ကူးစက်မြန်ရောဂါကြောင့်နဲ့တော့ အိမ်တွင်းပုန်းမနေနိုင်ဘူးဆိုလိုက်တဲ့ ဟောလီးဝုဒ်မင်းသမီး

instagram/evangelinelillyofficial

Covid-19 ဟာ ကမ္ဘာပေါ်က လူသားအားလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့တာ အမှန်ပါ။ ဒါပေမဲ့ နာမည်ကျော် ဟောလီးဝုဒ်မင်းသမီးတစ်လက်ဖြစ်တဲ့ Evangeline Lilly ကတော့ ရောဂါဖြစ်မှာစိုးလို့ အိမ်တွင်းပုန်းပြီးနေသူတွေထဲတော့ မပါဝင်ခဲ့ပါဘူး။ အသက် (၄၀) နှစ်ရှိပြီဖြစ်တဲ့ Ant-Man and the Wasp မင်းသမီးက တနင်္လာနေ့မနက်တုန်းက သားနှစ်ယောက်ကို ကျွမ်းဘားအားကစားလေ့ကျင့်ရေးစခန်းဆီ သွားပို့ပေးခဲ့တယ်လို့ သူမအင်စတာပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

ကြည့်ရတာတော့ Evangeline ဟာ ကျွမ်းကျင်သူပညာရှင်တွေရဲ့ လူစုလူဝေးနဲ့ ဝေးဝေးနေပါဆိုတဲ့ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှု ကာကွယ်ရေးသတိပေးချက်ကို လျစ်လျူရှုထားပုံပါပဲ။

“ကျွန်မကလေးတွေကို ကျွမ်းဘားသင်စခန်းမှာ ထားခဲ့ပါတယ်။ အထဲမ၀င်ခင်တော့ သားတွေက လက်ဆေးသွားကြပါတယ်။ သူတို့ဘာသာ ဆော့ပြီး ပျော်နေကြတာပဲ…” လို့ ရေးသားထားခဲ့တာပါ။ ဒါ့အပြင် Evangeline က “ခါတိုင်းလိုပဲ အလုပ်ရှိတယ်” ဆိုကာ hashtag ကို ထပ်ပေါင်းပြီး ရေးသားထားပါသေးတယ်။

READ
ငပလီကမ်းခြေမှာ ပျော်ပျော်ရွှင်ရွှင် အပန်းဖြေနေတဲ့ ပုံရိပ်တွေ မျှဝေလိုက်တဲ့ ပိုပို

ဒီပို့စ်ကိုမြင်ပြီး ပရိသတ်တွေက Evangeline တစ်ယောက်တော့ တခြားအနုပညာရှင်တွေလို အိမ်မှာ မနေဘူး၊ အပြင်ထွက်နေတုန်းပဲ ဆိုပြီး သိခဲ့ကြတာပါ။ လူတော်တော်များက သူမအတွက် စိုးရိမ်ပူပန်ခဲ့ကြသလို ဒေါသလည်း ထွက်ခဲ့ကြပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးကြောက်နေရပြီး အသက်ကိုတောင် ဇီဝှိန်ခြွေနေတဲ့ ဒီဗိုင်းရစ်စ်ကိုဂရုပြုပြီး မကာကွယ်လို့ ဖြစ်ပါတယ်။

Evangeline ကတော့ ပရိသတ်တစ်ယောက်ကို ပြန်လည်ဖြေကြားခဲ့တဲ့အထဲ “ကျွန်မတို့တစ်တွေ လက်ရှိတွေ့ကြုံခံစားနေရတာတွေက အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ တုပ်ကွေးအမည်တစ်ခုအောက်မှာ ဖြစ်နေတယ်။ မာရှယ်လောနဲ့တောင် တော်တော်လေးနီ်းနေပြီ..”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ Evangeline အနေနဲ့ လက်ရှိမှာ Covid-19 ထက်စာရင် သူမရဲ့လွတ်လပ်မှုအပေါ်ပိုပြီး အလေးထားပုံပါပဲ။ “တစ်ချို့လူတွေက လွတ်လပ်မှုကို အသက်ထက် ပိုတန်ဖိုးထားတယ်။ တစ်ချို့ကျတော့လည်း အသက်ကို လွတ်လပ်မှုထက် ပိုတန်ဖိုးထားတယ်…” ဆိုပြီး သူမပြောခဲ့တာကိုလည်း insider သတင်းမှာ တွေ့ရပါသေးတယ်။

READ
မော်ဒယ်လျှောက်လမ်းပေါ်မှာ သတို့သမီးဝတ်စုံလေးနဲ့ တွေ့ရတဲ့ အောန်ဆိုင်း

လင်းလင်း (ShweMom)

SHARE