တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ၁ ဘီလီယံအထိရှိပြီဖြစ်တဲ့ E-Sports ရဲ့ဝင်ငွေ

ယခု ၂၀၁၉ မှာဆိုရင် တစ်ကမ္ဘာလုံးမှာ ပြုလုပ်ကျင်းပနေတဲ့ e-sports ပြိုင်ပွဲတွေရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ မနှစ် ၂၀၁၈ ကထက် ၂၇ ရာခိုင်နှုန်းတောင် တိုးလာတာဖြစ်ပြီး ပြိုင်ပွဲတွေ ကျင်းပစဉ် ကြော်ငြာဝင်ငွေ၊ စပွန်ဆာဝင်ငွေ၊ မီဒီယာမူပိုင်ကြေး စတာတွေကို ထည့်တွက်ထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

E-sports ရဲ့ brand တည်ဆောက်မှုမှာ အထက်ပါ ကဏ္ဍသုံးမျိုးကနေတင် ဝင်ငွေစုစုပေါင်းရဲ့ ၈၂ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၈၉၇ သန်းကို ရရှိနေတာဖြစ်ပါတယ်။ ဂိမ်းလောကနဲ့ ပတ်သက်လို့ စာရင်းပြုစုတဲ့ လုပ်ငန်းဖြစ်တဲ့ Newzoo မှ ထုတ်ပြန်တဲ့ ဒေတာတွေအရ e-sports ပြိုင်ပွဲတွေမှာ ရရှိတဲ့ မီဒီယာနဲ့ စပွန်ဆာကြေးတွေဟာ ၂၀၁၅ ခုနှစ်ကထက် ၃ ဆ ပိုမြင့်တက်လာခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Geek.com

E-sports ဆိုရာမှာ အွန်လိုင်းဗီဒီယိုဂိမ်းတွေကို အသင်းအဖွဲ့လိုက် ပြိုင်ရတဲ့ ပြိုင်ပွဲတွေဖြစ်ပြီး ပရိသတ်တွေ အားပေးနိုင်အောင်လည်း တိုက်ရိုက်လွှင့်တဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပိုခေတ်စားလာခဲ့ပြီး နာမည်ကြီးတဲ့ ကစားသမားတွေ၊ လိဂ်တွေ၊ ဒေါ်လာသန်းချီရှိတဲ့ ဆုကြေးကြီးတွေပါ ထွက်ပေါ်လာတာပါ။ E-sports တွေထဲက ပေါ်ပြူလာဖြစ်တဲ့ ဂိမ်းအမျိုးအစားအချို့ထဲမှာ League of Legends, Dota 2 နဲ့ Counter-Strike: Global Offensive တို့ ပါဝင်ပါတယ်။

READ
တစ်ပတ်ရစ်ကင်မရာ ဝယ်ယူလိုသူများအတွက် အကြံပြုချက် (၇)ချက်

E-sports ပြိုင်ပွဲတွေမှာ နာမည်ကြီး brand တွေကပါ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတဲ့အကြောင်းကို Newzoo ရဲ့ စီအီးအို Peter Warman က အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ဒါတွေဟာ စမ်းသပ်ရင်းနှီးမြှုပ်နှံတာတွေ မဟုတ်ပါဘူး။ ရေရှည်အတွက် ပမာဏများစွာ မြှုပ်နှံတာပါ။ ဥပမာ Activision Blizzard ရဲ့ Overwatch League ပြိုင်ပွဲအတွက် Coca-Cola က global beverage sponsor အနေနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။”

Esports Marketing Blog

ဒါ့အပြင် e-sports ပြိုင်ပွဲတွေမှာ အခြား နာမည်ကျော် brand တွေ ဖြစ်တဲ့ ကားကုမ္ပဏီ Toyota Motor ၊ wireless network ဝန်ဆောင်မှုကုမ္ပဏီ T-Mobile US ၊ ကွန်ပြူတာ ကုမ္ပဏီတွေဖြစ်တဲ့ HP နဲ့ Intel တို့ပါ စပွန်ဆာတွေအဖြစ် ပါဝင်ထားကြပါတယ်။ E-sports ရဲ့ ၂၀၁၉ စံချိန်တင် ဝင်ငွေ ၁.၁ ဘီလီယံအနက် ဒေါ်လာ ၄၀၉ သန်းက မြောက်အမေရိက e-sports ပြိုင်ပွဲတွေဆီက ဖြစ်ပါတယ်။ ပြီးရင် တရုတ်က ၁၉ ရာခိုင်နှုန်း၊ တောင်ကိုရီးယားက ၆ ရာခိုင်နှုန်းနဲ့ ကျန်နိုင်ငံတွေ စုစုပေါင်းက ၃၈ ရာခိုင်နှုန်းဖြစ်ပါတယ်။

READ
ကန်ဒေါ်လာ(၁၅၀၀) တန်ကြေးရှိတဲ့ သရဲနှင်တဲ့စက်ကို ထိုင်းကုမ္ပဏီတစ်ခု ရောင်းချလို
Fantastic Esports

ကြော်ငြာတွေကနေ ဝင်ငွေအဓိကရတယ်ဆိုပေမယ့် ကုန်ပစ္စည်းတွေနဲ့ လက်မှတ်ရောင်းခတွေလည်း ဒေါ်လာ ၁၀၄ သန်းနဲ့ ၂၂ ရာခိုင်နှုန်း တိုးလာဖို့လည်း မျှော်မှန်းထားပါတယ်။ E-sports ပွဲစဉ်တွေကို ကြည့်ရှုတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ကြည့်ရှုနှုန်းကိုတော့ ၄၅၄ သန်းနဲ့ ၁၅ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ မှန်းထားကြပါတယ်။ ၂၀၂၂ ခုနှစ်မှာဆိုရင် E-sports ရဲ့ ဝင်ငွေက ၁.၈ သန်းအထိပါ တိုးလာမယ်လို့လည်း Newzoo က ထုတ်ပြန်ထားပါတယ်။

Ref: gadgets.ndtv

SHARE