စက်လှေကားပေါ်မှာ ဒေါင်လိုက် ထွင်းကြောင်းတွေရှိနေရတဲ့ အကြောင်းရင်း…

လူသန်းပေါင်းများစွာတို့ဟာ နေ့စဉ်စက်လှေကားတွေကို အသုံးပြုကြပါတယ်။ ဒါပေမယ့် စက်လှေကားတွေဟာ ဘယ်ပုံဘယ်နည်းနဲ့ အလုပ်လုပ်တယ်ဆိုတာ ထဲထဲဝင်ဝင်သိတဲ့သူ သိပ်မများပါဘူး။ စက်လှေကားတွေမှာ ဆင်ခြေလျှောထောင့်အတိုင်း ရွေ့လျားနေတဲ့ ချိန်းကြိုးတွေပါဝင်ပြီး လှေကားထစ် တစ်ထစ်စီတိုင်းမှာ ဘီးလုံး(၂) စုံပါဝင်ပါတယ်။ စက်လှေကားတစ်ခုလုံးကို အီလက်ထရောနစ်မော်တာနဲ့ မောင်းနှင်ပါတယ်။ ပြောရရင် စက်လှေကားတွေက ရွေ့လျားစက်ခါးပတ် conveyor belt တွေနဲ့ ဆင်တူပါတယ်။ စက်လှေကားကတော့ လှေကားထစ်တွေနဲ့ ပြုလုပ်ထားတဲ့ ရွေ့လျားစက်ခါးပတ်ကြီးတွေလို့လည်း ဆိုနိုင်ပါတယ်။

Shutterstock/ sunit paenphat

စက်လှေကားရဲ့ ရှေ့ဆုံးနဲ့ နောက်ဆုံး ခြေချရာလှေကားထစ်တွေမှာ တစ်ဖက်ကို ခြေလှမ်းဖို့လွယ်ကူအောင် မြေပြင်နဲ့ တပြေးညီ ပြုလုပ်ပေးထားတာကိုတော့ သိပြီးဖြစ်မှာပါ။ ဒါပေမယ့် စက်လှေကားတွေပေါ်မှာ ဘာကြောင့် ထွင်းကြောင်းတွေ ပါနေရပါသလဲ။ အရင်တုန်းကတော့ စက်လှေကားတွေကို သစ်သားနဲ့ပြုလုပ်ပြီး လှေကားတွေဟာ ချောမွေ့တဲ့ ခြေနင်းမျက်နှာပြင်တွေရှိပါတယ်။ ဒါကြောင့် အလွယ်တကူမီးစွဲနိုင်ပါတယ်။ ဒီလိုအဖြစ်ဟာ လန်ဒန်ရဲ့ မြေအောက် ဘူတာရုံတစ်ခုမှာ ဖြစ်ဖူးပါတယ်။ မီးစွဲနေတဲ့ မီးခြစ်ဆံတစ်ချောင်းဟာ စက်လှေကားရဲ့ သစ်သားပြားအောက်ထဲဝင်ပြီး အမှိုက်တွေနဲ့တွေ့ကာ မီးကြီးထလောင်ခဲ့တာ ဖြစ်ပါတယ်။

READ
ကိုယ်ကျင့်တရားကောင်းပြီး သမာသမတ်ကျတဲ့ လူတွေမှာပဲ ရှိနိုင်တဲ့ စရိုက်လက္ခဏာများ
Shutterstock/ DeepMeaning

ဒီအဖြစ်အပျက် ဖြစ်ပွားပြီးနောက်မှာတော့ ယနေ့ခေတ်မှာတွေ့မြင်ရတဲ့ ထွင်းကြောင်းတွေပါတဲ့ စက်လှေကားတွေကို စတင်မိတ်ဆက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ထွင်းကြောင်းစက်လှေကားတွေပေါ်လာတဲ့ အဓိကရည်ရွယ်ချက်ကတော့ အရာဝတ္ထုပစ္စည်းတွေ စက်လှေကားမှာ မညပ်မိအောင်လို့ ဖြစ်ပါတယ်။

Shutterstock/ Cool Vector Maker

အမှိုက်လို အရာဝတ္ထုတွေနဲ့ စက်လှေကားပေါ်စီးနင်းလိုက်ပါလာကြတဲ့ လူသားတွေရဲ့ ခြေထောက်ဟာ စက်လှေကားအဆုံးရောက်တဲ့အခါ ညှပ်မိတာတွေ ဖြစ်မှာစိုးလို့ အခုလို ဒီဇိုင်းထွင်ထားရတာ ဖြစ်ပါတယ်။ စက်လှေကားစစတက်တဲ့အချိန် ဒါမှမဟုတ် စက်လှေကားဆုံးသွားတဲ့အချိန်မှာ လှေကားထစ်တွေထဲက ဘီးသဏ္ဍာန်ပလိပ်ပြားတွေဟာ သူတို့ရဲ့ စက်သွားတွေနဲ့ ဖိနပ်၊ ခရီးဆောင်သေတ္တာစတဲ့ အရာဝတ္ထုတွေကို အပေါ်ဘက်ဆီ ပင့်တင် တွန်းတင်ပေးပါတယ်။ ဒီအတွက်ကြောင့် ပစ္စည်းဟာ စက်လှေကားထဲညှပ်နေမှာကို မစိုးရိမ်ရတော့တာပဲ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

SHARE