အမ်မာဝပ်ဆင် နဲ့ တွမ်ဖယ်လ်တန် တို့ စုံတွဲခုတ်နေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေ

Tom Felton Instagram

အမ်မာဝပ်ဆင် နဲ့ တွမ်ဖယ်လ်တန်တို့ (၂)ဦးဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေထဲမှာ အတူသရုပ်ဆောင်ခဲ့တဲ့အချိန်ကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ။ ရုပ်ရှင်ထဲမှာတော့ ဟယ်ရီပေါ်တာရဲ့ သူငယ်ချင်း ဟာမိုင်နီဂရိန်ဂျာ နဲ့ ဟယ်ရီရဲ့ရန်ဘက် ဒရေဂို မဲလ်ဖွိုင်းလ် အဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ သူတို့(၂)ဦးဟာ အပြင်မှာတော့ သူငယ်ချင်းတွေအဖြစ် ဆက်လက်ခင်မင်နေဆဲပါပဲ။

HarryPotter/IMDB
Emma Watson/Twitter

အခုတော့ သူတို့ရဲ့ ခင်မင်မှုက သူငယ်ချင်းအဆင့်ကနေ နောက်တဆင့်တက်သွားပြီလားလို့ မေးခွန်းတွေထွက်ပေါ်လာနေပါပြီ။ တွမ် ဖယ်လ်တန် တယောက် သူရဲ့ Instagram Account မှာ တင်ခဲ့တဲ့ ပုံကအစပြုပြီး အခုလိုမေးခွန်းတွေနဲ့ ကောလာဟလတွေ ထွက်လာတာပါ။ တွမ်ဖယ်လ်တန် တင်ခဲ့တဲ့ ပုံအရ သူတို့ (၂)ယောက်ဟာ တောင်အာဖရိကနိုင်ငံကို အားလပ်ရက်ခရီးထွက်နေကြတဲ့ပုံဖြစ်ပြီး ပုံထဲမှာတော့ တွမ် က အမ်မာကို ဂစ်တာတီးသင်ပေးနေတဲ့ပုံပါ။

 

 

View this post on Instagram

 

Quick learner x

A post shared by Tom Felton (@t22felton) on

ဒီဓာတ်ပုံကိုကြည့်ပြီး ဆိုရှယ်လ်မီဒီယာအသုံးပြုသူတွေက (၂)ယောက်စလုံးဟာ ညအိပ်ဝတ်စုံတွေဝတ်ထားကြတာကြောင့် ညအချိန်ကို အတူတကွဖြတ်သန်းခဲ့ကြတာလားဆိုတာကို မေးခွန်းထုတ်နေကြတာပါ။ ဆိုရှယ်လ်မီဒီယာအသုံးပြုသူတွေကတော့ သူတို့ (၂)ယောက်ကို ဒရေဂိုမယ်လ်ဖွိုင်း နဲ့ ဟာမိုင်နီဂရိန်ဂျာ ကိုပေါင်းပြီး ဒရေမိုင်နီ(Dramione) လို့ နာမည်တပ်ခဲ့ကြသလို၊ ဖယ်လ်ဆင် (Felston) လို့လည်း အမည်ပေးနေကြပါတယ်။ မနှစ်တုန်းကလည်း အမ်မာဝပ်ဆင်ဟာ သူမရဲ့ အင်စတာဂရမ်မှာ တွမ်နဲ့ပုံကို တွဲပြီးတင်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာ မေးခွန်းတွေ ထုတ်စရာ ဖြစ်ခဲ့ဖူးပါ တယ်။

 

 

View this post on Instagram

 

Tom’s @origin_series is out on 14th November. Congrats dear friend. #TFToleratingmysubparskatingskillssince1999.

A post shared by Emma Watson (@emmawatson) on

Emma Watson/Twitter

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရုပ်သံအစီအစဉ်တခုမှာ အမ်မာဝပ်ဆင်က သူ့အသက်(၁၀)နှစ်၊ (၁၂)နှစ်အရွယ် ဟယ်ရီပေါ်တာမှာ စတင်သရုပ် ဆောင်စဉ်တုန်းက ဖယ်လ်တန်ကို crush ခဲ့ရတယ်လို့ ဝန်ခံထားခဲ့ဖူးသလို၊ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ကမ်းခြေတခုမှာ ဖယ်လ်တန်နဲ့ အတူတွဲရိုက်ထားတဲ့ ဆယ်လ်ဖီပုံကို သူမရဲ့ Instagram မှာ တင်ခဲ့ကတည်းက ပရိသတ်တွေက သို့လောသို့လော ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ သူတို့(၂)ယောက်နဲ့နီးစပ်သူတွေကတော့ (၂)ယောက်သားဟာ သူငယ်ချင်းကောင်းတွေသာဖြစ်တယ်လို့ ပြောထားတာကြောင့် သူတို့ကို Darmione ဆိုပြီး ship ချင်ကြသူတွေကတော့ မချင့်မရဲဖြစ်နေကြတယ်လို့ သိရပါတယ်။

KYM

SHARE