သားဖြစ်သူကို ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲ ပါသွားအောင် မုန့်ဖိုးပေးခဲ့ကြတဲ့ မိဘများ

Weibo

Eric Tse ရဲ့ Instagram နဲ့ Weibo account တွေကို ကြည့်မယ်ဆိုရင် လူချမ်းသာသူဌေးမိသားစုထဲကဆိုတာ တန်းသိနိုင်မှာ ဖြစ်ပေမယ့်လို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ အယောက် ၅၀၀ ကျော်စာရင်းထမှာ ပါဝင်နေမယ်လို့တော့ ဘယ်သူမှ ထင်ကြမှာမဟုတ်ပါဘူး။ Eric ကို အများဆုံးသိလှ ကမ္ဘာကျော်အဆိုတော် Rihanna တို့၊ စူပါမော်ဒယ် Bella Hadid တို့စတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ ပါတီပေးလေ့ရှိတဲ့ ခပ်ဆိုးဆိုးလူချမ်းသာ အာရှသားလေးလို့သာ သိကြမှာပါ။

instagram-erictse
instagram-erictse

တကယ်တော့ Eric ဟာ Tse မိသားစုရဲ့ ဆက်ခံသူတစ်ောက်ဖြစ်နေပါတယ်။ သူဟာ ဆီယက်တယ်မှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်ပေမယ့်လို့ မူလတန်းကိုတော့ ဘေကျင်း၊ အထက်တန်းကျောင်းကိုလည်း ဟောင်ကောင်မှာပဲ ပြန်တက်ခဲ့ပါတယ်။ မိဘများဟာ Tse Ping နဲ့ Cheng Cheung Ling ဆိုတဲ့ တရုတ်နိုင်ငံရဲ့ လူချမ်းသာစီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြတဲ့အတွက်ကြောင့် Eric ရဲ့ ဘဝလမ်းကြောင်းဟာ သာယာဖြောင့်ဖြူးခဲ့သလို မိသားစုလုပ်ငန်းတွေကို အုပ်ချုပ်ခွင့်ရဖို့အတွက် တော်တော်လေးကြိုးစားခဲ့ရပုံပါပဲ။ အထက်တန်းပြီးတော့ တက္ကသိုလ်ကိုတော့ Pennsylvaia တက္ကသိုလ်၊ Wharton School မှ ဘဏ္ဍာရေးစီမံခန့်ခွဲမှုပညာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။

ကျောင်းပြီးကတည်းက မိသားစုရဲ့ အဓိကလုပ်ငန်းတစ်ခုဖြစ်တဲ့ Sino Biopharmaceutical မှာ အလုပ်ဝင်လုပ်ခဲ့ပေမယ့်လို့ အသက် ၂၄ နှစ်သာရှိသေးတဲ့အတွက်ကြောင့် လုပ်သက်သာ ၁ နှစ်သာသာသာ ရှိဦးမှာပါ။ သို့ပေမယ့်လည်း Bloom Berg မှ ဖော်ပြချက်အရဆိုရင်တော့ ယခုနှစ်အောက်တိုဘာလအတွင်းမှာပဲ Eric ကို မိဘများမှ အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံတောင် ခွဲပေးလိုက်ခဲ့ပါပြီတဲ့လေ။ တစ်ဆက်တည်းမှာတင်ကို Sino Biopharmaceutical ရဲ့ Executive Director ရာထူးကိုလည်း Eric ကို အပ်နှင်းခဲ့ပါတယ်တဲ့။

READ
ခင်ပွန်းသည်ရဲ့ ပေါင်(၄၅၀၀၀)တန်ဖိုးရှိ အမှတ်တရပစ္စည်းတွေကို (၅)ပေါင်ထဲနဲ့ ရောင်းချပစ်ခဲ့သူ
Weibo/EricTse

ပေးအပ်လိုက်တဲ့ ၃.၈ ဘီလီယံဒေါ်လာဟာ Sino Biopharmaceutical ရဲ့ ရှယ်ယာများသာဖြစ်ပြီး Eric ရဲ့ ဖခင် Tse Ping တောင်မှပဲ ရှယ်ယာရာခိုင်နှုန်းဟာ ၁.၉၅ ဘီလီယံသာ ရှိနေတဲ့အတွက် လက်ရှိမှာတော့ Eric ဟာ Sino Biopharmaceutical ရဲ့ ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်လို့သွားခဲ့ပါပြီ။ စာရင်းအရဆိုရင်တော့ Tse Ping (ဖခင်) ဟာ CEO ရာထူးနဲ့ ရှယ်ယာ ၁၁% ကို ဒေါ်လာ ၁.၉၅ ဘီလီယံဖြင့်လည်းကောင်း၊ Cheng Cheung Ling (မိခင်) ဟာ Vice Chair ရာထူးနဲ့ ရှယ်ယာ ၄.၆% ကို ဒေါ်လာ ၈၂၁ မီလီယံဖြင့်လည်းကောင်း၊ Theresa Tse (သမီးကြီး) ဟာ Chair ရာထူးနဲ့ ရှယ်ယာ ၁၁% ကို ဖခင်နဲ့တန်းတူ ဒေါ်လာ ၁.၉၅ ဘီလီယံဖြင့်လည်းကောင်း အသီးသီးပိုင်ဆိုင်ထားကြတဲ့ကြားထဲကမှ Eric ကတော့ ရှယ်ယာတန်ဖိုး ဒေါ်လာ ၃.၈ ဘီလီယံနဲ့ ကုမ္ပဏီကို ၂၁.၅%တောင် ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဒီအပြင် Sino Biopharmaceutical ရဲ့ ဒါရိုက်တာရာထူးရဲ့ လစာဟာလည်း တစ်နှစ်ကို အမေရိကန်ုဒေါ်လာ ၄၉၈,၀၀၀ တောင် ရဦးမှာပါတဲ့။

READ
အဆိပ်ခတ်ထားတဲ့အသားလုံးကျွေးခံခဲ့ရတဲ့ သေအံ့မူးမူးလမ်းဘေးခွေးများ
Weibo/EricTse

Eric Tse အနေနဲ့ Sino Biopharmaceutical မှာပဲ ဒါရိုက်တာရာထူးအဖြစ် တာဝန်ယူထားတာမဟုတ်ပါဘူး။ နောက်ထပ် တခြားသောလုပ်ငန်းစု ၅ ခုလောက်မှာလည်း ဒါရိုက်တာရာထူးအဖြစ် တာဝန်ယူထားပါသေးတယ်တဲ့။ ဥပမာ ဟောင်ကောင်က Charoen Pokphand Skyland Group Ltd., လိုပေါ့။ မိဘတွေဆီက ရှယ်ယာတွေခွဲရပြီးတဲ့နောက်မှာတော့ Eric Tse အနေနဲ့ အလိုအလျောက်ပဲ တရုတ်နိုင်ငံ အမျိုးသားရေးအတိုင်ပင်ခံညီလာခံမှာလည်း ကော်မတီအဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်သွားနိုင်ခဲ့ပြီး အဓိကတာဝန်ယူထားတဲ့အပိုင်းကတော့ အကြံပေးအပိုင်းပါတဲ့လေ။

တရုတ်နိုင်ငံမှာက အမွေပေးတာတို့၊ မိဘကနေ သားသမီးကို မေတ္တာနဲ့ မုန့်ဖိုးပေးတာတို့၊ လက်ဆောင်ပေးခြင်း၊ ပရဟိတအဖွဲ့အစည်းတွေထဲ လှူဒါန်းလိုက်ခြင်းတို့ဟာ အခွန်လွတ်ကင်းတဲ့အတွက် Eric Tse ရတဲ့ငွေတွေဟာ တစ်ပြားတစ်ချက်မှ မလျော့ဘဲ သူ့လက်ထဲ ရောက်သွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ရှယ်ယာတွေရရပြီးခြင်းပဲ Forbes မှ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းထဲ ၅၄၆ ယောက်မြောက်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရတာပါ။

Penny

SHARE