မြန်မာနိုင်ငံအကြောင်းကို ထည့်သွင်းရိုက်ကူးထားတဲ့ နိုင်ငံခြားဇာတ်ကားကောင်းများ

ဒီကနေ့မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မြန်မာနိုင်ငံအကြောင်းကို ထည့်သွင်းပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးထားတဲ့ နိုင်ငံခြားဇာတ်ကားကောင်းတွေကိုဖေါ်ပြပေးလိုက်ပါတယ်။

Bombs Over Burma

ဒီဇာတ်လမ်းမှာတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံကနေ တရုတ်ကို ဆက်သွယ်တဲ့ Burma road နဲ့ Ledo Road တို့ကို ခင်းဖို့အတွက် တရုတ်တပ်သားတွေက အကူအညီပေးနေတဲ့အချိန်မှာပဲ ဂျပန်နဲ့ ပေါင်းနေတဲ့ ဂျာမန်အေးဂျင့်တစ်ယောက်ရဲ့ အကောက်ကြံခလောက်ဆန်တဲ့မှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဒါကိုတော့ တရုတ်ဆရာမလေးတစ်ယောက်က ဖေါ်ထုတ်ဖို့အတွက် ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

google

The Lady

ဒီဇာတ်လမ်းကတော့ မြန်မာပြည်သူတွေတိုင်းကြည့်ဖူးကြတဲ့ ဒီမိုကရေစီရဲ့ ပြယုဒ်ဖြစ်တဲ့ အမေစုရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ နာမည်ကျော် မင်းသမီး Michelle Yeohက အမေစုရဲ့ နေရာမှာပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

READ
ပိုင်တံခွန်ရဲ့ပိုစ့်မှာ ပရိသတ်တွေအထင်မှားလောက်မယ့် ကွန်းမန့်ရေးသားခဲ့တဲ့ မအေးသောင်း
google

Burma VJ: Reporting from a Closed Country

ဒီရုပ်ရှင်ကတော့ ရွှေဝါရောင်တော်လှန်ရေးကို documentry ရုပ်ရှင်အဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ တော်လှန်ရေးမှာ ပြည်သူတွေသာမက ဘုန်းကြီးတွေပါပါဝင်ခဲ့တာကို ရိုက်ကူးထားပြီး အစိုးရရဲ့ ဖိနိုပ်မှုတွေကို တော်လှန်နေတဲ့အကြောင်းကို လူတွေသိစေဖို့အတွက် သတ္တိရှိရှိနဲ့ ပါဝင်ခဲ့ကြတဲ့ သတင်းထောက်တွေ နဲ့ ဗီဒီယိုသမားတွေကို အဓိက မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။

google

Beyond Rangoon

သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးတဲ့နောက်မှာတော့ Laura Bowman ဟာ သူမနဲ့ ညီအစ်မတော်စပ်သူနဲ့အတူ အေးအေးချမ်းချမ်းနေဖို့အတွက် ဗမာပြည်ကို ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမဟာ (၈၈၈၈)အရေးတော်ပုံနဲ့ ကြုံကြိုက်ပြီး အစိုးရကို ဆန့်ကျင်သူတွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ Lauraဟာ  ပတ်စ်ပို့ပျောက်သွားခဲ့ပြီး  နိုင်ငံထဲကနေ မထွက်နိုင်ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Lauraတစ်ယောက် နိုင်ငံကနေ ထွက်ဖို့ ဘယ်လို ကြိုးစားမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

READ
ကော့သောင်းရောက် ပုံအလန်းတွေ ထပ်တင်လိုက်တဲ့ သင်ဇာဝင့်ကျော်
Arts Council of Mendocino County

The Purple Plain

The Purple plain (ခရမ်းရောင်လွင်ပြင်) ဆိုတာကတော့ ဗြိတိလျှလေယာဉ်မှူးတွေ မြန်မာနိုင်ငံကို ခေါ်တဲ့နာမည်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မြန်မာမင်းသမီးကြီး ဝင်းမင်းသန်းကလည်း Anna ဆိုတဲ့ဇာတ်ဆောင်တစ်ယောက်အနေနဲ့ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ လက်ထပ်မယ့်နေ့မှာပဲ ချစ်သူကို ဆုံးရှုံးတဲ့စိတ်နဲ့ စိတ်ဒဏ်ရာရနေတဲ့ လေယာဉ်မှူးက ကိုယ့်ကိုကိုယ်သေဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ အထမမြောက်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာခရစ်ယာန်မလေး Annaနဲ့ တွေ့ဆုံပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

google
April 
SHARE