စက်လှေကားတွေအပေါ်မှာ ပြေးတက်ပြေးဆင်း မပြုလုပ်သင့်တဲ့ အကြောင်းရင်း

unsplash/ Victor Lozano

လန်ဒန်နဲ့ ဟောင်ကောင်အပါအ၀င် မြို့ကြီးတော်တော်များများက စက်လှေကားတွေအပေါ်မှာ လမ်းလျှောက်တာ၊ ပြေးတက်ပြေးဆင်းတာမျိုး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ အကြောင်းရင်းကတော့ မတော်တဆမှုတွေ ဖြစ်ပွားတတ်လို့ ဖြစ်ပါတယ်။

တိုကျိုက ဂျပန်စက်လှေကားအဖွဲ့ရဲ့ ရှာဖွေတွေ့ရှိချက်အရ (၂၀၁၃) ခုနှစ်ကနေ (၂၀၁၄) ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ စက်လှေကားမတော်တဆမှု (၁,၄၇၅) မှုဟာ လူပေါင်း (၈၈၀) တို့ရဲ့ မလျော်မကန် လိုက်ပါစီးနင်းမှုကြောင့်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တကယ်လို့ အရမ်းအလျင်လိုနေတယ်၊ မတ်တပ်ရပ်ရမှာလည်း စိတ်မရှည်ဘူးဆိုရင်တော့ စက်လှေကားအစား ရိုးရိုးလှေကားကိုသာ အသုံးပြုပါလို့ East Japanese Railway Company (JR East) ကတော့ တိုက်တွန်းထားပါတယ်။

unsplash/Annie Spratt

မတ်တပ်သာ ရပ်လိုက်လို့ရတဲ့ standing-only စက်လှေကားတွေဟာဆိုရင် တစ်မိနစ်ကို ပျမ်းမျှအနေနဲ့ လူအယောက်ပေါင်းများစွာ အသယ်အပို့ပြုလုပ်နိုင်ပါတယ်။ ပုံမှန် လမ်းလဲလျှောက်နိုင်၊ မတ်တပ်လည်း ရပ်နိုင်တဲ့ စက်လှေကားတွေမှာတော့ standing-only ထက် စာရင် လူအရေအတွက် ပိုနည်းပြီး အသုံးပြုနိုင်ပါတယ်။

READ
ရာသီလာနေစဉ် အိမ်မှာမနေရသော နီပေါမိန်းကလေး၊ နွားတင်းကုတ်မှာ မြွေကိုက်ပြီး သေဆုံး

စက်လှေကားတစ်စီးအနေနဲ့ဆိုရင် စက်လှေကားရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ လူတွေအပြည့်ရှိတာဟာ စက်လှေကားရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေပြီး အချိန်ကြာစေနိုင်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေမဖြစ်စေဖို့ စက်လှေကားပေါ် ပြေးတက်ပြေးဆင်းလုပ်တာမျိုးတွေကို ရှောင်ကြဉ်သင့်တဲ့အကြောင်း worldofbuzz သတင်းကနေ ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE