Emma Stone လို့ ဆိုလိုက်တာနဲ့ ချစ်ဖို့ကောင်းတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ကောင်မလေးကို အားလုံးပဲပြေးမြင်မိကြမှာပါ။ ၂၀၁၇ ခုနှစ်အတွက် La La Land ရုပ်ရှင်နဲ့ အကောင်းဆုံးမင်းသမီးအဖြစ် အော်စကာဆုရရှိခဲ့တဲ့ Emma Stone ဟာ လက်ရှိအချိန်မှာ ဟောလိဝုဒ်မှာ သရုပ်ဆောင်ကြေးအမြင့်ဆုံးရရှိတဲ့ မင်းသမီးတလက်ဆိုလည်း မမှားပါဘူး။ သူမဟာ အော်စကာဆုအပြင်၊ ဂုဏ်သိက္ခာကြီးမားတဲ့ အခြားဆုတွေဖြစ်တဲ့ ရွှေကမ္ဘာလုံးဆု၊ ဗြိတိန်အကယ်ဒမီဆုနဲ့ Screen Actors Guild Awards တို့ကိုလည်း ဆွတ်ခူးထားနိုင်သူဖြစ်ပါတယ်။
Emma ကို ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့က မွေးဖွားခဲ့တာဖြစ်လို့၊ လက်ရှိအချိန်မှာ အသက် (၂၉)နှစ်ပြည့်ခဲ့ပြီလည်းဖြစ်ပြီး သူမကို လက်ရှိမျိုးဆက်ထဲမှာ အရည်အချင်းအပြည့်ဝဆုံး မင်းသမီးတစ်လက်လို့ မီဒီယာတွေရဲ့ ချီးကျူးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒီလိုအရည်အချင်းပြည့်ဝပြီး ချစ်စရာကောင်းတဲ့ Emma ရဲ့ ညှို့ချက်ပြင်းတဲ့ ဓာတ်ပုံအချို့ကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။













