သင်သိထားသင့်တဲ့ ကမ္ဘာတစ်ဝန်းနိုင်ငံတွေရဲ့ ကျင့်ဝတ်စည်းမျဉ်းတွေအကြောင်း

Twitter / Wise Bread

နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ သမိုင်းနောက်ခံတွေ၊ ဓလေ့စရိုက်တွေ၊ အယူအဆတွေ ၊ ယဉ်ကျေးမှုတွေ များစွာရှိကြသလို၊ တစ်နိုင်ငံချင်းစီမှာ သူတို့သတ်မှတ်ထားတဲ့ လူမှုရေးစည်းမျဉ်းတွေ ရိုးရားဓလေ့တွေကလည်း အမျိုးမျိုးကွဲပြားခြားနားကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပြည်ပနိုင်ငံတွေကို ခရီးထွက်တဲ့အခါ သူ့နိုင်ငံမှာ ဘယ်လို ယဉ်ကျေးမှုစရိုက်တွေရှိတယ်ဆိုတာ သိရှိဖို့နဲ့ ဆောင်ရန် ရှောင်ရန် အချက်တွေကို သေချာလေ့လာထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းနိုင်ငံတွေရဲ့ ကျင့်ဝတ်စည်းမျဉ်းတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်မှာဆိုရင် အောက်ပြုတ်ကျသွားတဲ့ ပေါင်မုန့်ကို ပြန်ကောက်ပြီးရင် အနမ်းလေးပြန်ပေးလေ့ရှိပါတယ်။

ချီလီ

ချီလီလူမျိုးတွေက ဇွန်းခက်ရင်းတွေကိုအမြဲတစေအသုံးပြုတတ်ကြတယ်။ ဒါကြောင့် အစားအစားတွေကိုသင့်လက်နဲ့တိုက်ရိုက်ထိတာဟာ  သူ့တို့အတွက်တော့ အဆိုးဝါးဆုံးအပြုအမူတစ်ခုပါ။

 

တရုတ်

တရုတ်နိုင်ငံမှာ ဧည်သည်လုပ်မယ်ဆိုရင်တော့ သင်သိထားရမယ့်အချက်လေးတွေရှိပါတယ်။ အဲ့ဒီက အိမ်ရှင်တွေက စားပွဲမှာ အစားကိုရှုပ်ပွနေအောင်စားထားရင် သူတို့ကအရမ်းသဘောကျကြပါတယ်။ သူတို့အစားကို ကြိုက်လို့ သဘောကျလို့ လို့ မှတ်ယူကြလို့ပါ။  နောက်ပြီး ပန်းကန်ထဲမှာ စားစရာနည်းနည်းကျန်ခဲ့ရင်တောင် ဗိုက်ပြည့်သွားတယ်ဆိုတဲ့သဘောလို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ပန်းကန်ထဲက ထမင်းတွေကိုမစားဘဲ ထားခဲ့ရင်တော့ အလွန်ရိုင်းစိုင်းတဲ့အပြုအမူလို့ သတ်မှတ်ကြပါတယ်။ ဒီတော့ တရုတ်သွားရင် အ၀သာစားလာခဲ့ပါ။

အီဂျစ်

အီဂျစ်ရဲ့ ကျင့်ဝတ်တစ်ခုကတော့ သင့်ဖန်ခွက်ထဲကို တစ်စုံတစ်ယောက်က မဖြည့်ပေးမချင်းကိုယ်တိုင် ဘယ်တော့မှ မဖြည့်ပါနဲ့။ ဘေးကလူရဲ့ ဖြည့်ပေးတာကိုပဲစောင့်ပါ။ ကိုယ်ကလည်း တစ်ဖက်လူရဲ့ခွက်ကိုပဲဖြည့်ပါ။ တကယ်လို့သင့်ဖန်ခွက်ထဲမှာ ရေက နည်းနေပြီ ဖြည့်ဖို့လိုနေပြီ၊ တစ်ဖက်လူကလည်း ဖြည့်ပေးဖို့ မေ့နေတယ်ဆိုရင် သူ့ခွက်ကို ဖြည့်ပေးလိုက်ပါ။ ဒါဆိုသူသိပါပြီ။ ကိုယ့်ခွက်ကိုယ်ရေဖြည့်တာဟာ သူတို့အတွက် လုံးဝလက်မခံနိုင်တဲ့ စည်းမျဉ်းတစ်ခုပါ။

 

အီသီယိုးပီးယား

အီသီယိုးပီးယားမှာတော့ ခက်ရင်းတွေဇွန်းတွေနဲ့စားတာဟာ အပိုအလုပ်တွေပါပဲနော်။ သူတို့က ညစာကို အဖွဲ့လိုက် ပန်းကန်တစ်ခုထဲမှာ စုစားတတ်ကြပါတယ်။ ပြီးတော့ ညာဘက်လက်ကိုပဲအသုံးပြုကြတာပါ။ အဲ့ဒါကို သူတို့ရဲ့”gursha ရိုးရာတစ်ခုခေါ်ပြီး တစ်ယောက်တစ်လှည့်ခွံ့ကျွေုးတတ်ကြပါတယ်။ ဒါကြောင့် အီသီယိုးပီးယားသွားပြီး ဇွန်းခက်ရင်းနဲ့ အိုဗာသွားမလုပ်ပါနဲ့။

ပြင်သစ်

တခြားနိုင်ငံတွေမှာတော့ပေါင်မုန့်က သရေစာဆိုပေမယ့်၊ ပြင်သစ်မှာတော့ ပေါင်မုန့်ဟာ အသားတွေလို အဓိကအစားအစာတစ်ခုပါ။ ပေါင်မုန့်ကို ထမင်းစားပွဲမှာ အသားဟင်းတွေနဲ့ရောပြီး စားကြတာဖြစ်ပါတယ်။ ဒါကြောင့်ပေါင်မုန့်ဟာ စားပွဲမှာ ဓား၊ဇွန်း၊ခရင်းတွေလို မရှိမဖြစ်ထားတဲ့ပြင်သစ်ရဲ့ထုံးစံဖြစ်ပါတယ်။ ဒီတော့ ပြင်သစ်သွားဖို့ ပေါင်မုန့်ကြိုက်အောင် အရင်လုပ်ထားပါအုံး။

 

ဂျော်ဂျီယာ

ဂျော်ဂျီယာက အလေ့အထကတော့ ၀ိုင်သောက်တဲ့အခါ စားပွဲဝိုင်းမှာ လူရှိသလောက်ကို တစ်ယောက်ချင်းစီက ချီးယားလိုက်လုပ်ရပါတယ်။ တစ်ယောက်ပြီး တစ်ယောက် ၀ိုင်းရှိလူကုန် ချီးယားလုပ်ရတာပါ။ ပြီးတော့ တစ်ကျိုက်တည်း အကုန်သောက်ပါ။ချန်မထားခဲ့ပါနဲ့။ ချန်ထားခဲ့ရင်ရိုင်းပါတယ်လို့ယူဆပါတယ်။ ၀ိုင်းမှာ လူပြည့်သွားလို့ ပြီးပြီမထင်ပါနဲ့နော်၊ နောက်တစ်ခေါက်ထပ်လှည့်ပါသေးတယ်။ ဒီတော့ ပုံမှန်လူတစ်ယောက်ဟာ ဖန်ခွက်အသေးနဲ့ (၁၀)ခွက်(၁၅)ခွက်လောက် သောက်ကြရပါတယ်။ သောက်တဲ့အခါမှာလည်း ၀ိုင်နဲ့ vodka ကို သောက်ကြပြီး၊ ဘီယာကတော့ တစ်ခါတလေမှသောက်တာပါ။

 ဟန်ဂေရီ

ဟန်ဂေရီနဲ့ပတ်သက်ပြီး မဖြစ်မနေသိထားရမယ့်အချက်တစ်ခုပါ။ (1848)ခုနှစ်တော်လှန်ရေးမှာ သြစတြေးလျတွေဟာ ဟန်ဂေရီရဲ့ရှုံးနိမ့်မှုကို အောင်ပွဲခံတဲ့အနေနဲ့ ဘီယာခွက်ချင်းတိုက်ခဲ့ကြပါတယ်။ ဟန်ဂေရီလူမျိုးတွေဟာ ဒီအဖြစ်အပျက်နဲ့သူတို့ရဲ့ရှုံးနိမ့်မှုကို မမေ့နိုင်ဖြစ်နေဆဲပါ။ ဒါကြောင့် အဲ့ဒီကိုရောက်တဲ့အခါ သောက်စားကြတဲ့အခါ ခွက်ချင်းအသံမြည်အောင်မတိုက်ပါနဲ့လို့ အကြံပေးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ချီးယားလုပ်ကြပါ။ အကြည့်ချင်းမဆုံရင်လည်း ရိုင်းတယ်လို့သတ်မှတ်ပါတယ်။

 အီတလီ

အီတလီမှာ ပီဇာစားတဲ့အခါ Parmesan ချိကို အပေါ်က မဆမ်းခိုင်းပါနဲ့။ ပီဇာပေါ် Parmesan ထည့်ခိုင်းတာဟာ အီတလီလူမျိုးတွေအတွက် အစားအသောက်ကို ဖျက်စီးတယ်လို့ သတ်မှတ်ကြလို့ဖြစ်ပါတယ်။

ဂျပန်

ဂျပန်နိုင်ငံမှာ ခေါက်ဆွဲတို့ စွတ်ပြုတ်တို့စားတဲ့အခါ ရှုးရှုးရှဲရှဲနဲ့အသံမြည်နိုင်သလောက်မြည်အောင်စားရပါတယ်။ ဒါဟာ စားဖိုမှူးတွေကို သူတို့အစားအစားကောင်းကြောင်း ချီးကျူးတဲ့ သင်္ကေတဖြစ်ပါတယ်။

ကိုရီးယား

ကိုရီးယားနိုင်ငံမှာ ဖော်ရွေပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဖြစ်ချင်တယ်ဆိုရင်တော့ သင့်ကို ပထမဆုံးတိုက်တဲ့အရက်ကို လုံးဝမငြင်းပါနဲ့။ သင်ကိုယ်တိုင်ကလည်း သူများကို အရင်ထည့်ပေးပါ။ မဟုတ်ရင် ရိုင်းစိုင်းတယ်လို့သတ်မှတ်ပါတယ်။

Khaing

SHARE