တစ်ချိန်က စီအီးအိုဖြစ်ခဲ့ပေမယ့် အခုတော့ အရောင်းဝန်ထမ်းဘ၀နဲ့ ပျော်နေတဲ့ အဖိုး

facebook/nanchai08

အငြိမ်းစားယူပြီးသူတွေနဲ့ အသက်ကြီးသူတွေကို အလုပ်အကိုင်ပေးတာဟာ သက်ကြီးရွယ်အိုဦးရေတိုးတက်လာတဲ့ ထိုင်းနိုင်ငံမှာတော့ သိပ်မထူးဆန်းတော့ပါဘူး။ အလုပ်ရှိတဲ့အခါ အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေအနေနဲ့လည်း သူတို့ကိုယ်သူတို့ သိမ်ငယ်စိတ်တွေ ဖြစ်ပေါ်မှာ မဟုတ်တော့ပါဘူး။

Worldofbuzz အရ ဖေ့စ်ဘုတ်ပေါ်မှာတော့ ထိုင်းနိုင်ငံက ပါလာကွန်းတက်စ်နမ်ဆိုသူက ရှဲထားတဲ့ သတင်းတစ်ပုဒ်ကို တွေ့ရပါတယ်။ ပါလာကွန်းဟာ ရှော့ပင်းမောလ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် (၈၁) နှစ်အရွယ် အဖိုးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သူဈေးဝယ်နေတုန်း သူ့နားကို အန်ကယ်ပရာချာက ရောက်လာပါတယ်။ အန်ကယ်ပရာချာက ဈေးဝယ်ခြင်းလေး ယူဦးမလားလို့ မေးရာကနေ သူတို့နှစ်ဦး စကားစပြီး ပြောဖြစ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

facebook/nanchai08

ပါလာကွန်းက အန်ကယ်ပရာချာကို ဘာလို့ ဒီအသက်အရွယ်ကျမှ မောလ်မှာ အလုပ်လုပ်နေရတာလည်း ဆိုပြီး မေးခဲ့ပါတယ်။ အန်ကယ်ပရာချာကတော့ သူ့ဝမ်းရေးအတွက် သူကျောင်းဖို့ လိုနေတုန်းပဲလို့ ပြန်ဖြေခဲ့ပါတယ်။ ဒီနောက်မှာတော့ ပါလာကွန်းက အန်ကယ်ပရာချာဟာ အရင်တုန်းက စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ စီအီးအိုဖြစ်ခဲ့တာကို သိလိုက်ရပါတယ်။ လုပ်ငန်းမှာ ၀န်ထမ်း (၂၀၀) ကျော်ကို အန်ကယ်ပရာချာက ကြီးကြပ်ကွပ်ကဲခဲ့ရတာပါ။ ဒါပေမယ့် နောက်ပိုင်းတော့ ကုမ္ဗဏီကို ပိတ်ပစ်လိုက်ရပါတယ်။

facebook/nanchai08

အန်ကယ်ပရာချာကတော့ သူဟာ စီအီးအိုတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း သူ့မှာ စစ်မှန်တဲ့ သူငယ်ချင်းတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ကျွန်တော့်မှာ သူငယ်ချင်းကောင်း မရှိခဲ့ဘူးဗျ။ ကျွန်တော် ဒုက္ခရောက်တော့ ဘယ်သူမှ အကူအညီမပေးကြဘူး။ အားလုံးကို ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ဖြေရှင်းခဲ့ရတာ…” လို့လည်း ပြောပြပါတယ်။ ဒါပေမယ့် အခုလက်ရှိ သူလုပ်နေတဲ့ အရောင်းဝန်ထမ်းဘ၀မှာတော့ သူအကောင်းဆုံးဖြစ်အောင် ကြိုးစားနေပြီး ပျော်လည်း ပျော်ပါတယ်လို့ ဆိုပါတယ်။

พนักงานอาวุโส ผมพบกับคุณลุงประชา พนักงานของห้างใกล้บ้าน รู้สึกแปลกใจที่คุณลุงอายุมากแล้วยังต้องมาทำงานเป็นพนักงานขาย…

Posted by พลากร เทศนำ on Sunday, January 12, 2020

facebook/nanchai08

နှစ်ဦးသား ခွဲခွာခါနီးမှာတော့ အန်ကယ်ပရာချာက ပါလာကွန်းကို အကြံဥာဏ်တွေ ပေးခဲ့ပါသေးတယ်။ အရက် မသောက်နဲ့။ ဆေးလိပ်မသောက်နဲ့။ အချိုရည်တွေလည်း အရမ်းမသောက်နဲ့။ ပြီးတော့ အရေးအကြီးဆုံးက အစွဲမထားနဲ့။ ကျန်းမာရေးအတွက် မကောင်းဘူး…ဆိုပြီး အဖိုး ပရာချာက သွန်သင်ခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE