Elon Musk ရဲ့ ခုတစ်မျိုး၊ တော်ကြာတစ်မျိုးစိတ်ကြီးကို ကြောက်နေပြီဆိုတဲ့ ဝန်ထမ်းများ

Instagram @ELONMUSK

Complex မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ Elon Musk နဲ့ သူ့ရဲ့ ကုမ္ပဏီဝန်ထမ်းတွေအကြောင်းပါ။ Elon Musk ဆိုတာ ယနေ့ခေတ်ရဲ့ သိပ္ပံနည်းပညာဆိုင်ရာတွေကို ဦးဆောင်နေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ပညာရှင်တစ်ဦးဖြစ်ပြီးတော့ Tesla နဲ့ Space X ဆိုတဲ့ ကုမ္ပဏီနှစ်ခုရဲ့ founder နဲ့ CEO တစ်ဦးလည်းဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by @elonmusk

 

View this post on Instagram

 

A post shared by @elonmusk

နည်းပညာရဲ့ ဖခင်ကြီးလို့ တချို့တွေ တင်စားနေကြတဲ့ Elon Musk ကိုတော့ သူ့ရဲ့လက်အောက်ကဝန်ထမ်းတွေဟာ တော်တော်လေးကို ကြောက်နေခဲ့ပါပြီတဲ့။ တခြားတော့မဟုတ်ပါဘူး။ Elon Musk ရဲ့ mood swings တွေကိုပါတဲ့။

 

View this post on Instagram

 

A post shared by @elonmusk

Mood swings ဖြစ်တယ်ဆိုတာ အခုပဲ တစ်မျိုးဖြစ်လိုက်၊ တော်ကြာတစ်မျိုးဖြစ်လိုက်နဲ့ အတွေးအခ်ါကစလို့ စိတ်ခံစားချက် အတက်အကျ၊ positive နဲ့ negative အဆုံး စက္ကန့်ပိုင်းအတွင်း အပြောင်းလဲကြီးပြောင်းလဲတာမျိုးကို ဆိုလိုတာပါ။ ဒီလို mood swings ဖြစ်နေတတ်တဲ့ Elon Musk ကိုတော့ ဝန်ထမ်းတွေဟာ သူတို့အမဲမခံရဘဲ အလုပ်ကိစ္စတွေ အဆင်ပြေပြေပြောနိုင်အောင်လို့ အမြဲတမ်း သတိကြီးကြီးထားပြီးတော့ ဆက်ဆံနေရပါသတဲ့။

 

View this post on Instagram

 

A post shared by @elonmusk

အဆိုးဆုံးကတော့ လုပ်ငန်းကိစ္စတစ်ခုပြောတော့မယ်ဆိုတိုင်း Elon Musk ရဲ့ စိတ်အခြေအနေ ဘယ်လိုရှိနေလဲဆိုတာကို သူ့ရဲ့ social media account ကို အရင်ဆုံးသွားကြည့်ပြီးတော့မှပဲ အခြေအနေကောင်းမှ သွားပြောရရပါတယ်တဲ့။

 

View this post on Instagram

 

A post shared by @elonmusk

penny

SHARE