ဈေးဝယ်သူရဲ့ အပြုအမူဆန်းကြောင့် ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့တဲ့ ဆိုင်ဝန်ထမ်း

သြစတေးလျနိုင်ငံ ဆစ်ဒနီအနောက်တောင်ဘက် ဘန့်ခ်စတောင်းဧရိယာနားမှာ ဖြစ်ပွားခဲ့တဲ့ ဖိနပ်ဆိုင်တစ်ဆိုင်က ဖြစ်ရပ်ဟာ အွန်လိုင်းမှာ ပေါ်ပြူလာဖြစ်နေပါတယ်။ ၄င်းဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ နေရာဟာ JD အားကစားစတိုးတစ်ခုမှာ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦးဟာ ပူးမားတံဆိပ် ဖိနပ်သစ်တစ်ရံကို သူများတွေလို သာမန် စမ်းစီးခဲ့တာမဟုတ်ပဲ စတန့်လုပ်ပြီး ခုန်ပေါက်ပြေးလွှားကာ စီးခဲ့တာ ဖြစ်ပါတယ်။

Asiawire

မသိရင် ဖိနပ်ကို စီးပြေးပြီး ခိုးမယ့်ဟန်နဲ့ ဆိုင်ထဲကနေ ရုတ်ခြည်း ပြေးထွက်သွားပြီးမှ ခပ်တည်တည်နဲ့ ဆိုင်ထဲပြန်ပြေးဝင်လာတဲ့ ဖိနပ်ဝယ်သူအမျိုးသားရဲ့ ဖြစ်ရပ်ဟာ ဟာသမြောက်ဖွယ်ပါပဲ။ ၀ယ်သူက ဘာမပြော ညာမပြောနဲ့ ဖိနပ်စီးပြီး ဆိုင်ထဲက ထွက်ပြေးသွားတော့ အရောင်းဝန်ထမ်းကောင်လေးခမျာ ကသောကမျောနဲ့ နောက်က ပြေးလိုက်တာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရမှာပါ။ ၄င်းဗီဒီယိုကို Humans of Bankstown ဖေ့စ်ဘုတ်စာမျက်နှာပေါ် တင်ခဲ့ရာကနေ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။

Asiawire

လူတွေကတော့ စတိုးဆိုင်ဝန်ထမ်းလေးရဲ့ တုံ့ပြန်မှုအပေါ်မှာ ၀န်ထမ်းကောင်း ပီသတယ်ဆိုပြီး ချီးကျူးနေကြပါတယ်။ ဖိနပ်ဝယ်သူက ဆိုင်ဘက်ကို ပြန့်လှည့်အလာမှာတော့ ၄င်းဝန်ထမ်းလေးဟာ စိတ်သက်သာရာရသွားပုံ ပေါ်ပါတယ်။ ရင်ဘတ်ကို လက်နဲ့ ဖိပြီး ၀ယ်သူရဲ့ စတန့်အပေါ်မှာ ရယ်မောနေတာကိုလည်း တွေ့မြင်ရပါတယ်။ ၄င်းဖြစ်ရပ်ဟာ လုံခြုံရေးဝန်ထမ်းတွေနဲ့အတူ အခြားဈေးဝယ်သူတွေကိုပါ အထိတ်တလန့် ဖြစ်သွားစေခဲ့တာပါ။

READ
အမြှီးပေါက်နေလို့ ဟာနုမန်ဝင်စားသူအဖြစ်ကိုးကွယ်ခံရသူ ခွဲစိတ်မှုခံယူခဲ့
Asiawire
Asiawire

ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ ဆိုင်ဝန်ထမ်းအလုပ်သမားလေးရဲ့ စာရိတ္တနဲ့ ပတ်သက်လို့ ချီးမွမ်းခန်း ဖွင့်နေပါတယ်။ “ကိုယ်သာဆို ဒီတိုင်းကြည့်နေပြီး နောက်ကလိုက်မှာ မဟုတ်ဘူး။” လို့ တစ်ဦးက ဆိုခဲ့တဲ့အပြင် “လုံခြုံရေးတွေက ဘာမှလည်း မလုပ်ကြဘူး။” လို့ တစ်ဦးက ဆိုခဲ့ပါသေးတယ်။ ၄င်းဟာသ ဗီဒီယိုလေးဟာ ပို့စ်တင်ပြီးပြီးချင်း (၂) နာရီအတွင်းမှာပဲ အကြိမ်ပေါင်း(၂၀,၀၀၀) လောက် ကြည့်ရှုခံရပြီးဖြစ်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail, buzzfeed

SHARE