောင်း ပါတာပဲဖြစ်ပါတယ်။ Diana နေရာကိုတော့ မင်းသမီး Emma Corrin က သရုပ်ဆောင်ထားခဲ့တာပဲဖြစ်ပါတယ်။ တကယ့်ကို Diana အငယ်စားလေးနဲ့ ချွတ်စွတ်တူလှတဲ့ မင်းသမီး Emma Corrin ဟာ ပရိသတ်တွေရဲ့ ရင်ကို စစချင်းအပိုင်းမှာတင် ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီတော့ လက်တလော နာမည်ကြီးနေတဲ့ Netfix မင်းသမီးလေး Emma Corrin ရဲ့ စိတ်ဝင်စားဖွယ်အချက်လေးတွေကို ကြည့်လိုက်ရအောင်နော်။
Emma Corrin ဟာ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့တာမလို့ အခုလာမယ့် ဒီဇင်ဘာမှာမှ အသက် ၂၅ နှစ်ပြည့်မှာဖြစ်ပါတယ်။ သူမဟာ ယူကေရဲ့ တစ်ချိန်မှာ ထွန်းတောက်လာနိုင်မယ့် အနုပညာရှင်ပေါက်စလေးဆိုပြီး ပညာရှင်တွေက သတ်မှတ်ထားခဲ့ကြပါတယ်။
View this post on Instagram
အရပ်ကတော့ ၅ ပေနဲ့ ၈ လက်မရှိနေပြီး ရှင်းရှင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမဟာ Royal Tunbridge Wells မှာမွေးခဲ့တဲ့ Kent မြို့သူဖြစ်ပြီးတော့ မိခင်ကတော့ တောင်အာဖရိကသူတစ်ဦးဖြစ်ပါတယ်။
Emma Corrin ရဲ့ အခင်ဆုံးသူငယ်ချင်းကတော့ One Direction က အဆိုတော် Harry Styles ဖြစ်ပါတယ်။ Harry နဲ့ Emma တို့ဟာ ၂၀၂၀ အစောပိုင်းကာလတုန်းကမှ ခင်မင်သွားခဲ့တာဖြစ်ပြီးတော့ အဝတ်အစားနဲ့ ဖက်ရှင်အပိုင်းမှာ ခံစားချက်တွေ အတူတူကျနေတာမလို့လည်း အချိန်တိုအတွင်းမှာ ခင်သွားခဲ့တာပါတဲ့။
View this post on Instagram
စစချင်း Diana နေရာမှာ သရုပ်ဆောင်ဖို့ မဟုတ်ခဲ့ပါဘူး။ ဖြစ်ပုံကဒီလိုပါ။ အဲဒီတုန်းက Diana ကို Netlix က လုံးဝမရွေးထားရသေးပါဘူး။ ဒီတော့ Camilla နေရာမှာ သရုပ်ဆောင်ဖို့အတွက် casting ရွေးတဲ့အချိန်မှာ Diana နဲ့ စကားအပြန်အလှန်ပြောခန်းပါတာကြောင့် အနုပညာတီးမိခေါက်မိရှိတဲ့ ချာတိတ်မတစ်ယောက်ကို Diana နေရာကနေ ပြောပေးဖို့ နေ့စားငှားခိုင်းခဲ့တာပါ။ အဲဒီမှာ Emma ကို အလုပ်အပ်ခဲ့ရင်း Diana နေရာနဲ့ လိုက်ဖက်တာကို ပရိုဂျူဆာတွေသတိထားမိခဲ့ကြပါတယ်။ နောက် Prince Charles နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Josh O’Connor ရဲ့ casting မှာလည်း Diana နေရာကနေ နေ့စားအဖြစ်ပြောပေးရင်း Netflix ဖက်က သဘောကျကာ နေရာမှာတင် Diana လုပ်ဖို့ Emma ကို တစ်ခါတည်း ရွေးခဲ့တာပါတဲ့လေ။
The Crown နဲ့ ပတ်သက်ပြီး Emma ဟာ အပိုင်း တစ်ပိုင်းကို ဒေါ်လာ ၄ သောင်းလောက် ပတ်ချာလည်ရမယ်လို့ Pop Buzz ကတော့ ခန့်မှန်းထားပါတယ်။
View this post on Instagram
Emma အနေနဲ့ The Crown ရဲ့ Diana မတိုင်ခင်တုန်းက ပြဇာတ်တော်တော်များများမှာ သရုပ်ဆောင်ခဲ့ဖူးပြီးတော့ Granchester မှာလည်း Esther Carter အဖြစ် အပိုင်း ၁ ပိုင်း၊ Pennyworth ဇာတ်လမ်းတွဲမှာလည်း Esme Winikus အဖြစ်လည်းကောင်း၊ Misbehaviour မှာလည်း Jillian Jessup အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
View this post on Instagram
Penny