ပန်းသေပန်းညှိုးဖြစ်နေသူများအတွက် တီထွင်ထားတဲ့ကိရိယာ

ပန်းသေပန်းညှိုးခြင်း၊ အိမ်ထောင်ရေးသုခကို အပြည့်အ၀ မစွမ်းဆောင်နိုင်ခြင်း၊ မြန်ဆန်ခြင်း စတဲ့အမျိုးသားတွေအတွက် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာခဲ့ပါပြီ။ အီဒီမျှော်လင့်ချက်ကတော့ ဗြိတိန်ရှိ National Health Service ဌာနက
နေ ပစ္စည်းတစ်မျိုးကို တီထွင်ခဲ့တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီပစ္စည်းဟာ အမျိုးသားအင်္ဂါကို တပ်ဆပ်ထားစဉ်ကာလအ
တွင်း (12) ရီကြာသည်အထိ ထောင်မက်နေစေမှာ ဖြစ်ပါတယ်။

ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက်ဟာ အကြောင်းပြချက်မရှိဘဲ မိမိရဲ့အင်္ဂါ ဆယ်မိနစ်ထက်ပိုပြီး ထောင်မက်လေ့ မရှိပါဘူး။ ဒါပေမယ့် ဒီကိရိယာကတော့ ဘေးထွက်ဆိုးကျိုးမရှိစွာနဲ့ နေ့တစ်ဝက်ရဲ့ အချိန်အတိုင်းအတာထိ ထောင်မက်နေ
စေမှာလို့ သိရပါတယ်။

အဲဒီကိရိယာကို ၀ယ်ယူပြီးချိန်မှ ခြောက်လအတွင်း စိတ်ကြိုက်အသုံးပြုနိုင်မှာဖြစ်ပြီး အကာအကွယ်ကွန်ဒုံးနဲ့ ပူးတွဲဝတ်
ဆင်ရင်လည်း ကိစ္စမရှိပါဘူး။ သူ့ချည်း အလွတ်သက်သက် ၀တ်ဆင်လို့လည်း ရပါတယ်။ ဒီနည်းအားဖြင့် အိမ်ထောင်
သည်အမျိုးသမီးတွေအတွက် သာယာမှုကို မပျက်စေဘဲ လိုအင်ဆန္ဒပြည့်ဝစေလိမ့်မယ်လို့ ဆိုပါတယ်။

De Montfort University က Urologists ကြီးဖြစ်တဲ့ Peter Ford ဒီကိရိယာကို တီထွင်နိုင်ဖို့ ငါးနှစ်လောက် အချိန်ယူ
သုတေသနပြုခဲ့ရပြီး  National Health Service ဌာနမှာ 2018 ခုနှစ်ဝန်းကျင်ကာလအတွင်း စတင်ရရှိနိုင်မယ်လို့ သိရပါတယ်။ ဒီပစ္စည်းကို တွင်ကျယ်စွာဖြန့်ဖြူနိုင်ဖို့ Tyna International Limited ကို တည်ထောင်သူ Richard Wylie ဆွေး
နွေးနေပြီး ရောင်းဈေးမှာ ပေါင် (40) ရှိမယ်လို့ သိရပါတယ်။

READ
ကိုယ်နှစ်သက်တဲ့ကောင်မလေးကို ဘယ်လိုစကားတွေပြောပြီးချဉ်းကပ်မလဲ

ဒီပစ္စည်းကို အသက် (40)နဲ့ (60) အတွင်း အမျိုးသားတွေအတွက် ရည်ရွယ်ထားပြီး ပန်းသေပန်းညှိုဖြစ်လို့ ခွဲစိပ်ရခြင်း
ဘေးမှလည်း ကင်းဝေနိုင်မယ်လို့ ဆိုပါတယ်။ Richard Wylie က ” ဒီကိရိယာဟာ အမျိုးသားတွေရဲ့ ဆိုးဝါးတဲ့ ညတွေအ
တွက် အကောင်းဆုံး အဖြေပါဘဲ … နောက် ပန်းသေနေသူတွေအတွက်ရောပေါ့ … ပန်းသေတယ်ဆိုတာ အမျိုးသားတစ်ယောက်အတွက်တော့ ဘ၀သေသွားတာနဲ့ မထူးပါဘူး … ပန်းသေတဲ့သူတွေဟာ အဲဒီအတွက် ဘာမှမလုပ်ချင်ကြသလို၊ သူတို့ရဲ့ ဇနီးမယားတွေကိုလည်း ဒီအကြောင်းကို မပြောချင်ကြပါဘူး … ဒါဟာ နောက်ဆုံးမှာ အိမ်ထောင်ရေးတစ်ခု ပြိုကွဲသွားစေနိုင်တဲ့အထိ ဖြစ်တတ်ပါတယ် … “လို့ ပြောခဲ့ပါတယ်။

အဆိုပါကိရိယာကို Stay Hard လို့ အမည်ပေးထားပါတယ်။ ဆေးဘက်ဆိုင်ရာ တွက်ချက်မှုတွေအရ အသက်(20)၀န်း
ကျင် အရွယ် အမျိုးသား (7%)နဲ့ အသက် 30 အရွယ် အမျိုးသား (11%)ဟာ အင်္ဂါကြာရှည်မထောင်မက်နိုင်ခြင်း ပြဿနာရပ်တွေကို ကြုံနေရပြီး၊ ဒီပစ္စည်းကတော့ အထွတ်အထိပ်ခံစားမှုရောက်ပြီးနောက်ပိုင်းမှာတောင် ဟန်မပျက် ဆက်လက်ထောင်နေစေမှာလို့ သိရပါတယ်။

READ
ယောက်ျားတစ်ယောက် နားလည်ရန်လိုအပ်တဲ့ ကျင့်ဝတ်များ

Richard Wylie  ဆက်လက်ပြီး ” အမျိုးသားတွေဟာ 40 ကျော်ပြီဆိုရင် သာမန်ဖြစ်နေကျပုံစံအတိုင်း ဖြစ်ဖို့ အတော် ခဲ
ယဉ်းသွားပါပြီ … ဒီပစ္စည်းကို ကျွန်တော်ကိုယ်တိုင် သုံးကြည့်တဲ့အခါ … တကယ်ကို မယုံနိုင်ပါဘူး … တကယ်လည်း ထိရောက်ပါတယ် .. အိမ်ထောင်ရေးတစ်ခုကို ချိုမြိန်မှုတွေ ပေးစွမ်းမှာပါ … ဒီကိရိယာကို ဆီးကြိတ်ယောင်နေသူတွေ၊ ဆီး
ကြိတ်ကင်ဆာသမားတွေ၊ ဆီးချိုသမားတွေ၊ နှလုံးရောဂါသမားတွေ … အားလုံး သုံးနိုင်ပါတယ် … ဒီဇိုင်းကို ရိုးရှင်းစွာ
ထုတ်လုပ်ထားသလို .. သုံးရတာလည်း လွယ်ကူပြီး ချစ်သူနှစ်ဦးကို ပျော်ရွှင်မှုတွေ ပေးမှာပါ “လို့ ထပ်လောင်း ပြောကြား
ခဲ့ပါတယ်။

လင်းဇော်ကို (Shwemom)

source : metro.co.uk

SHARE