ဗယ်လင်တိုင်းဒေးအထိ ရည်းစားမရသေးတဲ့ ယူရို သန်းထီ ဆုရှင်

ဗြိတိန်နိုင်ငံမှာ အသက် (၁၇) နှစ်နဲ့ အသက်အငယ်ဆုံး ယူရို သန်းထီဆုရှင် Jane Park ဟာ အခုအထိ ရှာနေတာ မရသေးဘူးလို့သိရပါတယ်။

လက်ရှိမှာ အသက် (၂၃) နှစ်အရွယ်ရှိနေပြီး ဖြစ်တဲ့ သူမကို ဒိတ်မယ့် အမျိုးသားတွေဟာ ပေါ်မလာဘဲ ချစ်သူများနေ့မှာတောင် စင်ဂယ်ဘ၀က မကျွတ်နိုင်သေးဘူးဖြစ်နေတယ်လို့ ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Twitter

သူမဟာ  (၂၀၁၃) ခုနှစ်တုန်းက ယူရိုငွေ (၁) သန်း ထီပေါက်ခဲ့ပြီးတော့ ကားတွေဝယ်၊ အားလပ်ရက် ဇိမ်ခံခရီးတွေထွက်၊ ပလတ်စတစ်ဆာဂျရီတွေ လုပ်ပြီး ဘ၀ကို အမြင့်ဆုံးမှာ ခံစားနေလာခဲ့တာပါ။ ရည်းစားတွေဘာတွေတော်တော်လည်း ထားခဲ့ပြီးနောက် သူမက သူမအပေါ် သစ္စာရှိရှိနဲ့ လက်တွဲမယ့်သူကို ရှာဖွေနေကြောင်း ကိုယ်ပိုင် ၀က်ဘ်ဆိုက်က ကြေငြာခဲ့ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၀၇၀၀၀) လည်း ပေးဦးမှာဖြစ်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

READ
နာမည်ကျော်တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးသူတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့

သူမဟာ X Factor ပြိုင်ပွဲဝင် Sam Callahan နဲ့ လူငယ် ဘောလုံးကြယ်ပွင့် Jordan Piggott တို့နဲ့တွဲခုတ်ခဲ့ဖူးတယ်။ ဒါ့အပြင် (၂၀၁၆) ခုနှစ်တုန်းက  Mark Scales ဆိုသူနဲ့ တွဲခဲ့ပြီး ၄င်းက သူမကို ငွေအတွက် တွဲတာဆိုပြီး ဖော်ထုတ်ခဲ့ပါတယ်။

အဲ့ဒီ့တုန်းကဆို ဒေါ်လာ (၁၂၅၀၀) တန် ရိုးလက်စ်နာရီ ၀ယ်ပေးခဲ့ကြောင်း၊ အဲ့ဒါကို ပိုက်ဆံလိုလို့ဆိုပြီး ၄င်းက ဒေါ်လာ (၁၉၇၀) နဲ့ ပြန်ရောင်းခဲ့ကြောင်းပါ ထုတ်ဖော်ခဲ့တယ်။

အဲ့ဒါတွေကြောင့်နဲ့ ယောကျာင်္းတွေက သူမဆီရောက်လာတာ အချစ်ကြောင့်လား ငွေကြောင့်လား အခုထိ မသဲကွဲကြောင်း၊ သို့လော သို့လော မေးခွန်းတွေနဲ့ပဲ အမြဲ ပိတ်လှောင်နေကြောင်း ပြောပါတယ်။

READ
မလေးဘုရင်နဲ့ လက်ထပ်ပြီး လက်တွေ့ဘ၀ထဲက မိဖုရားဖြစ်လာတဲ့ ရုရှားအလှဘုရင်မ
GoBigWin

အင်စတာဂရမ်မှာ follower (၁၂၀၀၀၀) လောက်ရှိတဲ့ သူမကို တွဲခဲ့ဖူးသူတိုင်းက စိတ် မနှံ့ဘူးလို့ ပြောကြသလို၊ တချို့ဆို ကြောက်ပါကြောက်သွားကြတယ်။ ဒါတောင် ဟိုတလောက   Brain Matthews ဆိုတဲ့ reality star တစ်ယောက်နဲ့ အိပ်ယာထဲက ပုံတွေထွက်ပေါ်လာခဲ့ပါသေးတယ်။

Park က EuroMillions ရဲ့ နောက်ကွယ်က စီစဉ်တဲ့သူတွေကိုလည်း သူမ အခုလို့ ပျက်စီးသွားတာ ထီပေါက်သွားခဲ့တာကြောင့်ဆိုပြီး တရားစွဲမယ် ဘာညာနဲ့ ခြိမ်းခြောက်ခဲ့ပြီး ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပါတယ်။

Source: news.au

Matthew 

 

 

SHARE