ကြောင်(21)ကောင်ကို အကြောင်းမရှိဘဲ သတ်ခဲ့တဲ့အမျိုးသား ထောင်(16)နှစ် ချမှတ်ခံရ

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျို့စ်မြို့မှာ နေထိုင်တဲ့ Robert Roy Farmer(26နှစ်)ဟာ အကြောင်းမရှိဘဲ ကြောင်
(21)ကောင်ကို သတ်ခဲ့တာကြောင့် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ထောင်ဒဏ်(16)နှစ် ချမှတ်ခံခဲ့ရပါတယ်။ Robert Roy Farmerဟာ အဲဒီအမှုကို 2015ခုနှစ်ကတည်းက ကျူးလွန်ခဲ့ပြီး အမှုရင်ဆိုင်နေရရာ အခုမှ ထောင်ဒဏ်ပြစ်ဒဏ်ချ
မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ 2015ခုနှစ်က နေအိမ်ပတ်ဝန်းကျင်ရှိ ကြောင်တွေကို အကြောင်းမဲ့ လိုက်သတ်ခဲ့တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်က
အိမ်မွေးကြောင်တွေမှာ ပျောက်ဆုံးနေခဲ့တာကြောင့် အိမ်နီးချင်းတွေကို မသင်္ကာဖြစ်ခဲ့ပြီး အာဏာပိုင်တွေကို တိုင်ကြား
ခဲ့ပါတယ်။ အာဏာပိုင်တွေက စစ်ဆေးရာမှာတော့ Robert Roy Farmerက ကြောင်တစ်ကောင်ကို ဖမ်းဆီးနေတာကို
CCTVမှာ တွေ့ခဲ့ပြီး သူ့ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

အာဏာပိုင်တွေက Robert Roy Farmerကို ကားထဲမှာ အိပ်ပျော်နေတာကို တွေ့ခဲ့ပြီး ကားထဲမှာလည်း ကြောင်သေ
တစ်ကောင်၊ သွေးတွေနဲ့ ဓား၊ လက်အိပ်စတဲ့ သက်သေခံပစ္စည်းတွေကိုလည်း တစ်ပါတည်း ဖမ်းမိနိုင်ခဲ့ပါတယ်။ နောက်
တော့ ကားထဲမှာ ရှိတဲ့  ကြောင်အမွှေးတွေကို DNAစစ်ရာမှာတော့ သူဟာ ကြောင်(၂၁)ကို သတ်ခဲ့တယ်လို့ စစ်ဆေး
တွေ့ရှိခဲ့သလို ကြောင်နဲ့ လိင်ပိုင်းဆိုင်ညစ်ညမ်းမှုကိုလည်း တွေ့ခဲ့ရပါတယ်။

READ
အန္တာတိကရေခဲပြင်အောက်မှာ ဖုံးကွယ်နေတဲ့ ပိရမစ်ကြီးကို Google Earth တွင်တွေ့ရှိ

သူဟာ ကြောင်စီရီးအလိုက်သတ်မှုမှာ ဥပဒေအရစွဲချက်(4)ခုတင်ခံခဲ့ရပြီး အခုအခါမှာတော့ တရားရုံးက သူ့ကို ထောင်
ဒဏ်(16)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; mirror.co.uk
SHARE