ဥရောပရဲ့ ပထမဆုံး ရေအောက် ပြတိုက် ဖွင့်လှစ်

ဥရောပရဲ့ပထမဆုံးရေအောက် ရုပ်တုပြတိုက်ကို Lanzarote  ကျွန်းကမ်းလွန် ပင်လယ်ပြင် မှာဖွင့်လှစ်လိုက်ပါပြီ။ Museo Atlantico ရေအောက်ရုပ်တုပြ တိုက် ထဲ မှာတော့ ရုပ်တု (၃၀၀)ကျော် ပါဝင်ကာ ပြီးစီးဖို့ (၃)နှစ်နီးပါး အချိန်ယူ ခဲ့ရပါတယ်။ရုပ်တုတွေကိုတော့ ရေငုပ်သမားတွေရဲ့ အကူအညီနဲ့ ပင်လယ်ရေေ  အောက် (၃၉)ပေမှာထားရှိထားတာပါ။

7452

Bahia de Las Coloradas ကမ်းလွန်မှာရှိ တဲ့ ရေအောက်ပြတိုက်ကိုတော့ အခုဆိုရင်သွားရောက်လည်ပတ်လို့ရနေပြီဖြစ်ပါတယ်။ရုပ်တုတွေကိုတော့ pH neutral materials တွေနဲ့ထုဆစ်ထား တာဖြစ်ပြီး၊ကျောက်တန်းတွေလို ပဲ ရေအောက်မှာ နှစ်ရာနဲ့ချီပြီးရှိနေနိုင်အောင် ဒီဇိုင်းဖန်တီးထုဆစ်ထားတာပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ရေအောက်မှာရှိတဲ့ အပင်တွေနဲ့ သတ္တ၀ါတွေကိုလူတွေသတိပြုမိလာအောင် မီးမောင်း ထိုးပြလှုံ့ဆော်တဲ့ အနေနဲ့ရည်ရွယ်ပြီး ဒီပြတိုက်ကို ဖန်တီးခဲ့တာပါ။

်နနတ်

ကမ္ဘာ့ပထမဆုံး ရေအောက်ရုပ်တုပန်းခြံကို ဖန်တီးခဲ့သူ ဗြိတိန်ရုပ်တု ပညာရှင် အနုပညာရှင် Jason deCaires Taylor ရဲ့လက်ရာဖြစ် တဲ့ခြေကား ယား လက်ကားယား နဲ့ရုပ်တု (၁၂) ရုပ်ကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ Guanches အခြေချနေထိုင်သူတွေကို မော်ဒယ်ပုံစံအဖြစ်ယူကာ ထုဆစ်ထား တာဖြစ်ပါတယ်။ရေအောက်ပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုကြပါလို့ deCaires Taylor ကဖိတ်ခေါ်ထားပါတယ်။ထိတ်လန့်ချောက်ချားဖွယ်ရာ ရုပ်တုတွေ၊တန်တစ်ရာ၊ပေ(၉၀)မြင့်တဲ့ နံရံကြီးတွေ၊ပန်းပုံစံတွေထုဆစ်ထားတဲ့ ရုက္ခဗေဒဥယျာဉ်ကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

READ
အာဂျင်တီးနားနိုင်ငံ၏ အထင်ကရနေရာများ

3C04F30C00000578-0-image-a-90_1484052020639

Ref;Daily Mail

SHARE