အလုပ်သမားတွေကို အိမ်မှာနားခိုင်းလည်း လစာအပြည့်ပေးရမယ်လို့ မလေးရှားဆို

pexels/Startup Stock Photos

Covid-19 ကြောင့် တစ်နိုင်ငံလုံး ခက်ခဲမှုတွေနဲ့ရင်ဆိုင်နေရချိန်အတွင်း အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားစာချုပ်ပါ စည်းကမ်းတွေကိုမလိုက်နာပဲ အလုပ်သမားတွေကို လစာဖြတ်တာ၊ ခွင့်ယူဖို့ အတင်းအကြပ်တိုက်တွန်းတာ၊ အလုပ်ကထွက်ခိုင်းတာမျိုးတွေ မလုပ်ရဘူးလို့ မလေးရှားနိုင်ငံ လူ့အရင်းအမြစ်ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဝန်ကြီးဌာနက လုပ်ခလစာတွေအပါအ၀င် အလုပ်သမားတွေခံစားခွင့်ရှိတဲ့ အကျိုးရလဒ်တွေကို ၀န်ထမ်းတွေဆီ မပျက်မကွက်ပေးရမယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ movement control order လို့ခေါ်တဲ့ (MCO) ကာလအတွင်း ၀န်ထမ်းတွေကို annual leave ယူခိုင်းတာမျိုးလည်း အတင်းအကြပ်မလုပ်ရဘူးလို့ သိရပါတယ်။

pexels/Moose Photos

ဥပမာ လေကြောင်းလိုင်းလို စီးပွားရေးကျဆင်းလာတဲ့ ကုမ္ပဏီတွေအနေနဲ့ ၀န်ထမ်းတွေအပေါ်လစာငွေနဲ့ ခံစားခွင့်တွေဖြတ်တောက်တာမျိုးပြုလုပ်မယ်ဆိုရင် အရင်ဆုံး သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေနဲ့ သဘောတူညီချက်ရယူပြီးမှသာ ပြုလုပ်သင့်တယ်လို့လည်း ၀န်ကြီးဌာနက ဆိုပါတယ်။

READ
ဂိမ်းပေးမဆော့လို့ မိခင်ရဲ့ မျက်နှာကို ခြေထောက်နဲ့ ကန်ခဲ့တဲ့ ကလေးဆိုး

တကယ်လို့ အလုပ်ရှင်တွေဟာ MCO အတွင်း စီးပွားရေးထိခိုက်တာကို အကြောင်းပြပြီး အလုပ်သမားလျှော့ချမယ်၊ အလုပ်သမားတွေကို အတင်းအကြပ်ခွင့်ယူခိုင်းမယ်၊ လစာဖြတ်မယ်ဆိုတာမျိုးတွေ လုပ်လာရင် အလုပ်သမားတွေအနေနဲ့ constructive dismissal claim ကို ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ Constructive dismissal claim ဆိုတာကတော့ ယေဘူယျအားဖြင့် အလုပ်ရှင်ဘက်က အလုပ်ရှင်-အလုပ်သမားစာချုပ်ကို ချိုးဖောက်တဲ့အတွက် အလုပ်သမားဟာ အလုပ်ထွက်လိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ အလုပ်သမားသမဂ္ဂ၀င်ထားတဲ့ အဖွဲ့ဝင် လုပ်သားတစ်ယောက်သာ ခုလိုဖြစ်ခဲ့မယ်ဆိုပြီး သမဂ္ဂအနေနဲ့တာဝန်ယူပြီး ဥပဒေကြောင်းအရ သွားနိုင်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် MCO ကာလအတွင်း အိမ်မှာအနားမရပဲ အလုပ်လုပ်နေရတဲ့ဝန်ထမ်းတွေအတွက်လည်း ကျန်းမာရေးကြိုတင်သတိပေးချက်တွေနဲ့အတူ ကာကွယ်စောင့်ရှောက်မှုတွေဖြစ်တဲ့ ကိုယ်အပူချိန်တိုင်းတာ၊ လိုအပ်တဲ့လက်သန့်ဆေးရည်၊ ပိုးသတ်ဆေးရည်တွေထားပေးတာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရာချထားပေးတာ စတာတွေကိုလည်း ပြုလုပ်ပေးဖို့လိုအပ်ကြောင်း မလေးဝန်ကြီးဌာနက ပြောသွားခဲ့ကြောင်း asiaone သတင်းအရ သိရပါတယ်။

READ
ကွာရှင်းမှာကိုမကျေနပ်လို့တရားရုံးရှေ့မှာ ဗုံးဖောက်ခွဲပြီးသေကြောင်းကြံခဲ့တဲ့ခင်ပွန်း

လင်းလင်း (ShweMom)

SHARE