အသက(၆၀)ကျော် ဘိုးဘိုးဘွားဘွားတွေအတွက် Kobe က အင်တာနက်ဂိမ်းဆိုင်လေး

Twitter- ISR e-Sports

Game ဆော့ကို မတရားဆော့တာလည်း မကောင်းပေမယ့်လို့ တချို့သော game တွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုစွမ်းရည်တွေကိုမြှင့်တင်ပေးစေနိုင်ပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာဆိုရင် အသက်ကြီးသူတွေကို ဂိမ်းလေးတွေဆော့ပါလို့တောင် အကြံပြုတာတွေရှိနေပါတယ်။

Sora News ရဲ့ဖော်ပြချက်အရတော့ အခုဆိုရင် လူကြီးတွေအတွေက်တောင် သီးသန့်ဖွင့်တဲ့ အင်တာနက်ဂိမ်းဆိုင်တွေတောင်ရှိနေပါပြီတဲ့။ ပထမဆုံးအနေနဲ့ဆိုရင်တော့ Kobe ဒေသမှာ တလောကမှ ဖွင့်လှစ်လိုက်တဲ့ အသက်ကြီးသူတွေအတွက် အင်တာနက်ဆိုင်ပါတဲ့လေ။

ISR e-Sports
ISR e-Sports

ဒီအင်တာနက်ဂိမ်းဆိုင်မှာတော့ ဥာဏ်ရည်စမ်းတဲ့ဂိမ်းတွေ ဥပမာ အတုံးဆက်တာတို့၊ ပုံတူရာရှာတာတို့၊ candy crush တို့လိုဂိမ်းတွေ၊ ရွာဆောက်တဲ့ဂိမ်းတွေ စတဲ့ အင်တာနက်နဲ့ချိတ်ဆက်ဆော့ရတဲ့ ဂိမ်းလိုမျိုးတွေကို ဆော့နိုင်မှာဖြစ်ပါတယ်။ ဆိုင်နာမည်ကတော့ ISR e-Sports ပါတဲ့။ ဇူလိုင် ၂ ရက်နေ့တုန်းက ဖွင့်ခဲ့တာပါ။

ISR e-Sports

ဆိုင်မှာလာဆော့သူဆိုရင်တော့ အသက် ၆၀ နဲ့အထက်ဖြစ်မှ member ဝင်လို့ရမှာဖြစ်ပါတယ်တဲ့။ အသက် ၆၀ နဲ့အထက်တွေအတွက် သီးသန့်ဖြစ်တာကြောင့် keyboard တွေနဲ့ mouse တွေကိုလည်း အထူးသင့်လျော်အောင် လုပ်ပေးထားပါတယ်တဲ့။ ရေနွေးကြမ်းလည်း အလကားတိုက်ဦးမှာတဲ့နော်။ ဈေးတွေကိုလည်း ပင်စင်စားများအတွက် ရည်ရွယ်တဲ့အတွက်ကြောင့် အတတ်နိုင်ဆုံးလျှော့ပြီး ယူဦးမှာပါ။

READ
ဗြိတိန်အသက်ကြီးဆုံးအမွှာညီအစ်မသုံးဖော်ရဲ့ အသက် (80)ပြည့် မွေးနေ့
ISR e-Sports

Penny

SHARE