HIV ကို အမြစ်ပြတ် သုတ်သင်ပေးနိုင်မယ့် ဆေးပေါ်ထွက်လာခဲ့ပြီ

Twitter / POZ

တစ်ချိန်က ကုရာနတ္ထိ ဆေးမရှိလို့ ပြောခဲ့တဲ့ HIV ကူးစက်ရောဂါဟာ ဆေးဘက်ဆိုင်ရာ နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ကူးစက်ခံ ဝေဒနာသည်တွေရဲ့ အသက်ရှည်တည်ရှိမှုကို ယခင်ကထက် ပိုပြီး ဆွဲဆန့်လာနိုင်တာကို တွေ့ရပါတယ်။ အရင်က ဒီရောဂါဖြစ်ပြီဟေ့ဆိုရင် ထိုင်ကြည့်နေရသလောက် လက်ရှိမှာတော့ တဖြည်းဖြည်း ဆေးတွေက ကောင်းလာတဲ့သဘောပါ။

အခုလည်း အဲဒီထက်ကောင်းတဲ့ ဆေး ပေါ်လာဖို့ရှိနေပါပြီ။ ဒီဆေးက ဘယ်လောက်အထိ ကောင်းသလဲဆိုရင် “HIV ဆိုရင် မိုးကုတ်စက်ဝိုင်းမှာ ကျန်ရစ်ခဲ့တော့”ဆိုပြီး ပြောရလောက်အောင်အထိ ကောင်းပါတယ်။ ရှင်းရှင်းပြောရရင်တော့ HIV ဆို လှည့်ကြည့်စရာမလို၊ အရှင်းပျောက်အောင် ကုပေးနိုင်တဲ့ဆေးပါတဲ့။

 

လာမယ့် (၂၀၂၁)မှာ ဒီဆေးကို တွင်ကျယ်စွာ ရနိုင်ဖို့ရှိနေပါတယ်။ သုတေသနပညာရှင်တွေကတော့ သူတို့ရဲ့လုပ်ရပ်က အနာဂတ်အတွက် အကောင်းမြင်စရာပါလို့ ပြောပါတယ်။ အကြောင်းကတော့ သူတို့ လက်ရှိ သုတေသနပြုနေတဲ့ ဆေးအမယ်(၃)ခုဟာ နောက်ဆုံးအဆင့်တွေကို ရောက်နေလို့ပါ။

သူတို့ စမ်းသပ်နေတဲ့ဆေးအမယ်(၃)မျိုးကို HVTN 702, Imbokodo နဲ့ Mosaico ဆိုပြီး အမည်ပေးထားပါတယ်။ ကံကောင်းရင် လာမယ့်နှစ် (၂၀၂၀)မှာတောင် ရနိုင်တဲ့အနေအထားမျိုးမှာ ရှိနေပါတယ်။ လူတစ်ယောက်မှာ HIV ရှိပြီဆိုရင် ဒေါက်တာတွေက Antiretroviral treatment နည်းနဲ့ ကုသကြလေ့ရှိပါတယ်။

အခုဆေးသုံးမျိုးကို တစ်မျိုးတည်းပေါင်းလိုက်တဲ့ခါ၊ ဒါမှမဟုတ် ဆေးပြားတစ်ပြားအဖြစ် သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာပွားနေတဲ့ ဗိုင်းရပ်စ်တွေကို ရပ်တန့်စေမှာပါ။ အဲဒီစနစ်ကနေ ဗိုင်းရပ်စ်သယ်ဆောင်တဲ့ အရေအတွက်ပမာဏကို လျှော့ချသွားမှာဖြစ်ပြီး၊ သွေးထဲက HIV ပိုးပမာဏကို လွယ်ကူစွာ ရော့နည်းသွားစေမှာပါ။ ဒီနည်းနဲ့ HIV လုံးဝကင်းစင်အောင် တိုက်ဖျက်သွားမယ်လို့ သိရပါတယ်။

ဒီဆေးဟာ HIV ဗိုင်းရပ်စ်ကို အကြွင်းအကျန်မရှိ တိုက်ခိုက်သွားမယ်လို့ ဆိုမထားပေမယ့် အလွန်ကို နိမ့်ဆင်းတဲ့ပမာဏမှာ လူနာတစ်ယောက်ကို ပုံမှန်အတိုင်း နာလန်ပြန်ထူလာစေမှာပါတဲ့။ ဆိုရရင် လူနာတစ်ယောက်အနေနဲ့ ဒီဆေးကုသမှု ရပ်ဆိုင်းလိုက်မယ်ဆိုရင် HIV ဗိုင်းရပ်စ်တွေဟာ တစ်ချိန်ချိန်မှာ ပြန်ပြီး နိုးထလာနိုင်သေးတဲ့သဘောပါ။

ဒီလို အားနည်းချက်တွေ အနည်းငယ်ရှိနေသော်လည်း သေချာတာကတော့ ဒီဆေးကိုသာ ပုံမှန်သုံးစွဲမယ်ဆိုပါက HIV ကြောင့် လူသေဖို့ မရှိတော့ပါဘူး။ ဒါကြောင့်လည်း ဆေးသိပ္ပံနယ်ဘက်မှာ ပိုပြီးထိရောက်တဲ့ မျှော်လင့်ချက်တွေကို ထားလာနိုင်ပြီဖြစ်တယ်လို့ အပြူသဘောနဲ့ မြင်ယောင်နေရတော့မှာပါ။

 

သိရသလောက်တော့ RV144 ဆေးဟာ ယခင်မှတ်တမ်းအရ HIV ကူးစက်မှုကို (၃၀)% လျှော့ကျစေပါတယ်။ ဒီဆေးဟာ ဗိုင်းရပ်စ်ကို အထိရောက်ဆုံးတိုက်ခိုက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ဆေးဖြစ်ပါတယ်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ဆေးကို ဒီထက်ပိုပြီး စွမ်းစေချင်နေကြပါတယ်။

Imbokodo ကိုတော့ (၂၀၁၇)မှာ တောင်အာဖရိက (၅)နိုင်ငံမှာ စတင်စမ်းသပ်ခဲ့ပြီး၊ ဒီဆေးကတော့ လူနာရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို လှုံ့ဆော်ပေးတဲ့၊ သို့မဟုတ် အားကောင်းစေတဲ့ဆေးဖြစ်ပါတယ်။ တတိယဆေးဖြစ်တဲ့ Mosaico ကိုတော့ အခုနှစ် နိုဝင်ဘာမှာ စတင်စမ်းသပ်ခဲ့ပြီး၊ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်လို့ ကနဦး သိရပါတယ်။

လင်းသုတ

SHARE