ပရိသတ်တွေဖတ်ဖို့ စာအုပ်တွေကို လမ်းတွေမှာ လိုက်ထားပေးနေတဲ့ Emma Watson

Instagram/EmmaWatson

ဟယ်ရီပေါ်တာကားနဲ့ ပရိသတ် ချစ်ခင်မှုအပြည့်အ၀ရခဲ့တဲ့  မင်းသမီးEmma Watson ဟာ ကမ္ဘာတစ်ဝန်းက သူမဖန်တွေကို စာပေဖတ်ရှုဖို့ တိုက်တွန်းတဲ့အနေနဲ့ လမ်းတွေမှာ ‘Little Women’ စာအုပ်တွေကို လိုက်လံထားရှိခဲ့ပါတယ်။ ပရိတ်သတ်တွေက သူမလိုက်ဝှက်ထားတဲ့ စာအုပ်တွေကို ရှာဖွေရမှာပါ။ နိုင်ငံပေါင်း(၃၈)နိုင်ငံမှာ  စာအုပ်ပေါင်း(၂၀၀၀)ကျော် ကို ထားရှိသွားမှာဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်းက Emma ပရိတ်သတ်တွေအပြင် စာဖတ်ဝါသနာပါသူတွေအတွက် ၀မ်းသာစရာသတင်းတစ်ခုပါပဲ။

‘Little Women’ စာအုပ်ဟာ ၁၉ ရာစုနှစ်က အမေရိကန် စာရေးဆရာမ Louisa May Alcott ရေးသားထားတဲ့ စာအုပ်ဖြစ်ပြီးတော့ ဒီဝတ္တုကို ဒါရိုက်တာ Greta Gerwig က ဇာတ်ကားပြန်လည်ရိုက်ကူးထားပါတယ်။

 

အဲဒီဇာတ်ကားမှာ Emma က Margaret Meg March နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Emma ဟာ ၂၀၁၆ခုနှစ်မှာ “ Our shared Shelf” လို့ခေါ်တဲ့ book club ကို တည်ထောင်ထားခဲ့တာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်မှာ Emma ဟာ The Book Fairies လို့ခေါ်တဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

Emmaက သူမရဲ့အင်စတာဂရမ်မှာ အခုလိုကြိုးစားအားထုတ်မှုအတွက် အရမ်းကို ပျော်ရွှင်စိတ်လှုပ်ရှားရပါတယ်။ Louisa May Alcott ရေးတဲ့ Little women ဆိုတဲ့ စာအုပ် အုပ်ရေ ၂၀၀၀ ကို The Book Fairies အဖွဲ့က နိုင်ငံပေါင်း ၃၈ နိုင်ငံမှာ အများသူဌာနေရာအစုံမှာ လိုက်လံထားရှိထားပါတယ်။ စာအုပ်ကောင်းတွေ ဖတ်ရှုစေချင်တဲ့ ဆန္ဒဖြစ်ပြီးတော့ ကိုယ်ကဖတ်ပြီးတဲ့အခါမှာလည်း သူများတွေဖတ်ပါစေဆိုတဲ့ ဆန္ဒနဲ့ အခုလို ရည်ရွယ်လုပ်ဆောင်ကြတာဖြစ်ပါတယ်။ သူတို့ထားတဲ့ စာအုပ်ကို တွေ့ပြီး ဖတ်ရှုလိုက်ရတဲ့သူတွေကလည်း နောက်လူကဖတ်နို်င်အောင်  အခုလို လက်ဆင့်ကမ်းခဲ့ဖို့ နှိုးဆော်ထားပါသေးတယ်။

READ
ကြေးအမြောက်အမြားနဲ့ လေလံအောင်ခဲ့တဲ့ ဆယ်လီတွေရဲ့မနှစ်မြို့ဖွယ်ရာပစ္စည်းများ

 

ဒီရည်ရွယ်ချက်ကို The Book Fairies အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ Emma Watson က ဒီလှုပ်ရှားမှုမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။ ၀တ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ‘Little Women’ ရုပ်ရှင်ကားမှာ Emma နဲ့အတူ Saoirse Ronan, Florence Pugh နဲ့ Meryl Streepတို့ပါဝင်ထားကြပြီး၊ ဒီဇင်ဘာ(၂၆)ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Khaing Sandar

SHARE