(၁၉-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Luca Bruno)

ဂျူဗင်တပ် – ဂျူဗင်တပ်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဒိုင်ဘာလာကို ရောင်းချဖို့ရှိနေကြောင်း သိရပါတယ်။ ဂျူဗင်ဟာ ဒိုင်ဘာလာအတွက် ယူရိုသန်း(၁၀၀)အထိ ရဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ဒိုင်ဘာလာဟာ ယခုနှစ်ရာသီဟာ (၁၀)ဂိုးသာ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။

(AP Photo/Frank Augstein)

ဂီရော့ဒ် – ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂီရော့ဒ်ဟာ ယူရိုပါလိဂ်မှာ (၁၀)ဂိုးအထိ သွင်းယူနိုင်တဲ့ ချယ်လ်ဆီးရဲ့ ပထမဦးဆုံးတိုက်စစ်မှူးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဂီရော့ဒ်ဟာ ဆလာဗီယာပရာဂွေးအသင်းနဲ့ ပွဲစဉ် ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် – ရာသီကုန်မှာ အာဆင်နယ်ကနေ ထွက်ခွာတော့မယ့် ရမ်ဆေးရဲ့နေရာကို အစားထိုးဖို့၊ အာဆင်နယ်အသင်းဟာ ဟော့ဖမ်ဟိန်းကွင်းလယ်လူ Kerem Demirbay ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ Demirbay ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင်(၂၅)သန်း ဝန်းကျင်ဖြစ်ပြီး၊ အာဆင်နယ်က ဆက်သွယ်စုံစမ်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

AS English

ကော်တင်ဟို – မန်ယူအသင်းဘက်ကို ဂိုးသွင်းပြီးနောက် နှားနှစ်ဘက်ကို ပိတ်ကာ အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး၊ ဝေဖန်ခံနေရတဲ့ ဘာစီလိုနာကစားသမား ကော်တင်ဟိုက သူဟာ ဘယ်သူ့ကိုမှ မလေးမစား ပြုမူခဲ့တာမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဟာဇက်ဒ် – ချယ်လ်ဆီးထိပ်သီးကစားသမား ဟာဇက်ဒ်ဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ ရီးယဲလ်အသင်းကို ရောက်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ရက်အနည်းငယ်အတွင်းမှာ ဖြစ်ဖွယ်ရှိနေပြီး၊ ဟာဇက်ဒ်ကိုယ်တိုင်က ချယ်လ်ဆီးကနေ ယခုနှစ်နွေရာသီမှာ ထွက်ခွာလိုနေကြောင်း သိရပါတယ်။

(AP Photo/Kirsty Wigglesworth)

ကိုစီယယ်နီ – အာဆင်နယ်နောက်ခံလူ ကိုစီယယ်နီက အာဆင်နယ်အသင်း ကစားရဖို့ရှိနေတဲ့ လက်ကျန်ပွဲစဉ်တွေတိုင်းကို ဗိုလ်လုပွဲတွေကဲ့သို့ ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့နဲ့၊ ယူရိုပါလိဂ်ဖလားရဖို့ အားကုန်ထုတ် ကြိုးပမ်းနေပါတယ်။

လင်းသုတ (SportAhtar)

READ
၂-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : mirror.co.uk/ marca.com/ goal.com/ skysports.com

SHARE