ဘတ်စ်ကားတစ်စီးကို ကိုယ်ပိုင်အိမ်လုပ်ပြီး အကြွေးကင်းကင်းနဲ့ ခရီးထွက်နေတဲ့ မိသားစု

instagram/unskoolme

အဲရစ်ခ်နဲ့ လင်းဆေးတို့ဟာ လက်ထပ်ပြီးတဲ့နောက် အကြွေးကိစ္စတွေအပေါ်မှာ ပိုလို့တောင် စိုးရိမ်လာပါတယ်။ ကျောင်းတက်တုန်းကလည်း ကျောင်းကိစ္စနဲ့အကြွေးတွေ ယူထားဖူးတော့ ကြွေးမြှီရှိခြင်းရဲ့ဆင်းရဲဒုက္ခကို ပို နားလည်လာပါတယ်။ ဒါကြောင့် သူတို့ဇနီးမောင်နှံနှစ်ဦးဟာ စွန့်စွန့်စားစားနဲ့ ခရီးသွားလာရတာကို နှစ်သက်သူတွေပီပီ အိမ်အတွက်ပိုက်ဆံမကုန်ပဲ ဘတ်စ်ကားတစ်စီးကို အိမ်လုပ် နေထိုင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဘတ်စ်ကားကို လူနေအိမ်ပုံစံလိုမျိုး တည်ဆောက်ဖို့ သူတို့နှစ်ဦးဟာ (၂) လကြာ အချိန်ယူခဲ့ရပါတယ်။

instagram/unskoolme

သေချာဆောက်ပြီးတဲ့အခါမှာတော့ ကလေး (၃) ယောက်ကိုပါ တင်ခေါ်ပြီး မိသားစုတစ်စုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘတ်စ်ကားထဲမှာနေပြီး အားလပ်ချိန်တွေမှာ ခရီးတွေ လျှောက်ထွက်ခဲ့ပါတယ်။ အဲရစ်ခ်နဲ့ လင်းဆေးတို့ဟာ မြောက်ကယ်ရိုလိုင်းနားက အပန်းဖြေကမ့်ပ်စခန်းတစ်ခုမှာ စပြီး ဆုံခဲ့ကြတာပါ။ နှစ်ယောက်စလုံးဟာ စိတ်ပါဝင်စားတာချင်းလည်းတူ၊ ၀ါသနာချင်းလည်း တူကြပါတယ်။ အဲ့ဒီကနေ နှစ်ယောက်က ချစ်ကြိုက်သွားပြီး နောက်ပိုင်း တွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။

instagram/unskoolme

 

View this post on Instagram

 

One cool fact about living in a skoolie 👇🏼. . You can take your home anywhere. . Want to catch some waves at the beach and then take a nap in your own bed? This skoolie can help with that. . Want to get some runs in on the slopes and then make a pot of hot chili in your adorable spacious kitchen? This skoolie can help with that. . Want to shred it on the trail and then take a hot shower? This skoolie can help with that. . Want to do some rock climbing and then cheers your friends on top of the roof deck as the sun goes down? This skoolie can help with that. . Want to give your kids a life full of wonder and adventure? This skoolie can help with that. . This skoolie can give you all of that and much more. Be on the lookout in January for the listing 👀! . . . . . #skoolie #skoolieforsale #schoolbusconversion #busconversion #buslife #travellife #tinyhouseonwheels #tinyhomelife #tinyhouse #tinyhome #interiordesign ##buslifeadventure #smallhousedesign #debtfreecommunity #debtfreejourney

A post shared by The Agnews (@unskoolme) on

အဲရစ်ခ်ကတော့ အာရုံကြောအထူးကုဌာနမှာ ဆရာဝန်လက်ထောက်ဖြစ်ပါတယ်။ သူက “ကျွန်တော် ဘွဲ့ရတော့ ကျွန်တော့်မှာ အကြွေးတွေအများကြီး တင်နေတုန်းပဲ။ ဒါကြောင့် အိမ်ငှားနေရင်၊ အိမ်ဝယ်လိုက်ရင် အကြွေးတွေက ထပ်ထပ်ပြီး များလာတော့မှာလေ။ ဒါကြောင့် ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက အိမ်အတွက် ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျော့ချဖို့ စိတ်ကူးလိုက်တယ်။ အခုဆိုရင် ကျွန်တော်တို့မိသားစုက အကြွေးတွေ ကင်းသွားပြီ။ ကုန်ကျစရိတ်အနည်းအကျဉ်းပဲ ရှိတော့တယ်…” လို့ ပြောပြပါတယ်။

READ
ကြောက်သွေးမပါဘူးဆိုသူတွေ မြည်းစမ်းသင့်တဲ့ ကမ္ဘာ့ရင်တုန်ဖွယ်အကောင်းဆုံးနေရာများ
instagram/unskoolme
instagram/unskoolme

ဒါ့အပြင် အဲရစ်ခ်က “ကျွန်တော်တို့က ခရီးသွားရတာ ပျော်တယ်။ ဘတ်စ်ကားကို အိမ်လုပ်နေတာလည်း တစ်မျိုးကောင်းပါတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ အိမ်ငှားနေတဲ့အခါ၊ အိမ်ဝယ်လိုက်တဲ့အခါ လတိုင်း ကုန်ကျမယ့် ကုန်ကျစရိတ်ကို စုလို့ရပြီလေ။ ကလေးတွေကတော့ အမြဲတမ်းခရီးထွက်နေသလိုဆိုတော့ ပျော်တာပေါ့။ ကျွန်တော်တို့ ဇနီးမောင်နှံက ခုလို ဘတ်စ်ကားမှာ နေထိုင်ရတာကို နောင်တမရပါဘူး။ ကျွန်တော်တို့အတွက်တော့ အဖိုးတန်တဲ့ အတွေ့အကြုံကောင်းလေးတစ်ခုပါ…” လို့ ပြောပြခဲ့တာကိုလည်း boredpanda သတင်းအရ သိရပါတယ်။

instagram/unskoolme

လင်းလင်း (ShweMom)

SHARE