Sherlock Holmes ရဲ့ ညီမလေး Enola Holmes အဖြစ်သရုပ်ဆောင်မယ့် Millie Bobby Brown

Facebook- Netflix

Stranger Things နဲ့ နာမည်ကြီးခဲ့တဲ့ Netflix မင်းသမီးလေး Millie Bobby Brown ကိုတော့ အားလုံးရင်းနှီးနေကြမယ်လို့ထင်ပါတယ်။ Millie ဟာ Stranger Things တင်မကဘဲ နောက်ဆုံးထွက်ရှိထားခဲ့တဲ့ Godzilla ရုပ်ရှင်မှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။

အခုလည်း Millie လေးကို နာမည်ကြီးဇာတ်လမ်းထဲမှာ တွေ့ရတော့မှာပါတဲ့။ Sherlock Holmes ထဲမှာပဲဖြစ်ပါတယ်။ Netflix adaption အနေနဲ့ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းကတော့ အရင် Sherlock Holmes စာရေးဆရာတွေ မဟုတ်တဲ့ စာရေးဆရာမ Nancy Springer ရဲ့ဇာတ်လမ်းအသစ်ကို အခေခြံမှာဖြစ်ပါတယ်။

Facebook- Netflix

သူ့ရဲ့ Sherlock Holmes ဇာတ်ကောင်ဟာ အရင်ဇာတ်ကောင်တွေနဲ့ မတူညီဘဲကွဲပြားလျက်ရှိနေပါတယ်။ ခံစားချက်မရှိဘဲ အမြဲတမ်း ခပ်ပြတ်ပြတ် ဗောက်ဆက်ဆက်နိုင်တဲ့ Sherlock ကြီးကို Nancy Springer ကတော့ သူမဇာတ်လမ်းထဲ ပြောင်းပြန်ပုံစံမျိုးကို လုပ်ချသွားခဲ့တာပါ။ နူးနူးညံ့ညံ့စိတ်ကောင်းရှိရှိနဲ့ ကြင်နာတတ်တဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့် အရင်စာရေးဆရာ Sir Arthur Conan Doyle ရဲ့ အမျိုးအဆွေတွေကတောင် တရားစွဲဆိုထားခဲ့တယ်လို့ CNN မှာ ဖော်ပြထားခဲ့ပါတယ်။

READ
Ji hyo သာ Gary ကိုမငြင်းခဲ့ရင် Return of Superman မှာ ပါနေပြီလို့ ပြောခဲ့တဲ့ JoogKook

နောက် Nancy Holmes ထပ်ထွင်ခဲ့တာကတော့ Enola Holmes ဆိုတဲ့ Sherlock ရဲ့ ညီမလေးကိုပါပဲ။ ဒီဇာတ်ကောင်ဟာ တခြားသော ဝတ္ထုတွေထဲမှာ မပါခဲ့လို့ အသစ်အဆန်းဖြစ်နေခဲ့ပြီး Netflix ဟာ Enola ရဲ့ ဇာတ်လမ်းကို အဓိကထားပြီး ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။

Sherlock Holmes နေရာကိုတော့ Superman မင်းသား Henry Cavill က သရုပ်ဆောင်မှာဖြစ်ပြီး Enola ရဲ့နေရာမှာတော့ Millie Bobby Brown က ပါဝင်သရုပ်ဆောင်သွားမှာပါ။ Enola Holmes ကိုတော့ လာမယ့် စက်တင်ဘာလထဲမှာ ထုတ်လွှင့်ပြသသွားမျာဖြစ်ပါတယ်။

Penny

SHARE