ပရိသတ်တွေ လက်လွှတ်မခံသင့်တဲ့ Emma Watson ရဲ့ ဇာတ်ကားများ

Image:twitter/ @WrestleWanks

Emma Watson  ကတော့ အမျိုးသားပရိသတ်ရဲ့ အားပေးဝန်းရံမှုကို အပြည့်အ၀ ရထားတဲ့ ဟောလိဝုဒ် မင်းသမီး ချော တစ်ယောက်ပါ။ဟယ်ရီပေါ်တာ စီးရီးတွေနဲ့ ပရိသတ်ရှေ့မှာတင် ကြီးပြင်းလာခဲ့ပြီး နာမည်ကြီး အောင်မြင်ခဲ့သူပါ။Emma Watson ကတော့ (၁၉၉၀)မှာမွေးဖွားခဲ့သူပါ။သူမရဲ့ အနုပညာသက်တမ်းတစ်လျောက် ဇာတ်ကား တွေ အများကြီး ရိုက်ကူးခဲ့၊ရိုက်ကူးနေစဲပါ။ဟယ်ရီပေါ်တာ စီးရီးတွေ အပြင် သူမရဲ့ တခြား နာမည်ကြီး ဇာတ်ကား တွေရှိပါတယ်။အဲ့ဒါတွေကတော့….

This Is the End(2013)

This Is the End ကတော့ (၂၀၁၃) အမေရိကန် သဘာဝ ဘေးအန္တာရယ်ဟာသဇာတ်ကားကောင်းလေးပါ။ဒါရိုက်တာ Seth Rogen နဲ့  Evan Goldberg  တို့ရိုက်ကူးပုံဖော်ထားတာပါ။ဒီဇာတ်ကားမှာတော့  James Franco, Jonah Hill, Rogen, Jay Baruchel, Danny McBride,  Craig Robinson, Emma Watson တို့ ပါဝင်ထားပါတယ်။

The Perks of Being a Wallflower (2012)

The Perks of Being a Wallflower က တော့ ဒါရိုက်တာ Stephen Chbosky ရိုက်ကူးတဲ့ ဇာတက်ားပါ။ Emma Watson, Ezra Miller, Mae Whitman, Kate Walsh, Dylan McDermott, Nina Dobrev… တို့ ပါဝင်ထားပါတယ်။သူငယ်ချင်းတွေ(Emma Watson, Ezra Miller) တို့က တစ်သီးတစ်စန့်နေတတ်တဲ့ ဆယ်ကျော်သက်(Logan Lerman) ကို social ကျတဲ့ သူတစ်ယောက် ဖြစ်လာအောင် ကူညီပေးတဲ့ ဇာတ်ကားလေးပါ။

READ
Harry Stylesနဲ့ လေယာဉ်ပေါ်မှာ ၁၀နာရီကြာ ဘေးချင်းကပ်ထိုင်ခွင့်ရခဲ့တဲ့ Alex Lomas

 Beauty and the Beast (2017)

ဒီကားကတော့ မကြည့်ဖူးတဲ့ သူမရှိလောက်တဲ့ ဇာတ်ကားလေးပါ။အရမ်းကို နာမည်ကြီးအောင်မြင်ခဲ့ပြီး ၀င်ငွေ တွေလည်း အများကြီးရခဲ့ပါတယ်။ဒါရိုက်တာကတော့ Bill Condon  ပါ။  Walt Disney Pictures နဲ့ Mandeville Films တို့ ပူးပေါင်း ထုတ်တဲ့ ဇာတ်ကားလေးပါ။ Emma Watson နဲ့  Dan Stevens  တို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။

The Colony (2015)

(၂၀၁၅)သမိုင်းကြောင်းအချစ်ဇာတ်ကားလေးပါ။ဒါရိုက်တာ  Florian Gallenberger ပါ။Emma Watson, Daniel Brühl,  Michael Nyqvist တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ချစ်သူကို  ရှာဖွေ ကယ်ဆယ်တဲ့ ဇာတ်ကားလေးပါ။ချစ်သူကို ကယ်ရင်းနဲ့ ဘယ်သူမှ ပြန်လွတ်လာရိုးထုံးစံ မရှိတဲ့ Colonia Dignidad ထဲကို ရောက်သွားတဲ့ အကြောင်းလေးပါ။ရိုက်ကူးရေးတွေကိုတော့ ဂျာမနီ၊ချီလီနဲ့ အာဂျင်တီးနား နိုင်ငံ တို့ မှာပါ ပြုလုပ်ခဲ့တာပါ။

READ
London Has Fallen ရုံတင်ပြီ။

Little Women 2019

ဒီဇာတ်ကားကတော့ (၂၀၁၉)ဒီဇင်ဘာ (၂၅)ကျမှ ထွက်ရှိမှာပါ။ဒီဇာတ်ကား မှာတော့  Saoirse Ronan, Emma Watson, Florence Pugh, Eliza Scanlen, Laura Dern, Timothée Chalamet, Meryl Streep တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။အမေရိကန် ပြည်တွင်းစစ်အပြီး ညီအစ်မ လေးယောက် အမေရိကမှာ ရှင်သန်နေထိုင် ကြတဲ့ အကြောင်းလေးပါ။

Ref: wikipedia.

SHARE