အပြင်လုံးဝမထွက်ပဲ အိမ်မှာနေရတဲ့အကြောင်းရင်းကို မျှဝေခဲ့တဲ့ Emma Watson

instagram/emmawatson, instagram/davidbeckham

COVID-19 ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဗဟုသုတရှိသူ အတော်များများဟာ အိမ်ထဲကနေအိမ်ပြင်မထွက်ကြတော့ပါဘူး။ ဒါပေမဲ့လည်း ဒီအဆုတ်ရောင်ရောဂါကို ပေါ့ပေါ့တန်တန် သဘောထားပြီး အရေးကြီးကိစ္စမရှိပဲ အပြင်ထွက်မြဲထွက်နေသေးတဲ့သူတွေ ရှိပါသေးတယ်။

အာဏာပိုင်တွေအသီးသီးကလည်း ပြည်သူတွေကို စဉ်ဆက်မပြတ် ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေလုပ်နေသလို ကမ္ဘာကျော်ဆယ်လီတွေကလည်း လူတစ်ဦးနဲ့တစ်ဦး(၃) ပေ အကွာခြားပြီး နေရမယ့် social distancing အကြောင်းကို မီးမောင်းထိုးပြောပြလျက်ရှိနေပါတယ်။

ဥပမာဆိုရင် ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းကပဲ သရုပ်ဆောင် Kevin Bacon ဟာ အင်စတာဂရမ်ပေါ်မှာ I Stay Home ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Kevin ဟာ သူ့ရဲ့ဆယ်လီသူငယ်ချင်းတွေနဲ့အတူ ၄င်းတို့ဘာကြောင့် အိမ်မှာနေရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုပါ ဖော်ပြပေးဖို့ tag တွဲခဲ့ပါတယ်။

View this post on Instagram

#IStayHomeFor @kikkosedg! Hey everybody, it’s now so important to stay home and keep our distance from others if you are able. It’s one way we can help prevent the spread of #Coronavirus and save lives. The more of us who can, make it safer for those who can’t. So if you’re home too like me, post a video or photo with a sign like mine, telling who you are staying home for and ask 6 friends to do the same. Post it with the hashtag #IStayHomeFor so I can see and share. The more folks involved, the merrier – We’re all connected by various degrees (Trust me, I know!) I’m kicking it off with @jimmyfallon @eltonjohn @Brandicarlile @kevinhart4real @ddlovato @davidbeckham – but I encourage YOU ALL to join in too! Let’s use this 6 Degree thing to do some good! . . . . #Corona #Coronavirus #StayHome #StaySafe #6Degrees #ThinkingOfYou #SpreadTheWord

A post shared by Kevin Bacon (@kevinbacon) on

အောက်မှာတွေ့ရမှာတော့ #istayhomefor challenge မှာ ပါဝင်ခဲ့ကြတဲ့ ဆယ်လီတွေပဲ ဖြစ်ပါတယ်။ ဒီ challenge ထဲ မကြာခင်ကမှ ပါဝင်လာသူကတော့ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေက မင်းသမီး Emma Watson ပဲဖြစ်ပါတယ်။ Emma ဟာ ဘာကြောင့် သူမအိမ်ထဲ နေရတယ်ဆိုတဲ့ အကြောင်းပြချက်အပြင် ခုလိုဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်နေထိုင်တဲ့လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုကူညီနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေကိုပါ ပြောပြခဲ့ပါတယ်။

READ
မွေးစားမိဘတွေနဲ့ တွေ့ပြီးနောက် ကံကောင်းသွားခဲ့တဲ့ ခွေးလေး

https://www.instagram.com/p/B-FlUSFJ0dg/?utm_source=ig_web_copy_link

ဒီကမ်ပိန်းကို David Beckham ကလည်း ပါဝင်ပူးပေါင်းခဲ့ပါတယ်။ သူအိမ်မှာနေရတဲ့အကြောင်းရင်းကတော့ ဇနီးဖြစ်သူနဲ့ ကလေးတွေကြောင့်လို့ ဆိုပါတယ်။

https://www.instagram.com/p/B96tCl_B9eB/?utm_source=ig_web_copy_link

သီချင်းလည်းဆို၊ တေးလည်းရေးတဲ့ Elton John ကတော့ သူအိမ်မှာနေရတဲ့အကြောင်းက သူ့အမျိုးသား David Furnish နဲ့ သူတို့နှစ်ဦးရဲ့သားတွေဖြစ်တဲ့ Zachary နဲ့ Elijah တို့ကြောင့်ပါလို့ ပြောပြပါတယ်။

Stranger Things ရုပ်ရှင်မင်းသမီး Millie Bobby Brown ကတော့ သူမရဲ့မိသားစုကြောင့်၊ သူမရဲ့ အဘွားကြောင့်နဲ့ အသက်ကြီးတဲ့သူ၊ကိုယ်ခံအားချို့တဲ့တဲ့သူတွေအတွက် အိမ်မှာနေတာပါလို့ဆိုပါတယ်။

အောက်မှာတော့ တေးသံရှင် Demi Lovato ဖြစ်ပြီး သူမကတော့ အိမ်မှာနေတာ သူမရဲ့မိဘတွေနဲ့ အိမ်နီးချင်းတွေကြောင့်၊ သူမကျန်းမာရေးကြောင့်လို့ ဆိုထားပါတယ်။

READ
ခွေးအမှတ်နဲ့ ရေခဲကန်ထဲမှာ ဒုက္ခရောက်နေတဲ့ သတ္တ၀ါကို ကယ်ဆယ်ခဲ့တဲ့အဖြစ်

https://www.instagram.com/p/B976al0hQ7u/?utm_source=ig_web_copy_link

လင်းလင်း (ShweMom)

SHARE