ကမ္ဘာ့ဖလားအတွက် အပြီးသတ်(၂၃)ဦး လူစာရင်း ထုတ်ပြန်လိုက်တဲ့ အင်္ဂလန်အသင်း

လာမယ့် ဇွန်လမှာ ကျင်းပမယ့် (၂၀၁၈)ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်(၂၃)ဦးလူစာရင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ယနေ့(၁၆.၅.၂၀၁၈)မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂိုးသမား – ဂျက်ဘတ်လန်း (စတုတ်) ၊ ဂျော်ဒန် ပစ်ဖို့ဒ် (အဲဗာတန်) ၊ နစ်ပုပ် (ဘန်လေ)
နောက်တန်း – အဲလက်ဇန္နား အာနိုးလ် (လီဗာပူးလ်)၊ ဂယ်ရီ ကာလေးလ် (ချယ်လ်ဆီး)၊ ကိုင်လီ ဝေါ်လ်ကာ ၊ ဂျွန် စတုန်း (မန်စီးတီး)၊ ဟယ်ရီ မက်ဂွိုင်းယား (လက်စတာ)၊ ကီယန် ထရစ်ပီယာ၊ ဒန်နီ ရို့စ်(တော့တင်ဟမ်)၊ ဖီးလ် ဂျုန်းစ်၊ အက်ရှ်လေ ယန်း(မန်ယူ)
အလယ်တန်း – အဲရစ် ဒိုင်ယာ၊ ဒယ်လီ အလီ (တော့တင်ဟမ်)၊ ဂျက်ဆီ လင်းဂတ် (မန်ယူ)၊ ဂျော်ဒန် ဟန်ဒါဆင် (လီဗာပူးလ်)၊ ဖာဘီယန် ဒဲ့ဖ်လ် (မန်စီးတီး)၊ ရူဘင် လော့ဖ်တပ်စ်ချိဖ် (ချယ်လ်ဆီး)
ရှေ့တန်း – ဂျေမီ ဗာဒီ (လက်စတာ)၊ မားကပ်စ် ရက်ရှ်ဖို့ဒ် (မန်ယူ)၊ ရာဟမ်း စတာလင် (မန်စီးတီး)၊ ဒန်နီ ၀ဲလ် ဘတ် (အာဆင်နယ်)၊ ဟယ်ရီ ကိန်း (တော့တင်ဟမ်)
BBC

အင်္ဂလန်အသင်းဟာ အပြီးသတ်(၂၃)ဦး လူစာရင်းထဲမှာ ပါဝင်နေတဲ့ ကစားသမားတွေ ဒဏ်ရာရရှိခဲ့ရင် အစား ထိုးဖို့ အရန်သင့် လူစာရင်း(၅)ဦးကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

READ
(၂-၅-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ
တွမ်ဟီလ်တန် ၊ ဂျိမ်းစ် တာကောစကီး (ဘန်လေ)၊ လီးဝစ် ကွတ်ခ် (ဘုန်းမောက်)၊ ဂျိတ်ခ် လီဗာမိုး (၀က်စ်ဘ ရွန်း)၊ အဒမ် လယ်လာနာ (လီဗာပူးလ်)

ထူးခြားချက်အနေနဲ့ကတော့ အင်္ဂလန်လူစာရင်းမှာ လက်ရွေးစင်အသင်းအတွက် တစ်ပွဲမှ မကစားဖူးသေးတဲ့ လီဗာပူးလ် ညာနောက်ခံလူ အဲလက်ဇန္ဒား အာနိုးလ်၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ လစ်သူ ရေးနီးယားနဲ့ ပွဲစဉ်ကစပြီး အရွေးမခံရတဲ့ ဂယ်ရီ ကာဟေးလ်တို့ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဂျိုးဟတ်၊ ဘာထရန်၊ ဂျက် ၀ီလ်ရှိုင်းယား ၊ ခရစ် စမောလင်းနဲ့ နယူးကာဆယ်အသင်း မှာ အထူးခြေစွမ်းပြနေတဲ့ ဂျွန်ဂျို ရှယ်လ်ဗီးလ်တို့ကတော့ အပြီးသတ်လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

READ
(၁၂-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
LiverpoolFC
Pinterest

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကတော့ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေး ချယ်ခံခဲ့ရတဲ့ အလက်ဇန္နား အာနိုးလ်ဟာ အသင်းရဲ့လူစာရင်းမှာ ပါဝင်ဖို့ ထိုက်တန်သူဖြစ်ကြောင်း ချီးကျူးခဲ့ပါ တယ်။ ဆောက်ဂိတ်က “ကျွန်တော်တို့ လူငယ်ကစားသမား အများအပြားကို ရွေးချယ်ထားတာ သူတို့အသက် တွေ ငယ်နေလို့ မဟုတ်ပါဘူး။ အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြနေလို့ပါ”  လို့လည်း ပြောခဲ့ပါတယ်။

bEinSport

အင်္ဂလန်အသင်းအတွက် (၇၅)ပွဲကစားပေးထားတဲ့ ပထမဦးစားပေး ဂိုးသမားဟောင်း ဂျိုးဟတ်နဲ့ နောက်ဆုံး (၁၀)ပွဲမှာ (၉)ပွဲအထိ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ဘယ်နောက်ခံလူ ရိုင်ယန် ဘာထရန်တို့ကို ချန်လှပ်ခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်ခဲ့ရကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဆောက်ဂိတ်က “သူတို့နှစ် ယောက်လုံးဟာ ကစာသမားကောင်းတွေဖြစ်ပြီး အသင်းခြေစစ်ပွဲအောင်ဖို့ အများကြီး စွမ်းဆောင်ပေးခဲ့ပါတယ်။ သူတို့ကို ချန်လှပ်ထားခဲ့ရလို့ စိတ်မကောင်းပါဘူး။ ရုရှားမြေကို သွားခွင့်ရအောင် ကူညီပေးခဲ့တဲ့ သူတို့ရဲ့ စွမ်း ဆောင်မှုတွေကိုလည်း ကျွန်တော် အသိအမှတ်ပြုပါတယ်” လို့ ၀မ်းနည်းစကား ဆိုခဲ့ပါတယ်။

Source : BBC

SHARE