ညှပ်ထားတဲ့ လက်သည်းတွေကိုစုပြီး၊ စေ့စပ်လက်စွပ်အဖြစ် ဖန်တီးတဲ့ အမျိုးသား

youtube

ဂျပန်နိုင်ငံက နာမည်ကြီး YouTuber တစ်ယောက်ဟာ သူရဲ့ လက်သည်းတွေကို စုဆောင်းပြီး စေ့စပ်လက်စွပ်အဖြစ် ပြန်လည်ဖန်တီးခဲ့ကြောင်း သိရပါတယ်။ အဲဒီ YouTuber အမျိုးသားဟာ ယခင်ကလည်း ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကနေ ပါစတာခေါက်ဆွဲတွေ၊ ငါးတွေ ပြုလုပ်ခဲ့ပါတယ်။

သူဟာ Underwear တွေကိုတောင်မှ ဓားအဖြစ် ဖန်တီးခဲ့ဖူးတယ်လို့ သိရပါတယ်။ သူ့အမည်ကတော့ Kiwami Japan လို့ အများက ခေါ်ဆိုကြပြီး၊ သူဟာ ဘုစုခရု ပေါက်တက်ကရတွေ လုပ်ပြရင်း နာမည်ကြီးနေသူပါ။ အခုလည်း သူဟာ ညှပ်ထားတဲ့ လက်သည်းတွေကို စေ့စပ်လက်စွပ်အဖြစ် အဖိုးနည်းအိုးကွဲ ဖန်တီးခဲ့တာပါ။

YouTube / Kiwami Japan

ဒီလက်သည်းတွေကိုတော့ သူ တစ်နှစ်တာ စုဆောင်းထားတာဖြစ်ကြောင်း သိရပါတယ်။ ဗွီဒီယိုထဲမှာတော့ သူဟာ လက်သည်းတွေနဲ့ လက်စွပ်ဘယ်လိုဖန်တီးတယ်ဆိုတာကို အသေးစိတ် ပြသထားပါတယ်။ ဒီဗွီဒီယိုကို ပြီးခဲ့တဲ့(၃)လလောက်ကတည်းက Kiwami က တင်ထားခဲ့တာလို့ သိရပါတယ်။

သူဟာ လက်သည်းတွေဘယ်လိုစုဆောင်းလဲဆိုတာကို အရင်ဦးဆုံး ပြထားပါတယ်။ အဲဒီနောက် ညက်ညက်ကျေသွားအောင် ကြိတ်လိုက်ပါတယ်။ ယင်းနောက် သူဟာ လက်စွပ်တစ်ကွင်းရဖို့ ဘယ်လိုဖန်တီးသလဲဆိုတာကိုတော့ ပရိသတ်ကြီးအနေနဲ့ ပူးတွဲဖော်ပြထားတဲ့ ဗွီဒီကို ကြည့်ရင် သိနိုင်မှာပါ။

YouTube / Kiwami Japan

Kiwami ရဲ့ ဗွီဒီယိုဟာ ကြည့်ရှုသူ (၅.၆)သန်းအထိ ရှိခဲ့ပါတယ်။ မှတ်ချက်ရေးသူတွေကတော့ အကောင်းရော အဆိုးရော ပြောခဲ့ပြီး၊ တစ်ချို့ကလည်း သူ လက်ရှိပစ္စည်းတွေကိုသုံးပြီး မုန့်ချိုလုပ်ပြီးစားပြတာကို မကြည့်ချင်ဘူးလို့ ပြောပါတယ်။ လက်ရှိမီးဖိုချောင်းသုံး ပစ္စည်းတွေက လက်သည်းတွေကို အဆင့်ဆင့် ပုံဖော်ရာမှာ သုံးထားလို့ပါ။

ဒီလိုပဲ အခြားမှတ်ချက်ရေးသူတစ်ဦးကတော့ သူ့အနေနဲ့ ဒီမီးဖိုချောင်သုံးပစ္စည်းတွေ ပြန်အသုံးပြုဖို့ ကျကျနန သန့်ရှင်းရေးလုပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းဆိုပါတယ်။ ဒီဗွီဒိယိုနဲ့ပတ်သက်ပြီး မှတ်ချက်ရေးသူတွေကလည်း ထောင်ဂဏန်းလောက် ရှိခဲ့ကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE