(၂၂-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Manu Fernandez)

ဒီဂီယာ – အဲဗာတန်ကို ရှုံးပွဲအပြီး ဒီဂီယာက မန်ယူပရိသတ်အတွက် တွစ်တာပေါ်မှာ စာတစ်စောင် ရေးခဲ့ပါတယ်။ သူက “ဒီနေ့ ဘယ်လိုခံစားနေရတယ်ဆိုတာ စာနဲ့ ရေးပြဖို့ ခက်ပါတယ် … ကပ္ပတိန်တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော်တို့ ဒီနေ့ ရခဲ့တဲ့စွမ်းဆောင်မှု၊ ရလဒ်တွေဟာ ခင်ဗျားတို့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အရာတွေပါ … ကျွန်တော်တို့ အသင်းအတွက် အရာအားလုံး ပေးဆပ်မှာပါ … ခင်ဗျားတို့ရဲ့ အားပေးမှုကိုလည်း အထူး ကျေးဇူးတင်ပါတယ် ”စသဖြင့် ရေးသားခဲ့ပါတယ်။

ဂယ်ရီနဗီးလ် – လက်တလောမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ယူအသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ရာသီမှာ ရောင်းထုတ်ဖို့အတွက် ကစားသမား(၅)ဦးထက်မက ရှိကြောင်း ဂယ်ရီနဗီးလ်က ထောက်ပြခဲ့ပါတယ်။ သူ့အနေနဲ့ ဘယ်ကစားသမားကို ရောင်းထုတ်သင့်တယ်လို့ မညွှန်းဆိုပေမယ့်၊ သတင်းတွေ၊ ဆိုရှယ်မီဒီယာတွေထက်မှာ ပရိသတ်အသံကို နားထောင်ရုံနဲ့ ဘယ်သူက အန်မဝင်ဘူးဆိုတာ ဆိုးလ်ရှားအနေနဲ့ သိလိမ့်မယ်လို့ နဗီးလ်က ပြောခဲ့တာပါ။

READ
၂၅-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Matt Dunham)

ဆာရီ – ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ပရီးမီယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံး(၄)သင်းစာရင်း ဝင်ရေးနဲ့ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ရေးတို့ဟာ ချယ်လ်ဆီးအတွက် အလွန်အရေးပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေ ရမှသာ သူ ချယ်လ်ဆီးနည်းပြရာထူးမှာ ဆက်ပြီး မြဲနေနိုင်မှာလည်း ဖြစ်တယ်လို့ ယူဆရပါတယ်။

လူကာကူ – မန်ယူအသင်းကနေ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ထွက်ခွာဖို့ရှိနေတဲ့ လူကာကူအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးရှိလာရင် လက်ခံစဉ်စားမယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူဟာ လူကာကူအတွက် ပေါင် (၇၅)သန်းလောက်အထိ အလိုရှိနေပါတယ်။ ဂျူဗင်တပ်ကတော့ လူကာကူကို ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့်၊ ဒီဈေးနဲ့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဘင်နီတက်ဇ် – နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်ကို အသင်းတာဝန်ရှိသူတွေက စာချုပ်သစ် ချုပ်ဆိုလိုနေသော်လည်း၊ ဘင်နီတက်ဇ်က လူခေါ်ဖို့အတွက် ပေါင်သန်း(၁၀၀)အထိ အသုံးပြုလိုနေတာကြောင့်၊ မကျေလည်မှုတွေ ဖြစ်နေကြောင်း သိရပါတယ်။

(AP Photo/Rui Vieira)

စပါး – စပါးခံစစ်မှူး Toby Alderweireld က မိမိတို့ဟာ လက်ကျန်ပွဲစဉ်တွေ အကုန်အနိုင်ယူနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ယခုနှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိမည်လို့ ယုံကြည်ကြောင်း၊ ဖွင့်ဟခဲ့ပါတယ်။ စပါးအသင်း ခြေချော်မှုကို မန်ယူ၊ အာဆင်နယ်တို့ အခွင့်ကောင်း မယူနိုင်ခဲ့တာကတော့ ပရီးမီယားလိဂ်ဟာ နောက်ဆုံးပွဲစဉ်တွေအထိ ကြည့်ကောင်းစေမယ့် သဘောဖြစ်နေပါတယ်။

ကော်တင်ဟို – လီဗာပူးကစားသမားဟောင်း ကော်တင်ဟိုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာနဲ့ လီဗာပူးတို့ စုံတွေ့ရခြင်းဟာ သူ့အတွက်တော့ စိတ်ပူပန်မှုကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ လီဗာပူးဟာ သူရှိနေစဉ်တုန်းကထက် အင်းအားပိုမိုတောင့်တင်းလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

GiveMeSport

အာဆင်နယ် – အာဆင်နယ်ပရိသတ် တော်တော်များများဟာ ပဲလေ့စ်နဲ့ပွဲမှာ အမှားများစွာ ကျူးလွန်ခဲ့တဲ့ နောက်ခံလူ မူစတာဖီကို အသင်းကနေ ချက်ချင်းရောင်းထုတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အမ်မရီကတော့ ကစားသမားတိုင်း အမှားတွေ ကျူးလွန်တတ်ကြကြောင်း၊ မူစတာဖီဟာ အာဆင်နယ်နဲ့ ရာသီအစကတည်းက သဟဇာတဖြစ်ခဲ့သူဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။

 

READ
၂၀-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လင်းသုတ (SportAhtar)

Source : metro.co.uk/ goal.com/ skysports.com/ thesun.co.uk

SHARE