ဂျပန်နိုင်ငံရဲ့ဓလေ့စရိုက်ဆန်းလေးတွေကို မြင်သာအောင်ရေးဆွဲထားခဲ့တဲ့ကာတွန်းပုံများ

@evacomics/Instagram, Evacomics/Facebook

Evangeline Neo ဟာ တိုကျိုမြို့မှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အနုပညာကျောင်းတက်ခဲ့ပါတယ်။ ဒီ ၄ နှစ်အတွင်းမှာ Eva ဟာ ဂျပန်ရဲ့ဓလေ့ထုံးစံတွေနဲ့ လူနေမှုပုံစံအသစ်အဆန်းတွေကေို အံ့သြစွာတွေ့ခဲ့ရပြီးနောက်မှာတော့ သူမတတ်ကျွမ်းတဲ့ ကာတွန်းဆွဲတာနဲ့ ပေါင်းစပ်ကာ ဂျပန်နိုင်ငံရဲ့ ဓလေ့တွေကို ပေါ်ပေါ်ထင်ထင်ဖြစ်စေအောင် ဟာသလေးတွေစွက်ကာ ဖန်တီးထားခဲ့ပါတယ်။

 

ကာတွန်းနာမည်လေးဟာ “Eva, Kopi and Matcha” လို့နာမည်ပေးထားခဲ့ပြီး အရင်တုန်းကတည်းကလည်း စီရီးဆွဲကာရေးဖူးပါသေတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ “Eva, Kopi and Matcha Version 2” ဆိုပြီး ကာတွန်စာအုပ်အသစ်လေးထွက် ထားခဲ့ပြီး Amazon တို့ တခြား eBook ရောင်းတဲ့ website တို့မှာ ရောင်းချနေခဲ့ပါတယ်။ အဲဒီစာအုပ်ထဲက သဘောကျစရောကောင်းတဲ့ ကာတွန်းပုံလေးတချို့ကို Eva ကိုယ်တိုင် သူမရဲ့ Instagram နဲ့ Facebook တို့မှာ တင်ထားတာတွေ့လို့  ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

READ
ကမ္ဘာ့အဆိုးရွားဆုံး မင်္ဂလာသတို့သမီးဝတ်စုံများ

ဒီလိုအသား၊ငါးတွေတင်ထားတဲ့ ဆူရှီစားနည်း ဂျပန်တွေပဲကျွမ်းတယ်။ 

@evacomics/Instagram, Evacomics/Facebook

ဂျပန်ကအိမ်သာတွေနဲ့တခြားနိုင်ငံကအများသုံးအိမ်သာတွေချင်း ယှဉ်ကြည့်လိုက်တဲ့အခါ..

@evacomics/Instagram, Evacomics/Facebook

ဂျပန်ရဲ့စတိုးဆိုင်တိုင်းမှာ ဟိုဒင်းစာအုပ်တွေပါ တရားဝင်ရောင်းထားပြန်တော့ Eva အတွက် စစချင်း အနေခက်ခဲ့ရပါတယ်တဲ့။

@evacomics/Instagram, Evacomics/Facebook

တခြားနိုင်ငံတွေမှာလုံးဝမရှိတဲ့ ဓလေ့လေးကတော့ ခွေးလေးတွေ၊ ကြောင်လေးတွေကို မီးရထားစောင့်ခန့်တာပါပဲ။ ခဏခဏကြားဖူးကြမယ်ထင်ပါတယ်နော်။

@evacomics/Instagram, Evacomics/Facebook

တခြားနိုင်ငံတွေမှာ အစာစားလို့ အသံမြည်ရင်ယဉ်ကျေးမှုမရှိဘူးလို့ အထင်ခံရနိုင်ပေမယ့် ဂျပန်မှာ ခေါက်ဆွဲစားတိုင်း “ရှလွတ်၊ ရှလွတ်” ခနဲမြည်နေမှပါတဲ့..

@evacomics/Instagram, Evacomics/Facebook

တက်တူးရှိရင် ရာကူဇာအမှတ်နဲ့တော်ရုံနေရာတွေ ပေးမဝင်တတ်တာ ဂျပန်ကအလေ့အထတစ်ခုပါ။

@evacomics/Instagram, Evacomics/Facebook

အလုပ်သန့်စင်ခန်းထဲတွေမှာဆို သွားတိုက်တံထားဖို့ ကိုယ်ပိုင်လော့ကာလေးတွေ ထားပေးထားတတ်ပါတယ်။

@evacomics/Instagram, Evacomics/Facebook

တခြားနိုင်ငံတွေမှာ ထောင်ကဏန်းနဲ့ရနိုင်တဲ့ အသီးတွေကို ဂျပန်မှာ သိန်းနဲ့ချီပေးဝယ်ရမှာပါ။

@evacomics/Instagram, Evacomics/Facebook

ဂျပန်ရဲ့ရေချိုးဓလေ့

@evacomics/Instagram, Evacomics/Facebook

ဘယ်ဟင်းမဆို ခပ်ချိုချိုအရသာရှိပေမယ့် Eva မလေးရှားသွားတုန်းကတော့ စားသမျှစပ်လွန်းလို့ စိတ်တောင်ညစ်ခဲ့ရပါတယ်။

@evacomics/Instagram, Evacomics/Facebook

ဂျပန်မှာစမတ်ဖုန်းဝယ်တိုင်း ဘယ်ဖုန်းမဆိုဆို တခြားအသံတွေသာ ပိတ်ထားလို့ရမယ်၊ ကင်မရာအသံတစ်ချပ်ချပ်ကိုတော့ ဘယ်လိုပဲအသံပိတ်ထားပိတ်ထား မြည်နေဦးမှာပါပဲတဲ့။ ဒါဟာအများသုံးယာဉ်တွေပေါ်မှာ မိန်းကလေးတွေအောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်တဲ့အခါ သိဖို့ပဲဖြစ်ပါတယ်။

READ
ဖုန်းအရှေ့ကင်မရာနေရာမှာ ကွက်တိဖြစ်အောင် wallpaper အရွေးတော်ကြလွန်းသူများ
@evacomics/Instagram, Evacomics/Facebook

ကိုယ်တိုင်အမှိုက်သိမ်းတဲ့နိုင်ငံ

@evacomics/Instagram, Evacomics/Facebook

အမြဲတမ်းစည်းကမ်းရှိစွာနဲ့ အဆင်းလူကိုဦးစားပေးတတ်သတဲ့

@evacomics/Instagram, Evacomics/Facebook

Penny

SHARE