အိမ်ရှင်မြင်မှာစိုးလို့ ကလေးကုတင်အောက်မှာ တိတ်တိတ်လေးဝင်ပုန်းနေတဲ့ မြွေကြီး

အိမ်ရှင်မတစ်ဦးဟာ မမျှော်လင့်ပဲ သူမကလေးငယ်ရဲ့ အိပ်ရာအောက်မှာ ဧရာမမြွေကြီးတစ်ကောင်ကို တွေ့လိုက်ရတာကြောင့် အထိတ်ထိတ်အပြာပြာနဲ့ မြွေဖမ်းသမားတွေကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။ သူမဟာ ဘရစ်စ်ဘန်းက မြွေဖမ်းပညာရှင် တိုနီဟာရစ်စင်ကို သူမရဲ့ ဘာလိန်းနေအိမ်ဆီ အမြန်လာဖို့ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

facebook

မြွေဖမ်းပညာရှင် ဟာရစ်စင်ဟာ အိမ်ထဲရောက်နေတဲ့ မြွေကြီးကို ဖမ်းနေတဲ့ ဗီဒီယိုကို ဖေ့စ်ဘုတ်စာမျက်နှာမှာ live လွှင့်တင်ထားခဲ့ပါတယ်။ အိမ်ရှင်မကတော့ မြွေကြီးတစ်ကောင်ဟာ သူမရဲ့ နေအိမ် အပေါ်ထပ်အခန်းမှာ ရှိနေတယ်လို့ ဆိုခဲ့တာပါ။ ဟာရစ်စင်က မြွေတွေ့ရှိရာ အပေါ်ထပ်အခန်းထဲ ၀င်လိုက်တဲ့အခါမှာတော့ အိပ်ခန်းဟာ ရှူပ်ပွနေပြီး အ၀တ်အစားတွေဟာလည်း ကြမ်းပေါ်မှာ ပြန့်ကြဲနေတာကို တွေ့လိုက်ရပါတယ်။ ဟာရစ်စင်ကတော့ မြွေ အခန်းထဲကို ၀င်လာရခြင်းအကြောင်းရင်းက အခန်းရှူပ်ပွနေလို့ ၀င်အောင်းခဲ့တာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။

facebook

မြွေဟာ အိမ်ရှင်မကို ကြောက်ပြီး အိမ်ရှင်မတွေ့မှာစိုးတာနဲ့ လျှောက်သွားရာကနေ အမှတ်တမဲ့ အိပ်ခန်းထဲ ၀င်ပုန်းနေတာပါလို့ ဟာရစ်စင်က ပြောပြပါတယ်။ ဟာရစ်စင်နဲ့ ၄င်းနဲ့အတူ ပါလာသူ မြွေဖမ်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ ဘရုတ်ခ်တို့ဟာ နောက်ဆုံးမှာတော့ အခန်းအိပ်ရာအောက်ထဲ ၀င်ပုန်းနေတဲ့ မြွေကြီးကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

facebook

မြွေကြီးဟာ စပါးအုံးမြွေကြီးဖြစ်ပြီး အရှည်(.) မီတာရှိပါတယ်။ အိမ်ရှင်မကတော့ သူမဟာ ၄င်းမြွေကြီးနဲ့ မီးဖိုချောင်ထဲမှာ ထိပ်တိုက်တွေ့ခဲ့ဖူးကြောင်း၊ ဒါနဲ့ အဲဒီအချိန်တုန်းက မြွေဖမ်းသမားတွေခေါ်ပြီး ဖမ်းမယ်လုပ်တော့ မြွေက ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိကြောင်းနဲ့ အခုလို နှစ်တွေ အကြာကြီးနေမှ မြွေဟာ ပြန်ပေါ်တာဖြစ်ကြောင်း၊ သူမကတော့ အခုတွေ့တဲ့မြွေဟာ သူမနဲ့ ဆုံခဲ့ဖူးတဲ့ မြွေဖြစ်မယ်လို့ ယူဆကြောင်း ပြောပြခဲ့ပါတယ်။

facebook

ဟာရစ်စင်ကတော့ ဖမ်းဆီးရမိတဲ့မြွေကြီးဟာ carpet python စပါးအုံးအမျိုးအစားဖြစ်ပြီး အဆိပ်မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ သွားအချောင်း (၁၀၀) နီးပါးရှိတာကြောင့် အကိုက်ခံရတဲ့အခါ မသက်သာဘူးလို့လည်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် carpet python တွေဟာ မြေပေါ်နေရတာ မကြိုက်ပဲ လူတွေနေထိုင်ရာ မျက်နှာကြက်အမိုးတွေပေါ်ကို နှစ်ခြိုက်စွာ တက်နေလေ့ရှိကြောင်းလည်း ဟာရစ်စင်က ဆိုခဲ့ပါတယ်။

လင်းလင်း (ShweMom)

READ
ကားလမ်းကြောင်းတွေကိုတောင် တားဆီးပြီး အဖွားအိုကို ကူညီခဲ့တဲ့ ဟီးရိုးဆိုင်ကယ်သမား

Ref: dailymail

SHARE