ကျောက်ပတ်တီးနေရာမှာ အစားထိုးအသုံးပြုနိုင်ပြီဖြစ်တဲ့ ရေစိမ်ခံလက်အစွပ်များ

instagram/cast21official

ခြေထောက်ကျိုး၊ လက်ကျိုးတာဟာ စိတ်ဆင်းရဲစရာကောင်းတဲ့ အတွေ့အကြုံပါ။ တစ်ချိန်လုံးနာနေတဲ့အပြင် ကျောက်ပတ်တီးကလည်း စည်းထားရသေးတဲ့အတွက် နေရထိုင်ရတာ ကသိကအောက် ဖြစ်ရပါတယ်။ ချီကာဂိုက အင်ဂျင်နီယာတွေကတော့ လက်ကျိုးလို့ကျောက်ပတ်တီးကိုင်ထားရသူတွေကို ပိုအဆင်ပြေစေဖို့အတွက် ချောင်ချောင်လည်လည်ရှိပြီး ၀တ်ရတာလည်း အဆင်ပြေ၊ ရေစိမ်လည်းခံတဲ့ အစွပ်တစ်မျိုးကို တီထွင်ခဲ့ကြောင်း boredpanda အရ သိရပါတယ်။

၎င်းကို Cast21 လို့အမည်ပေးထားပြီး ကျောက်ပတ်တီးဝတ်ထားစဉ်မှာ တွေ့ကြုံရမယ့် ပြဿနာတွေကို သူက ဖြေရှင်းပေးထားပါတယ်။ Cast21 ကို ဇီဝဆေးဘက်ဆိုင်ရာ ဒီဇိုင်းပညာရှင် အက်ရှလေမွိုင်နဲ့ အီလက်ထရောနစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ဂျက်စတင်ဘရုခ်တို့က တီထွင်ထားတာ ဖြစ်ပါတယ်။

instagram/cast21official

Cast21 လက်အစွပ်တွေဟာ ၀တ်ဆင်သူအဖို့ ပိုပြီး အသက်ရှူရှောင်မယ့်အပြင် ပိုပြီးလည်း သန့်ရှင်းစေပါတယ်။ (၁၀) မိနစ်လောက် အချိန်ပေးရုံနဲ့ လက်မှာ နေသားတကျဖြစ်အောင် တပ်ဆင်နိုင်ပါတယ်။ အဆိုပါ လက်အစွပ်တွင်းကိုတော့ ဆေးရည်ထိုးသွင်းရပြီး ၄င်းဆေးရည်ဟာ လက်အရိုးတွေကို မာကျောစေကာ အရိုးတွေကို နေသားတကျ ပြန်လည်တည့်မတ်အောင် ထားပေးနိုင်ပါတယ်။

READ
ဆယ်လီတွေရဲ့ ဖက်ရှင်ကို တုပဖန်တီးရင်း နာမည်ကြီးလာသူလေး
instagram/cast21official

Cast21 လက်အစွပ်တွေဟာ ကျောက်ပတ်တီးလိုမဟုတ်ပဲ ချွတ်ရတပ်ရတာ လွယ်ကူပါတယ်။ နေ့စဉ်လုပ်နေကျ အလုပ်အကိုင်တွေကို မထိခိုက်စေပဲနဲ့ လက်ကို ဖြည်းဖြည်းချင်း သက်သာစေအောင် Cast21 လက်အစွပ်တွေက ကူညီပေးမှာပါ။ ကျောက်ပတ်တီးစည်းထားသလိုမျိုး စည်းတဲ့အခါနဲ့ ဖြည်တဲ့အခါတွေမှာ စက်ဝိုင်းပုံစံနဲ့ ပတ်တီးလိပ်ကို အချိန်ယူလုပ်ကိုင်နေစရာ မလိုတော့ပါဘူး။

instagram/cast21official
instagram/cast21official
instagram/cast21official

နောက်ပြီးတော့ Cast21 လက်အစွပ်တွေဟာ သယ်ယူရတာလည်း ပေါ့ပါးတဲ့အပြင် ဓာတ်အားသွင်းစရာ၊ ရေဆေးစရာ လုံးဝမလိုအပ်ပါဘူး။ အထူးသဖြင့်တော့ Cast21 လက်အစွပ်တွေကို စစ်တပ်အတွင်းမှာ နဲ့ အိမ်တွင်းမှာ အရေးပေါ် ဆေးအကူပစ္စည်းတစ်မျိုးအနေနဲ့လည်း အသုံးပြုနိုင်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE