ဘောလုံးထိပ်သီးအသင်းများနဲ့ ဦးဦးဖျားဖျား အားကစားသတင်းများ

မန်ယူ – မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ နယူကားဆယ်အသင်းကို (၁-၀)ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက်မှာ အသင်းရဲ့ တိုက်စစ်မှူးတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ မော်ရင်ဟိုက ၎င်းတို့အသင်းရဲ့ တိုက်စစ်မှူးတွေဟာ ယမန်နေ့ကပွဲမှာ ပွဲချိန်(၁၀)နာရီ အတွင်းမှာ ကစားရတယ်ဆိုရင်တောင် ဂိုးပေါက်တွေ့မှာမဟုတ်ဖူးလို့ ပြစ်တင်ခဲ့ပါတယ်။

Skysports

Neil Ashton

ဘောလုံးသမားဟောင်းလည်းဖြစ်၊ အားကစားရေးရာ သုံးသပ်မှုမှာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ Neil Ashton က စပါးအသင်းနဲ့ အာဆနယ်ပွဲဟာ အလွန်ကြည့်ကောင်းခဲ့ပြီး၊ စပါးက ခြေစွမ်းပိုင်း ပိုသာလွန်ခဲ့ကြောင်း၊ ဘာစီလိုနာနဲ့ အက်စ်ပန်ညိုပွဲကဲ့သို့ပင် ဖြစ်ပြီး၊ အာဆင်နယ်ရဲ့ ကစားပုံမှာ ထင်ထားတာထက် စိတ်ပျက်စရာ ဖြစ်စေခဲ့ကြောင်း ဆိုပါတယ်။

ဖာမီနို

Skysports

လီဗာပူုးအသင်းတိုက်စစ်မှူး ဖာမီနိုက အသင်းနဲ့ ကာလရှည်လက်တွဲနိုင်မယ့် စာချုပ်မျိုး ချုပ်ဆိုလိုနေပါတယ်။ ဖာမီနိုဟာ လီဗာပူုးအသင်းမှာ ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး၊ မည်သည့်ကစားသမားနဲ့မဆို အန်ဝင်ဂွင်ကျဖြစ်သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ကို လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါအသင်းတွေက ခေါ်ယူလိုနေကြပါတယ်။

READ
လစ်ဗာပူးလ်-မန်ယူပွဲမှာ ပြန်လည်ကစားဖို့ရှိနေတဲ့ မီခီတာယန်

လီဗာပူး

ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ မန်ယူအသင်းကို လီဗာပူးအသင်းနည်းပြ ကလော့ဗ်က မိမိတို့မှာ ပရီးမီယားလိဂ်တန်းစီဇယား ဒုတိယနေရာအတွက် လုံလောက်သော ခြေစွမ်းရှိနေကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ ယမန်နေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းပိုင်း အတော်လေး ပြောစရာဖြစ်ခဲ့တယ်လို့ အားကစားသတင်းစာတွေက ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်

Goal

အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးက အသင်းတိုက်စစ်မှု လာကာဇက်တီအနေနဲ့ လန်ဒန်ဒါဘီပွဲအလွဲတွေကြောင့် ယုံကြည်မှုပျောက်ဆုံးနေနိုင်ကြောင်း၊ ထိပ်သီးတိုက်စစ်မှူး အူဘာမီယန်ရောက်လာချင်းကလည်း သူ့အတွက် ဖိအားတွေဖြစ်စေခဲ့ပြီး၊ အကောင်းဆုံး သင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

ချန်ပီယံလိဂ်ပွဲကောင်းများ

ယခုတစ်ပတ်မှာ ချန်ပီယံလိဂ်ကြည့်စရာ ပွဲကောင်းများစွာက ဘောလုံးချစ်သူတွေကို စောင့်ကြိုနေပါတယ်။ ဖေဖော်ဝါရီ ၁၄)ရက်နေ့ညပိုင်းမှာ (၂.၁၅)မှာ ကစားမယ့်ပွဲစဉ်တွေကတော့ ဂျူဗင်တပ် VS စပါး၊ ဘေဆယ် VS မန်စီးတီး တို့ဖြစ်ပြီး၊ (၁၅)ရက်နေ့ည (၂.၁၅)မှာတော့ ပေါ်တို VS လီဗာပူး၊ ရီးယဲလ် VS PSG စတဲ့ ပွဲကောင်းတွေ ရှိနေပါတယ်။ နောက်တစ်ပတ် ဖေဖော်ဝါရီ (၂၁)ရက်နေ့ည (၂.၁၅)မှာတော့ ဘိုင်ယန် VS ဘီစစ်တက်စ်၊ ချယ်လ်ဆီး VS ဘာစီလိုနာပွဲစဉ်တွေက စောင့်ကြိုနေပါတယ်။

READ
မန်ယူ ကစားသမား လုရှော စပါးအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေ

နတ်စည်တော် (Shwemom)

source : thesun.co.uk/mirror.co.uk

SHARE